Tag
Beauty

Coconut body Scrub

Hsu Myat Oo | 2019/04/30 17:24:32

တခြားScrubလုပ်နည်းလေးတွေကို ကြားဖူးမယ်ထင်ပေမယ့် ဒီအုန်းသီးအဖတ်လေးတွေနဲ့ လုပ်ထားတာကိုတော့ ကြားဖူးမယ်မထင်ပါဘူးနော်။ ဒါ့ကြောင့် လုပ်နည်းလေး ပြောပြပေးမယ်နော်။ အုန်းသီးလေးလိုမျိုး သဘာဝကရတဲ့ ပစ္စည်းလေးတွေက အသားအရည်ကို အစိုဓာတ်ပေးနိုင်ပြီး ဒီလိုbody scrubလေးတွေက သင့်အသားအရည်ကို ပြန်လည်နုပျိုစိုပြေလာစေပါတယ်။ အုန်းသီးဆိုတာကလည်း အများသိကြတဲ့အတိုင်း နာမည်ကြီးပြီးသားပစ္စည်းတစ်မျိုးပါနော်။ အသားအရည်အတွက်တင်မကပါဘူး ဆံသားကျန်းမာရေးအထိပါ ကောင်းကောင်းအသုံးဝင်တာမို့ အလှကုန်တွေထဲမှာတောင် နာမည်ကြီးတဲ့ ပစ္စည်းလေးပါ။ သူက သန့်ရှင်းစေနိုင်တယ်။ ချောမွေ့စေတယ်။ ပြီးတော့ အသားအရည်ကို အစိုဓာတ်ပေးနိုင်တယ်။ ပြီးတော့ အသားအရည်ကို အားဖြည့်ပေးနိုင်လို့ ကျန်းမာပြီး Glowဖြစ်တဲ့အသားအရည်ကို ရမှာပါနော်။ ကဲလုပ်နည်းလေး ကြည့်လိုက်ကြရအောင်………

ပါဝင်တဲ့ ပစ္စည်းလေးတွေရဲ့ ကောင်းကျိုးလေးတွေ

အုန်းသီး - ပျက်စီးနေတဲ့အသားအရည်ကို ပြန်လည်ကောင်းမွန်စေတယ်။ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အစိုဓာတ်ကို ပေးစွမ်းနိုင်တယ်။၏

သကြား - အရေပြားက ဆဲလ်သေတွေကို ဖယ်ရှားပေးဖို့ ကူညီပေးတယ်။ သန့်ရှင်းကြည်လင်တဲ့ အသားအရည်ကို ဖြစ်စေပြီး အရေပြားအညစ်အကြေးတစ်မျိုးဖြစ်တဲ့ ချေးကျွတ်စေတယ်။

သံလွင်ဆီ - အသားအရည်ကို အစိုဓာတ်ပေးနိုင်ပြီး နူးညံ့ပျော့ပြောင်းစေတယ်။ အရေးအကြောင်းတွေကို သက်သာစေတယ်။ အသားအရည်ခြောက်ခြင်းမှ ကင်းဝေးစေပြီး မိတ်ကပ်ဖျက်မယ်ဆိုရင်လဲ အကောင်းဆုံးပစ္စည်းတစ်မျိုးဖြစ်ပါတယ်။

လိုအပ်တာတွေကတော့

ခြစ်ထားတဲ့ အုန်းသီး ၆၄ဂရမ်

သကြား ၄၃ဂရမ်

သံလွင်ဆီ စားပွဲဇွန်းနှင့် အနည်းငယ်

ပြုလုပ်နည်း

ပန်းကန်တစ်လုံးထဲမှာ အုန်းသီး၊ ဆီနှင့် သကြားတို့ကို ထည့်ပြီးသမအောင် ရောမွှေပါ။ အားလုံးသမသွားပြီဆိုရင်တော့ Scrubက အဆင်သင့်ဖြစ်ပါပြီ။ နေ့စဉ်ရေချိုးဆပ်ပြာတွေ၊ ဆပ်ပြာခဲတွေ မသုံးခင်မှာ အရင်အသုံးပြုပေးပါ။ မျက်နှာလေး ၀င်းပနူးညံ့ပြီး Glowဖြစ်တဲ့အသားအရည်မျိုး လိုချင်တယ်ဆိုရင်လဲ အသုံးပြုပေးနိုင်ပါတယ်နော်။ ဖန်ပုလင်းလေးထဲမှာ ထည့်ပြီး ရေခဲသေတ္တာထဲမှာ ထည့်သိမ်းတာ အကောင်းဆုံးပါပဲနော်။

Written By Su Myat Oo

Favorite( 0
share
You can comment if you sign up from login page.