Tag
Hairstyle

ဆံသားလေးတွေ နူးညံ့ပျော့ပျောင်းစေဖို့ Rosemary Vinegar Hair Rinse

Hsu Myat Oo | 2019/05/23 17:36:39

ဆံသားကို ရေဓာတ်အားဖြည့်ပြီး အစိုဓာတ်လေး ကောင်းကောင်းဖြည့်စည်းပေးနိုင်မှသာ ဆံသားလေးတွေက စင်းပြီးအိနေမှာဖြစ်ပြီးတော့ ပြုလုပ်ထားတဲ့ ပါဝင်ပစ္စည်းများကလည်း အကျိုးအာနိသင်တွေ ပြည့်စုံနေမှသာ အမြဲတမ်းဆံသားလေးတွေ ဖြောင့်စင်းနေမှာဖြစ်ပါတယ်။ သင့်ဆံသားလေးကို ထူထူထဲထဲလေးဖြစ်ပြီး တောက်ပြောင်ကာ နူးညံ့ပျော့ပျောင်းနေချင်တယ်ဆိုရင် (သို့) ဆံသားမကျွတ်ပဲ ကောင်းမွန်တဲ့ အနေအထားလေးကို ထိန်းသိမ်းထားချင်တယ်ဆိုရင်တော့ အောက်မှာပြထားတဲ့ ပြုလုပ်နည်းလေးကို အသုံးပြုကြည့်ပါလို့ အကြံပြုပေးလိုက်ပါတယ်နော်။

ပါဝင်တဲ့ ပစ္စည်းလေးတွေရဲ့ ကောင်းကျိုးလေးတွေ

Rosemary Tea- Rosemaryကို ရေနွေးပူပူလေးထဲထည့်ပြီး ရေနွေးကြမ်းပုံစံလုပ်ထားပါ။ အသုံးပြုခါနီးရင် အရည်တွေကိုသွန်ပစ်လိုက်ပါ။ ဆံပင်ထွက်နှုန်းကောင်းစေပြီး ပြန်လည်အားဖြည့်ပေးနိုင်တဲ့ အစွမ်းရှိပါတယ်။ ဆံပင်ကို နူးညံ့ပျော့ပျောင်းပြီး တောက်ပစေနိုင်ပါတယ်။

Apple Cider Vinegar - ဆံသားနှင့် ဦးရေပြားရဲ့ pHအဆင့်ကို ညီမျှအောင် လုပ်ပေးနိုင်ပါတယ်။ ဗောက်ထတာတွေကို ပျောက်ကင်းစေနိုင်တယ်။ ဆံသားကိုတောက်ပစေနိုင်တယ်။ ယားယံမှုကင်းဝေးစေပြီး တောင်ပနေစေတယ်။ ဆံပင်ပျော့ဆေးအနေနဲ့လည်း သုံးနိုင်တယ်။ ဆံပင်အရောင်ဆိုးထားရင်လဲ အရောင်ကျမလွယ်အောင် ထိန်းပေးထားနိုင်တယ်။ ဆံပင်သန်စေတယ်။ ဆံပင်ကျွတ်တာတွေကို သက်သာစေနိုင်တယ်။

Rosemary Essential Oil - ဆံသားပါးခြင်းကို သက်သာစေပြီး ဆံသားများထူထဲလာစေပါတယ်။ ဗောက်တွေကို သတ်ပေးနိုင်ပြီး ဆံပင်သန်စေပါတယ်။

လိုအပ်တာတွေကတော့

Rosemary Tea ၁ခွက်

Apple Cider Vinegar ၁/၂ခွက်

Rosemary Essential Oil အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

ကရားလေး တစ်လုံး (သို့) ပန်းကန်တစ်လုံးထဲမှာ Rosemary Tea နှင့် Apple Cider Vinegarကို ရောပါ။ Rosemary Essential Oil ကို ရောထည့်ပြီး သမအောင်ရောမွှေပါ။ ကဲဒါဆိုရင်တော့ သုံးလို့ရပါပြီနော်။

Written By Su Myat Oo

Favorite( 0
share
You can comment if you sign up from login page.