Tag
Beauty

ကိုယ့်ရဲ့မျက်နှာကျပုံက ဘယ်လိုပုံလဲဆိုတာ သိပြီးကြပြီလား

Po Mo Htoo Aung | 2019/07/22 17:28:12

ကိုယ့်ရဲ့မျက်နှာကျပုံကိုသေချာမသိဘဲမိတ်ကပ်လိမ်းနေမိတာကြီးက ခုတ်ရာတစ်ခြား၊ ရှရာတစ်ခြားလုပ်နေတာနဲ့ အတူတူပါပဲ။ မလိုတဲ့နေရာကို counter ချလိုက်၊ မိတ်ကပ်ဖို့လိုက်နဲ့ ကိုယ့်ရဲ့ရှိရင်းစွဲရုပ်ကိုတောင် ပိုရင့်သွားစေနိုင်ပါသေးတယ်။ နည်းလမ်းသိသွားရင်တော့ ထင်သလောက်မခက်ခဲတော့ပါဘူး။ ဆိုတော့ ကိုယ့်မျက်နှာက လေးထောင့်လား၊ အဝိုင်းလား၊ ဘဲဥပုံလား သေချာသိဖို့လိုပါတယ်။

ဘဲဥပုံမျက်နှာကျ

ဘဲဥပုံမျက်နှာကျသမားတွေရဲ့မျက်နှာအရှည်က ပါးရိုးအကျယ်ထက်ပိုပါတယ်။ နှာဖူးအကျယ်ကလည်း မေးရိုးထက်ပိုကျယ်ပါတယ်။ ပါးရိုးကတော့မျက်နှာတစ်ခုလုံးမှာ အကျယ်ဆုံးအပိုင်းပဲဖြစ်ပါတယ်။

လေးထောင့်ပုံမျက်နှာကျ

သူကတော့ရှင်းပါတယ်။ သိလည်းသိသာပါတယ်။ မျက်နှညတစ်ခုလုံးက လေးထောင့်ကျနေပြီး မေးရိုးထောင့်တွေကမဝိုင်းဘဲ အလယ်မေးစေ့ထက်ချွန်နေမယ်ဆိုရင်တော့ လေးထောင့်ပုံမျက်နှာကျလို့ သတ်မှတ်ပါတယ်။

အသည်းပုံမျက်နှာကျ

အသည်းပုံမျက်နှာကျသမားတွေရဲ့ နှဖူးကတော့ မေးရိုးတွေ၊ ပါးရိုးတွေထက်ပိုကျယ်ပါတယ်။ မေးစေ့ကချွန်ပြီး နဖူးနဲ့ ပါးရိုးတွေကအကျယ်ဆုံးဖြစ်ကြပါတယ်။

အဝိုင်းပုံမျက်နှာကျ

၎င်းတို့ရဲ့ ပါးရိုးအကျယ်နဲ့ မျက်နှာအရှည်က တူတူလောက်သွားကျပါတယ်။ နဖူးနဲ့ မေးရိုးအရှည်ကလည်း တူပါတယ်။ မေးရိုးထောင့်တွေမရှိဘဲ ယေဘုယျအားဖြင့် လုံးလုံးလေးပဲ ရှိနေတတ်ပါတယ်။

အလျားရှည်တဲ့မျက်နှာကျ

မျက်နှာရဲ့အရှည်က မျက်နှာရဲ့အကျယ်ထက် ပိုရှည်နေတာမို့ သူတို့တွေရဲ့မျက်နှာကျက မှတ်ရလွယ်ပါတယ်။ နဖူး၊ ပါရိုးနဲ့ မေးရိုးတွေကလည်း အရွယ်အစားတူတူလောက်ပဲရှိပါတယ်။ ၎င်းမျက်နှာကျသမားတွေရဲ့ မေးစေ့ကတော့ လုံးလုံးလေးပါ။

တြိဂံပုံမျက်နှာကျ

တြိဂံပုံမျက်နှာကျသမားတွေရဲ့ မေးရိုးကတော့မျက်နှာတစ်ခုလုံးမှာ အကြီးဆုံးပါ။ နဖူးနဲ့ ပါးရိုးအကျယ်က မေးရိုးအကျယ်ထက်ကို ပိုကျဉ်းပါတယ်။

ကဲ ... မျက်နှာကျပုံတွေလည်း သေချာသိပြီးကြပြီဆိုတော့ နောက်တစ်ခေါက်မိတ်ကပ်လိမ်းခြယ်ကြတဲ့အခါ လိုတဲ့နေရာတွေနဲ့၊ ပိုတဲ့နေရာတွေကို လိုသလို contour ချရင်းအလှတိုးနိုင်ကြပါစေလို့ စာရေးသူက ဆုတောင်းပေးလိုက်ပါတယ်။

Written By Po Mo Htoo Aung

Favorite( 0
share
You can comment if you sign up from login page.