Tag
Lifestyle

သူမရှိလို့ မဖြစ်။

Kyi Kyi | 2019/05/27 16:55:41

သားသမီး မွေးနေ့ကို မသိတဲ့သူ။

သားသမီး တက်နေတဲ့ အတန်းကို မသိတဲ့သူ။

သားသမီးက ဘာကြိုက်တတ်လဲ မသိတဲ့သူ။

သားသမီး ကို နားဝင်အောင်ဘယ်လိုဆုံးမရမလဲ မသိတဲ့သူ။

သားသမီး အနာဂတ်အတွက် ဘာအစီအစဉ်မှ မရှိတဲ့သူ။

ဘယ်သူလို့ ထင်ပါသလဲ။

ကလေးတွေအတွက် အဖေ လို့ နေရာယူထားတဲ့ တစ်ချို့သောသူတွေပေါ့ရှင်။

အိမ်ထောင် မကျသေးတဲ့ မိန်းကလေးတွေက

အိမ်ထောင်ဖက်က

ကိုယ့်ကို ချစ်နေရင် ပြီးရော ထင်တတ်ကြတယ်။

အိမ်ထောင်ကျနေတဲ့ မိန်းမတွေကတော့

အိမ်ထောင်ဖက်က

စီးပွားရေး အဆင်ပြေရင်ပြီးရော ထင်တတ်ကြတယ်။

သားသမီးတွေရှိနေတဲ့ မိသားစုတွေမှာတော့

အဖေ နေရာ ရှိနေရင် ပြီးရော လက်ခံထားကြပြန်ပါတယ်။

အဖေတော့ အဖေပါပဲ။

ရှိလည်း မထူး မရှိလည်း မထူးတဲ့ အဖေ မျိုးလည်း ရှိပါတယ်

ဆိုတာကိုတော့ မေ့နေတတ်ကြတယ်။

အဲ- ဒီလိုဘာမှ မသိတဲ့ သူတွေဆီက

သားသမီးနဲ့ ပတ်သက်လာရင်

မင်းက အသုံးမကျတဲ့ မိန်းမ၊ မင်းအသုံးမကျလို့ ဒီလို ဖြစ်တာလို့

ပြောထွက်ရဲတဲ့ ပါးစပ်ကြီး ပါရှိနေရင်တော့

ဒီမိန်းမဘ၀မှာ

ဒေါသ နဲ့ပဲ နေ့စဉ်ဖြတ်သန်းနေရတော့မယ်ပေါ့ရှင်။

ကလေးတယောက်ကို ဗိုက်ထဲမှာ ထည့်မွေးလိုက်လို့

ဒီကလေးနဲ့ပတ်သက်လာရင် မိခင်ဖြစ်သူမှာသာ

၁၀၀ ရာခိုင်နှုန်း တာဝန်ရှိတယ်လို့

အတ်တကြီးတဲ့ ပတ်ဝန်းကျင်မျိုးက လက်ခံထားတတ်ကြပါတယ်။

ငွေ ရှာပေးနေတာပဲ မျက်နှာထားနဲ့

သားသမီးနဲ့ ပတ်သက်လို့ ဘာဆိုဘာမှ မသိတဲ့

ဖခင်မျိုးဟာ ဒီမိသားစုထဲမှာ အသုံးမ၀င်ပါဘူးလို့

အမျိုးသမီးထု ကိုယ်စားပြောပြချင်မိပါတယ်။

ဘာဖြစ်လို့လဲ သိလား။

သားသမီးဆိုတာ ဂရုစိုက်မှုနဲ့ ချစ်ခြင်းမေတာ က

ရေလောင်းပေါင်းသင်မှ

ပျိုးပင်မှန်ပြီး ရှင်သန်ကြီးထွားခွင့်ရတဲ့ လူသားတွေမို့လို့ပါ။

သူတို့ဘ၀မှာ- ငါ့ အဖေ လို့တွေးလိုက်တာနဲ့-

အိမ်မှာထိုင်ပြီး သူကြိုက်တာ လုပ်နေတဲ့သူ

တချိန်လုံး မျက်နှာသုန်မှုန်ပြီး အော်ဟစ် ငေါက်ငမ်းနေတဲ့သူ

အမေကို တချိန်လုံး ဆူပူအပြစ်တင်နေတဲ့ ယောကျားကြီး လို့

ယူဆမိမယ့်အစား

ငါ့ဘ၀ကို လုံခြုံမှုပေးမယ့်သူ

ငါ့ကို အချစ်ဆုံးယောကျား။

ငါ့ အတွက် အရှေ့က ရပ်တည် ကာကွယ်ပေးမယ့်သူ

ငါ့ရဲ့ စံပြ ဆိုတာမျိုးပဲ ဖြစ်နေသင့်ပါယ်။

သားတို့ သမီးတို့ ဖေဖေကြောင့် မေမေတို့ ဒီလိုနေနိုင်စားနိုင်တာ ဆိုတာအပြင်

သူငွေရှာနေတော့ သူ့ကို ကြောက်ရမယ်ဆိုတာကိုတော့

နုနယ်တဲ့ သားသမီးတွေ လက်ခံနိုင်ဖို့ခဲယဉ်းလှပါတယ်။

အချိန်မရှိလို့ပါဆိုတဲ့ ဆင်ခြေနောက်မှာ

သားသမီးလေး လူ့လောကကို ရောက်လာတဲ့ နေ့ကိုမေ့ပစ်ရမယ်လို့ မပါပါဘူး။

အလုပ်တွေများလို့ပါဆိုတဲ့ ဆင်ခြေနောက်မှာ

ငါ့သားသမီးလေးတွေ ကြိုက်တတ်တဲ့အရာကို မလေ့လာလည်းရတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။

စိတ်ရှုတ်နေလို့ပါဆိုတဲ့ ဆင်ခြေနောက်မှာ

အိမ်က မိသားစုအပေါ် အပြစ်ရှာဆူပူနေဖို့ မလိုအပ်ပါဘူး။

တကယ်လို့ပေါ့လေ။

မိန်းမတယောက်ဘ၀မှာ

ဒီလို ယောကျားတယောက်ကို

သားသမီးတို့ရဲ့ ဖခင်နေရာမှာ ထားထားမိတယ်ဆိုရင်တော့

သူ့အပေါ် ၁၀၀ ရာခိုင်နှုန်း မှီခိုနေမယ့်အစား

ကိုယ့်ရဲ့ စားဝတ်နေရေးကို ဖန်တီးနိုင်မယ့် လမ်းစတစ်ခု

စစဉ်းစားထားလိုက်ပါတော့လို့ ကျွန်မ တိုက်တွန်းမယ်။

ပတ်ဝန်းကျင်ကတော့ ဒီလိုလူကို

မိသားစုဘ၀မပြိုကွဲရေးအတွက်

အိမ်မှာ ရှိနေဖို့ လိုအပ်တယ်လို့ လက်ခံထားကြတယ်။

အိမ်ရှင်မအတွက်ကတော့ဒီလိုလူကြောင့်

ကိုယ့်အနာဂတ် မပြိုလဲဖို့

ကိုယ့်လမ်းကိုယ်ပြင်ဆင်ထားဖို့ လိုအပ်တယ်လို့ ကျွန်မ အကြံပေးလိုက်ပါ့မယ်။

Written By Kyi Kyi

Favorite( 0
share
You can comment if you sign up from login page.