Tag
Beauty

ညအိပ်ခါနီးအုန်းဆီသုံးပေးခြင်းရဲ့ အကျိုးကျေးဇူး

Hsu Myat Oo | 2019/05/10 17:13:58

ဆံသားခြောက်သွေ့ရင်

အိပ်ချိန်မတိုင်ခင် အုန်းဆီနွေးနွေးလေးကို ဦးရေပြားနှင့် ဆံသားကို သုတ်လိမ်းပြီး နှိပ်နယ်ပေးပါ။ ဆံသားအုပ်တဲ့ အစွပ်လေးနဲ့ အုပ်ပြီး အိပ်ယာဝင်ပါ။ နောက်တစ်ရက်မှာသုံးနေကျအတိုင်း ခေါင်းလျော်ရည်၊ ပျော့ဆေးတွေနဲ့ ခေါင်းလျော်ပေးပါ။ တစ်ပတ်မှာ တစ်ကြိမ်လောက်ပြုလုပ်ပေးပါ။

ဦးရေပြားမှာ ဘောက်တွေထနေရင်

အုန်းဆီနွေးနွေးလေး တစ်ခွက်ထဲကို Tea Tree Oilလေး အနည်းငယ်ထည့်ပြီး သမအောင် ရောမွှေပြီး ဦးရေပြားကို သုတ်လိမ်းပြီး ၅မိနစ်- ၁၀မိနစ်လောက် နှိပ်နယ်ပြီး ဆံသား၊ ဆံသားက ဘောက်တွေအရမ်းထနေပြီဆိုရင် တစ်ညကြိုပြုလုပ်ပေးပါ။

ဆံပင်တွေ အရမ်းကျွတ်နေရင်

အုန်းဆီတစ်ခွက်ထဲကို Fenugreekရည် (Fenugreekဆိုတဲ့ အပင်တစ်မျိုးမှ ရတဲ့အစေ့ကို တစ်ညပြုတ်ထားတဲ့ အရည်) အနည်းနည်းကို ရောပြီး ဦးရေပြားနဲ့ဆံသားကို သုတ်လိမ်းပြီး နှိပ်နယ်ပေးပါ။ အရင်ကလိုပဲ ခေါင်းစွပ်လေးစွပ်ပြီး အိပ်ပါ။ နောက်ရက်မှာတော့ ပုံမှန်အတိုင်း ခေါင်းလျော်လိုက်ပါ။

ဝက်ခြံ

Tea Tree Oilလေး အနည်းငယ်နှင့် အုန်းဆီကို ရောပြီးမျက်နှာ (သို့) မိမိအသုံးပြုလိုတဲ့နေရာတစ်ဝိုက်ကို တစ်ညလုံးလိမ်းအိပ်ပြီး နောက်ရက်တွင် ရေဆေးချပေးပါ။ သင့်မျက်နှာက တော်တော်သက်သာလာပြီလို့ မခံစားရတဲ့အထိ သုံးပေးပါ။

ခြေဖနှောင့်တွေ ကွဲအက်နေရင်

အုန်းဆီကိုများများကို ခြေထောက်မှာ လိမ်းပြီးခြေထောက်နှိပ်ပေးပြီး ခြေအိတ်ဝတ်အိပ်ပါ။ တစ်ညလုံးအုန်းဆီတွေက ခြေဖနှောင့်လေးတွေ ကွဲအက်နေတာကို ပြန်လည်ကုသပေးပါလိမ့်မယ်။ ခြေဖနှောင့်ကွဲတာ ပြန်သက်သာလာတဲ့ထိ ပြုလုပ်ပေးပါ။

ပါးစပ်အတွင်းအနာလေးတွေပေါက်ခြင်း

အုန်းဆီသန့်သန့်ကို ပါးစပ်အတွင်းက အနာလေးတွေကို အိပ်ရာမ၀င်ခင်မှာ လိမ်းပေးပြီး တစ်ညလုံး အနာလေးတွေကို ကုသနေပါစေ။ အနာလေးပျောက်ကင်းတဲ့ထိ လိမ်းပေးပါနော်။

ကျန်းမာတဲ့သွားများ

အိပ်ရာမ၀င်ခင် နောက်ဆုံးသွားတိုက်ပြီးတဲ့နောက်မှာ သွားလေးတွေကို အော်ဂဲနစ်အုန်းဆီစစ်စစ်လေးနဲ့ သုတ်လိမ်းပေးခြင်းအားဖြင့် ကျန်းမာတဲ့ သွားများကို ပိုင်ဆိုင်ရနိုင်ပါတယ်။ လက်ချောင်းလေးနဲ့ပဲ လွယ်လွယ်ကူကူ လိမ်းပေးလို့ရပါတယ်နော်။

Written By Su Myat Oo

Favorite( 0
share
You can comment if you sign up from login page.