Tag
Beauty

အသားအရည်ဖြူဝင်းစေဖို့နဲ့ ၀င်းလက်တောက်ပစေဖို့ Vitamin C Toner

Hsu Myat Oo | 2019/07/22 17:02:49

Vitamin Cက အသားအရည်အတွက် အကောင်းဆုံးပါဝင်ပစ္စည်းတစ်မျိုးဖြစ်ပြီး အသားအရည်အတွက် ကောင်းကျိုးတွေအများကြီး ပေးစွမ်းနိုင်တာကို ဆုမြတ်တို့အားလုံး သိထားပြီးဖြစ်ပါတယ်နော်။ အသားအရည်ကို ၀င်းလက်တောက်ပစေနိုင်တဲ့ အိမ်မှာကိုယ်တိုင်လုပ်ထားတဲ့ တိုနာလေးကို လိမ္မော်သီးနဲ့ သံပုရာသီးတို့ကိုသုံးပြီး ပြုလုပ်ကြည့်ကြရအောင်။

ရရှိမယ့် အကျိုးကျေးဇူးများကတော့

လိမ္မော်သီးနဲ့ သံပုရာသီး - လိမ္မော်သီးနဲ့ သံပုရာသီးတွေကတော့ အသားအရည်ကို ကောင်းကျိုးတွေအများကြီးပေးနိုင်တဲ့ ဗီတာမင်- Cတွေ ကြွယ်ဝတဲ့ အသီးတွေဖြစ်ပြီး အညစ်အကြေးတွေနှင့် ဆီတွေကို သန့်စင်ပေးနိုင်တာကြောင့် ကြည်လင်သန့်ရှင်းတဲ့ အသားအရည်ကို ရရှိစေပါတယ်။ အစက်အပြောက်တွေကို ပျောက်ကင်းစေနိုင်ပြီး ဖြူဝင်းတောက်ပစေပြီး နုပျိုတဲ့အသားအရည်ကို ရရှိစေပါတယ်။

Witch Hazel - ချုံပုတ်အပင် အမျိုးအစားတစ်မျိုးဖြစ်ပြီး ပန်းပွင့်နိုင်တဲ့ အပင်ဖြစ်ပါတယ်။ ဒါလေးကို အလွယ်တကူ အသုံးပြုနိုင်အောင် အရည်အဖြစ်နဲ့ ထုတ်လုပ်ထားတာတွေကို ၀ယ်ယူပြီးသုံးနိုင်ပါတယ်။ အရေပြား ရောင်ရမ်းနီမြန်းခြင်းတွေကို သက်သာစေနိုင်ပြီး အသားအရည်ကို ချောမွေ့စေပါတယ်။ ပိုးမွှားတွေကို သတ်ပေးနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။ အသားအရည်ယားယံတာကို သက်သာစေနိုင်တယ်။ ၀က်ခြံပျောက်စေနိုင်တယ်။

ပါဝင်ပစ္စည်းများကတော့

လိမ္မော်သီးအခွံအခြောက် လက်တစ်ဆုပ်

သံပုရာရည် စားပွဲဇွန်း၁ဇွန်း

Witch Hazel စားပွဲဇွန်း၁ဇွန်း

သောက်ရေသန့် ၂ခွက်

ပြုလုပ်နည်းအဆင့်ဆင့်

လိမ္မော်သီးအခွံအခြောက် တွေကို သောက်ရေသန့်၂ခွက်ထဲထည့်ပြီး မီးပူပူမှာ မိနစ်၃၀လောက်ပြုတ်ပေးပါ။ အခန်းအပူချိန်မှာ အအေးခံပြီး အရည်တွေကို စစ်ပေးပါ။

စစ်ထားတဲ့အရည်ထဲကို သံပုရာရည်၊ Witch Hazelထည့်ပါ။

ပုလင်းတစ်လုံး(သို့) စပရေးဘူးထဲကို ထည့်ပြီး အသားအရည်ဝင်းလက်တောက်ပအောင် တိုနာ (သို့) Mistအနေနဲ့ သုံးနိုင်ပါပြီနော်။ အသားအရည်ခြောက်တယ်လို့ ထင်တိုင်းလဲ ဖြန်းပေးလို့ ရပါတယ်နော်။

Written By Su Myat Oo

Favorite( 0
share
You can comment if you sign up from login page.