Tag
Beauty

အိမ်မှာပဲ သွားလေးတွေ ဖြူအောင်လုပ်ကြည့်ရအောင်

Hsu Myat Oo | 2019/07/15 17:26:11

လူတိုင်းကလှပတဲ့အပြုံးလေးတွေ ရရှိနိုင်ဖို့ ဆုတောင်းကြတာပေါ့နော်။ ဒီလိုလှပတဲ့အပြုံးလေးတွေ ရရှိဖို့ဆိုရင် ဖြူဖွေးတဲ့သွားလေးတွေ ရှိနေမှဖြစ်မှာပါနော်။ ဒီလိုဖြူဖွေးတဲ့သွားလေးတွေရဖို့ သဘာဝနည်းအရ အိမ်မှာပဲလုပ်ကြည့်လို့ရမယ့် နည်းလေးတွေကို ပြောပြမယ်နော်။

သွားတွေရဲ့ အပြင်ဘက်မှာ (သို့) အတွင်းဘက်မှာ အရောင်လွှင့်လာတာတွေဖြစ်လာနိုင်ပါတယ်။ ဒီလိုဖြူဖွေးတဲ့ သွားလေးတွေ အရောင်ပြောင်းလာခြင်း၊ အရောင်လွှင့်လာခြင်းက အကြောင်းအမျိုးမျိုးရှိပါတယ်။ ဒါတွေကတော့

• ကော်ဖီ၊ လက်ဖက်ရည်၊ ကိုကာကိုလာ၊ ၀ိုင်နှင့် သွားကိုအရောင်စွန်းထင်းစေတဲ့ သစ်သီးနှင့် ဟင်းသီးဟင်းရွက်များကြောင့် ဖြစ်ပါတယ်။

• ဆေးလိပ် (သို့) ကွမ်းစားခြင်းကြောင့် သွားများအရောင်စွန်းသွားခြင်း

• သွားကို လုံလောက်တဲ့အနေအထားအထိ မတိုက်ခြင်း၊ ခံတွင်းသန့်စင်ဆေးများကို အသုံးပြုခြင်းတို့ကြောင့် သွားများလွှင့်လာတတ်ကြပါတယ်။

• ခံတွင်းသန့်စင်ဆေးများမှာ Chlohexidineနှင့် Cetylpyridinium chloride များပါဝင်နေတာကြောင့် သွားကို အရောင်စွန်းထင်းလာစေပါတယ်။

• အသက်အရွယ်အရ သွားများက အပြင်ပိုင်းအလွှာက ပါးလာပြီး သွားရဲ့မူလအ၀ါရောင် ပေါ်လာစေပါတယ်။

ပါဝင်ပစ္စည်းများရဲ့ အကျိုးကျေးဇူးများ

စတော်ဘယ်ရီအနှစ်- သွားများကို သန့်ရှင်းစေပြီး တောက်ပစေနိုင်ပါတယ်။ မျက်နှာပြင်မှာရှိတဲ့ သွားချိုးတက်ခြင်းနှင့် အဖြူရောင်အညစ်အကြေးများကို ဖယ်ရှားပေးနိုင်ပါတယ်။



သံပရာရည် - သဘာဝချေးချွတ်ပေးနိုင်တဲ့ အစွမ်းသတ္တိရှိတာကြောင့် သွားတွေကို ဖြူဝင်းအောင် ကူညီပေးနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

စတော်ဘယ်ရီအနှစ် စားပွဲဇွန်း၁ဇွန်း

သံပရာရည် စားပွဲဇွန်း၁ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်

ပန်းကန်တစ်လုံးထဲမှာ စတော်ဘယ်ရီအနှစ်နှင့် သံပရာရည်ကို ထည့်ပြီး သမအောင် ရောမွှေပါ။ သွားများကို ပွတ်တိုက်ပေးပြီး ၅မိနစ်လောက်ထားကာ ရေဆေးချပါ။

ခနခနပြုလုပ်ပေးမယ်ဆိုရင်တော့ ကောင်းမွန်တဲ့ ရလဒ်ကို ရရှိစေနိုင်မှာဖြစ်ပါတယ်။

Written By Su Myat Oo

Favorite( 0
share
You can comment if you sign up from login page.