Tag
Beauty

သွယ်လျှတဲ့ခါးလေးနဲ့ ကိုယ်အလေးချိန်ကျစေဖို့ ဂျပန်ရိုးရာနည်းလေး

Hsu Myat Oo | 2019/07/15 17:13:45

Japanese Waterလို့ခေါ်တဲ့ သောက်စရာလေးက သင့်ခန္ဓာကိုယ်မှာရှိတဲ့ အဆီတွေကို လောင်ကျွမ်းစေခြင်း၊ ၀ိတ်ကျစေခြင်းနှင့် အသားအရည်ကြည်လင်စေခြင်းစတဲ့ အကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်ပါတယ်။ သင်ကကိုယ်အလေးချိန်ကျခြင်း (သို့) ၀မ်းဗိုက်အဆီကျစေခြင်းနှင့် ခန္ဓာကိုယ်တစ်ခုလုံးက အဆီတွေကျဖို့ အရမ်းကြိုးစားနေရတယ်ဆိုရင် နေ့စဉ်လေ့ကျင့်ခန်းလေးတွေနဲ့အတူ ဒီသောက်စရာလေးကို တွဲသောက်ပေးတာကြောင့် သင့်အဆီတွေကို အဝေးပြေးအောင် စွမ်းဆောင်ပေးမှာပါနော်။

ရရှိမယ့်အကျိုးကျေးဇူးများ

• ၀ိတ်ကျစေခြင်း

• အဆီကျစေခြင်း

• ခန္ဓာကိုယ်ဖောနေခြင်းကို လျော့ချစေခြင်း၊ မဖြစ်စေခြင်းနှင့် ၀မ်းဗိုက်တွင်အဆီများ မစုမိခြင်း

• အအေးမိခြင်း၊ ဖျားနာခြင်းများကို ကာကွယ်ပေးခြင်း

• ခန္ဓာကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေခြင်းနှင့် အစာချေဖျက်စွမ်းအားကို ကောင်းစေခြင်း

ပါဝင်မည့်ပစ္စည်းများ

ဂျင်းမှုန့် စားပွဲဇွန်း၁ဇွန်း

သံပရာရည် ၁လုံးစာ

ရေ ၂၄၀ဂရမ်

ပြုလုပ်နည်းအဆင့်ဆင့်

၁။ ရေကရားတစ်လုံးထဲမှာ ရေနှင့် ဂျင်းမှုန့်၊ သံပရာရည်တို့ကို ရောထည့်ပါ။

၂။ ကရားကို အဖုံးနဲ့လုံအောင်ပိတ်ထားပြီး ရေခဲသေတ္တာထဲမှာ တစ်ညထားထားပါ။ နောက်နေ့မနက်မှာ ရေတွေကို စကာလေးနဲ့စစ်ပြီး အခန်းအပူချိန်မှာထားကာ သုံးဆောင်နိုင်ပါပြီ။

ဂျင်းနဲ့ပတ်သက်တဲ့ တခြားဝိတ်ချတဲ့နည်းလေးကိုလည်း ပြောပြပေးချင်ပါတယ်။

လိုအပ်တာတွေကတော့

ဂျင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက် မှ ၁ဇွန်း

ရေ ၂၅၀မီလီမီတာ

ပျားရည် (သို့) ထန်းလျက်ရည် အရသာအတွက် ဖြစ်တဲ့အတွက် အနည်းငယ်ပဲထည့်ပါနော်။

ပြုလုပ်နည်းအဆင့်ဆင့်

၁။ ရေနွေးကိုဆူအောင်တည်ပါ။ ဂျင်းမှုန့်ကို ထည့်ပြီးဆူပွက်လာအောင် စောင့်ပါ။

၂။ ၂မိနစ်လောက်ဖြစ်သွားပြီ အရည်လဲ ကျသွားပြီဆိုရင်တော့ မီးလျှော့လိုက်ပါ။

၃။ အရည်စစ်ပြီး အရသာအတွက် ပျားရည် (သို့) ထန်းလျက်ထည့်ပြီး ပူပူလေးသုံးဆောင်နိုင်ပါပြီ။



Written By Su Myat Oo

Favorite( 0
share
You can comment if you sign up from login page.