Tag
Beauty

Collagen ဆိုတာဘာလဲ။

Hsu Myat Oo | 2019/05/10 17:38:02

Collagen ဆိုပြီး ခနခနကြားဖူးနေကြမှာဖြစ်ပေမယ့် သူ့အကြောင်းနည်းနည်းလောက် ဝေမျှပေးချင်ပါတယ်နော်။ Collagen ဆိုတာကတော့ ခန္ဓာကိုယ်တွင်းက အရိုးများ၊ သွားများ၊ ကြွက်သားများ၊ အသားအရည်နှင့် ချိတ်ဆက်တစ်ရှူးများကို တည်ဆောက်ပေးတဲ့ အဓိကပရိုတင်းအဖြစ် တည်ရှိပါတယ်။ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ပရိုတင်းများရဲ့ သုံးပုံပုံ တစ်ပုံကို Collagenက ပြုလုပ်ပေးတာဖြစ်ပါတယ်။ ခန္ဓာကိုယ်တွင်းရှိ အသားအရည်ရဲ့ ၈၀%လောက်ကို Collagenကတည်ဆောက်ပေးထားတာဖြစ်ပါတယ်။ Collagenကို ဆေးပညာပိုင်းမှာ အရိုးနှင့် အရေပြားကုသမှုတွေအတွက် များစွာအသုံးပြုနေကြပါတယ်။

Collagenကို အလှပပိုင်းဆိုင်ရာ ခွဲစိတ်မှုတွေမှာ အများဆုံးအသုံးပြုနေတာဖြစ်ပါတယ်။ အရိုးတွေပြန်လည်ကောင်းမွန်လာစေရန်၊ သွားပိုင်းဆိုင်ရာ၊ အရိုးပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေကို ပြန်လည်ကုသပေးရန်နှင့် ခွဲစိတ်မှုတွေအတွက် အသုံးပြုပါတယ်။ လူနှင့် နွားများမှ ရရှိတဲ့ Collagenများကို မျက်ဝန်းနား အရေးအကြောင်းများနှင့် အသားအရည် အိုမင်းရင့်ရော်ခြင်းများကို ကုသရာတွင်တွင်ကျယ်ကျယ်အသုံးပြုနေပါပြီ။ တစ်ရှူးများအသစ်ပြန်လည်တည်ဆောက်တဲ့နေရာမှာ အသုံးပြုပါတယ်။ Collagenက အနာတရများကို မြန်မြန်ပြန်လည်ကျက်စေတဲ့ အစွမ်းရှိတာကြောင့် အရေပြားတစ်ရှူးများအတွက် အရေးကြီးတဲ့သဘာဝအရင်းအမြစ်တစ်ခုအနေနဲ့ တည်ရှိနေပါတယ်။ အရေပြားများ လောင်သွားခြင်း၊ အနာတရဖြစ်ခြင်းတွေအတွက် အရေပြားကို ပြန်လည်တည်ဆောက်ဖို့အတွက် အရေပြားကို မြန်မြန်ပြန်လည်ဖြည့်နိုင်အောင် လူလုပ်ထားတဲ့ အရေပြားအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြပါတယ်။

အသက်၂၅နှစ်ကျော်သွားပြီဆိုရင် ခန္ဓာကိုယ်ကပြုလုပ်ပေးတဲ့ Collagenများထက် Collagenတွေက ပိုပြိုကွဲလာပြီဖြစ်ပါတယ်။ ဒါ့ကြောင့် အဲ့အချိန်ကိုရောက်လာပြီဆိုရင် အရေးအကြောင်းက မြင်သာလာပြီဖြစ်ပါတယ်။ ဒါ့ကြောင့်နှစ်စဉ် Collagen ၁%ကို ဆုံးရှူံးနေတာဖြစ်ပါတယ်။ နေရောင်ခြည်နှင့် ဆေးလိပ်သောက်ခြင်း၊ UV Rayများနှင့် ဆေးရွက်ကြီးများကြောင့် Collagenများကို ဆုံးရှူံးလာရတာဖြစ်ပါတယ်။ Collagen Supplementများကို သောက်သုံးပေးမယ်ဆိုရင် အသားအရည် ကျုံနိုင်ဆွဲနိုင်အား ပိုမိုကောင်းလာစေပြီး အရေးအကြောင်းများကို လျော့ချပေးနိုင်ခြင်း၊ အသားအရည်ကို ရေဓာတ်ဖြည့်ပေးနိုင်ခြင်းနှင့် ချိတ်ဆက်တစ်ရှူးများအတွင်း ပရိုတင်းကိုပိုမိုဖြည့်စွက်ပေးနိုင်ပါတယ်။

Collagenကောင်းကောင်းရဖို့ အဆင်သင့်ရောင်းချပေးနေတဲ့ Supplementsတွေ သောက်လို့ရပေမယ့် ဘေးထွက်ဆိုးကျိုးအတွက် မသောက်ချင်ဘူးဆိုရင်တော့ သဘာဝအတိုင်း Collagenတွေ ရရှိနိုင်တဲ့နည်းလေးတွေကို ပြောပြပေးမယ်နော်။

အရိုးပြုတ်ရည်၊ ၀က်သား၊ ဆော်လမွန်ငါး၊ ကြက်အရေခွံ၊ ကြက်ဥတို့ကို စားသုံးပေးခြင်းဖြင့် ရရှိနိုင်ပါတယ်။

Written By Su Myat Oo

Favorite( 0
share
You can comment if you sign up from login page.