Tag
Beauty

ပန်းပွင့်များနှင့် ဆေးဘက်ဝင်ပစ္စည်းများပါဝင်တဲ့ (Body Oil) ခန္ဓာကိုယ်လိမ်းအဆီ

Hsu Myat Oo | 2019/04/26 17:05:50

Body Oilများက Body Lotionနေရာမှာအစာထိုးနိုင်တဲ့ ပစ္စည်းတစ်ခုဖြစ်လို့လာပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ Body Oilများကို သဘာဝနှင့် အစိုဓာတ်ရအောင် လုပ်ထားတဲ့အတွက် ဈေးကွက်မှာရောင်းချနေတဲ့ လိုးရှင်းတွေထက်တောင် ပိုကောင်းပါတယ်။ ပြီးတော့ Body Oilများက သုံးစွဲရလွယ်ကူပြီး နည်းနည်းလေးပဲ သုံပေးရတာဖြစ်ပါတယ်။ ကဲ ပန်းပွင့်များနှင့် ဆေးဘက်ဝင်ပစ္စည်းများပါဝင်တဲ့ (Body Oil) ခန္ဓာကိုယ်လိမ်းအဆီလေး လုပ်ကြည့်လိုက်ကြရအောင်..

ရရှိမယ့်အကျိုးကျေးဇူးများ

အုန်းဆီ - အသားအရည်အတွက် အစိုဓာတ်ရစေတယ်။ အသားအရည်ကို ပြန်လည်ပြုပြင်ပေးပြီး ဒဏ်ရာအနာတရများကိုလည်း ကျက်စေတယ်။



Jojoba Oil - အသားအရည်ကို အစိုဓာတ်ရစေပြီး သန့်ရှင်းကြည်လင်စေအောင် ထိန်းပေးထားနိုင်တယ်။ အရေပြားကို ကပ်ညှိနေတဲ့ပိုးမွှားများကို သတ်ပစ်နိုင်ပြီး ရောင်ရမ်းခြင်းမရှိစေနိုင်ပါဘူး။



Almond Oil - အသားအရည်ကို ၀င်းလက်တောက်ပစေပါတယ်။ အသားအရည်ကို နူးညံ့စေပါတယ်။ အရေပြား လျော့တိလျော့ရဲဖြစ်ခြင်းကို သက်သာစေပါတယ်။



ဆေးဘက်ဝင် ပစ္စည်းအခြောက်များနှင့် ပန်းပွင့်အခြောက်များ - ဒါတွေအားလုံးကတော့ အသားအရည်ထိန်းသိမ်းရာမှာ အရမ်းကို အရေးကြီးတဲ့ ပစ္စည်းတွေဖြစ်ပါတယ်။

လိုအပ်တာတွေကတော့

Jojoba Oil ၇၅ဂရမ်

Almond Oil စားပွဲဇွန်း၃ဇွန်း

အုန်းဆီ စားပွဲဇွန်း၁ဇွန်း

ဆေးဘက်ဝင် ပစ္စည်းအခြောက်များနှင့် ပန်းပွင့်အခြောက်များ လက်တစ်ဆုပ်စာ

ပြုလုပ်နည်းအဆင့်ဆင့်

၁။ ပုလင်းတစ်လုံး (သို့) ကရားတစ်လုံးထဲမှာ Jojoba Oil, Almond Oil နှင့် အုန်းဆီတို့ကို ရောထည့်ပါ။



၂။ ပြီးရင်တော့ ဆေးဘက်ဝင် ပစ္စည်းအခြောက်များနှင့် ပန်းပွင့်အခြောက်များ ထည့်ပြီး ၃ပတ်လောက်စိမ်ထားပါ။

၎။ အဆီတွေနဲ့ ပန်းခြောက်တွေ ကောင်းကောင်းစိမ့်ဝင့်သွားတဲ့ထိ နေရောင်ထဲမှာ ထားထားပါ။ ရပြီဆိုရင်တော့ အဖတ်လေးတွေ စစ်ပြီး Body Oilအဖြစ်သုံးနိုင်ပါပြီ။

Written By Su Myat Oo

Favorite( 0
share
You can comment if you sign up from login page.