Tag
Beauty

အလှအပအတွက် ထိပ်တန်းလျို့ဝှက်ချက် Rosemary Oil

Hsu Myat Oo | 2019/07/22 17:19:12

ဟင်းခတ်အမွှေးအကြိုင်တွေက လှပမှုအတွက် အသုံးဝင်တာကို သိလာကြတဲ့အချိန်မှာတော့ Rosemaryဟာ အားလုံးထဲမှာအလှအပအတွက် ပေးစွမ်းနိုင်တဲ့ကောင်းကျိုးတွေ အများကြီးနဲ့ ထပ်တန်းဘုရင်မတစ်ပါး ဖြစ်လို့လာပါတယ်။ Rosemaryကို အလှအပအတွက် သုံးလာခဲ့တာအခုချိန်မှ မဟုတ်ပါဘူး။ ရှေးခေတ်ရောမ၊ အီဂျစ်နဲ့ ဂရိခေတ်ကာလခေတ်ကာလတည်းက အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။

ဝက်ခြံဖြစ်ပွားမှုကို လျော့ချပေးပြီး အိုမင်းရင့်ရော်မှုကို တိုက်ထုတ်ပေးပါတယ်။

Rosemary Oilက ၀က်ခြံကြောင့်ဖြစ်တဲ့ ရောင်ရမ်းမှုတွေကို သက်သာစေနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး မျက်အိတ်ဖောင်းခြင်းတွေကို သက်သာစေနိုင်ပြီး သွေးလည်ပတ်မှုအားကောင်းစေတာကြောင့် အသားအရည်ကို ၀င်းပစေပြီး Glow Skinကို ရရှိစေပါတယ်။ ထပ်ပြီးပြောရမယ်ဆိုရင် နေရောင်တာကို ကာကွယ်ပေးပြီး Free Radicalကြောင့် အသားအရည်ပျက်စီးတာတွေနှင့် အိုမင်းရင့်ရော်မှုကို ဖြစ်စေနိုင်တဲ့ အသားအရည်တင်းရင်းတာတွေကို သက်သာစေနိုင်ပါတယ်။

ဆံသားကျန်းမာရေးကို ကောင်းမွန်စေခြင်း

Rosemary Oilရှိနေတဲ့အချိန်တစ်လျောက်ကတော့ ဆံပင်နဲ့ပတ်သက်တဲ့ စိတ်ပူနေတာတွေကို တာ့တာပြလိုက်ပါတော့နော်။ ဆံသားပါးခြင်းတွေဖြစ်နေမယ်ဆိုရင် Rosemary Oil ရှိနေမယ်ဆိုရင် ဆံသားတွေထူလာပြီး ဗောက်တွေကိုပါ သတ်ပေးနိုင်ပါတယ်။ ဒီEssential Oilလေးက ဆံပင်သန်စေပြီးတော့ ထိပ်ကွက်ခြင်းတွေကို ကုသပေးနိုင်ပါတယ်။

ဆံသားတွေကိုသန်စွမ်းချင်တယ်ဆိုရင်တော့ Rosemary Oil အနည်းငယ်၊ ကြက်ဆူဆီ စားပွဲဇွန်း၁ဇွန်းနှင့် အုန်းဆီ စားပွဲဇွန်း၂ဇွန်းတို့ကို ရောပြီး ဆံသားကိုသုတ်လိမ်းပြီး နှိပ်နယ်ပေးပါ။

မကောင်းတဲ့အနံ့အသက်တွေကို ဖယ်ရှားပေးနိုင်တယ်။

Rosemary Oilက နှစ်လိုဖွယ်ကောင်းတဲ့အနံ့အသက်လေးတွေ ထုတ်လွှတ်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် အခန်းတွင်းမှာ အသုံးပြုမယ်ဆိုရင် လေကိုလတ်ဆတ်စေတယ်၊ အနံ့ကိုလည်း ကောင်းကောင်းအနံ့သင်းပျံ့စေပြီး Rosemary Oilပါတဲ့ ဖယောင်းတိုင်လေးတွေ ထွန်းညှိပေးမယ်ဆိုရင် မကောင်းတဲ့အနံ့အသက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့ကြောင့် Rosemary Oilကို အလှကုန်တွေ၊ ရေချိုးခန်းသုံး အလှကုန်တွေနှင့် ရေမွှေးတွေထဲမှာ ထည့်ပြီးထုတ်လုပ်လာတာဖြစ်ပါတယ်။

ခံတွင်းကျန်းမာရေးကို ပိုကောင်းလာစေပါတယ်။

Rosemary Oilလက်ဖက်ရည်ဇွန်း တစ်ဝက်လောက်ကို ပေါင်းခံရေဖြစ်တဲ့ Distilled waterတစ်ခွက်ထဲကို ထည့်ရောပြီး အကောင်းဆုံး ခံတွင်းသန့်စင်ဆေးအဖြစ် အသုံးပြုလိုက်ပါ။ ပိုးမွှားတွေကို သန့်ရှင်းပေးနိုင်တဲ့ Rosemary Oilက သွားကြွေလွှာများ ပျက်စီးခြင်း၊ သွားဖုံးနီမြန်းရောင်ရမ်းခြင်းနှင့် ခံတွင်းအတွင်း ပိုးမွှားပေါက်ဖွားခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။

- သတိထားရမှာက Rosemary Oil ကိုသုံးမယ်ဆိုရင် Dilute Rosemary Oil ကိုသုံးတာဖြစ်ဖြစ် (သို့) ဆီတစ်မျိုးမျိုးနဲ့ဖြစ်ဖြစ်ရောပြီး သုံးပေးဖို့ အကြံပေးချင်ပါတယ်။

- ကိုယ်ဝန်ဆောင်သည်တွေနှင့် နို့တိုက်မိခင်တွေ အသုံးမပြုတာအကောင်းဆုံးပါပဲ။

Written By Su Myat Oo

Favorite( 0
share
You can comment if you sign up from login page.