Tag
Lifestyle

မိန်းမတွေ ဘာသိမှာလဲ။

Kyi Kyi | 2019/04/01 16:59:03

ဒီစကားလေးကို ကိုယ့်ပတ်ဝန်းကျင်မှာ တခါမဟုတ် တခါတော့ ကြားဖူးကြမှာပါ။

မိန်းမ လို့ ဆိုလိုက်တာနဲ့ -

ဆရာဝန်ချင်းအတူတူတောင် ယောကျားဆရာဝန်ကပိုတော်တယ်။

အင်ဂျင်နီယာချင်းအတူတူတောင် ယောကျား အင်ဂျင်နီယာက ပိုတော်တယ်။

စီးပွားရေးပညာရှင်ချင်းအတူတူ ယောကျား စီးပွားရေးပညာရှင်က ပိုတော်တယ်။

ဒီလိုပဲ လက်ခံထားတဲ့ တိုင်းပြည်မှာ မိန်းမ အဖြစ် မွေးဖွားလာခဲ့ပြီးရင် ဘာဆက်လုပ်ကြမလဲ။

ရင်ဘောင်တန်းတာလဲမဟုတ်ဘူး။ အခွင့်အရေးတောင်းဆိုနေတာလည်းမဟုတ်ဘူး။ ဒါပေမယ့် မိန်းမတွေ အခုထက် ပိုတော်အောင် ကြိုးစားရမယ့် နည်းက လွဲလို့ ဒါကို ဖြေရှင်းဖို့ အဖြေမရှိပါဘူး။

မိန်းမတွေ အခုထက်ပိုတော်အောင် အရေးကြီးဆုံးလုပ်ရမယ့်အရာက-

၁။ စာများများဖတ်ကြပါ။

၂။ မြန်မာ့အရေး ကမာဘာ့အရေးကို စိတ်ဝင်စားကြပါ။

၃။ မိမိရဲ့ နယ်ပယ်ကို အကန့်အသန့်မထားပဲ လူတိုင်းနဲ့ခင်မင်အောင်ပေါင်းသင်းပါ။

၎။ အတတ်ပညာ ကို ရှာမှီးပါ။ အသိပညာကို ကြွယ်ဝအောင် နေပါ။

၅။ ကျန်းမာရေးကို ဂရုစိုက်ပြီး မိမိကိုယ်ကို ယုံကြည်ချက်ရှိရှိ နေထိုင်ပါ။



မိန်းမ ဆိုတာ အူတိုတတ်တယ်။ မနာလိုဖြစ်တတ်တယ်။ စကားများပြီး အလကားနေ အတင်းပြောတတ်တယ် ဆိုတဲ့ အမြင်တွေထဲမှာ ဘောင်ခတ်မနေပဲ အသိပညာ အတတ်ပညာအရာမှာ ယောကျားတွေထက် နောက်ကျကျန်မနေပါဘူးဆိုတာကို တည်ဆောက်ယူနိုင်မှသာ မင်းတို့ မိန်းမတွေ ဘာသိမှာလဲ ဆိုတဲ့ စကားက လွတ်မြောက်နိုင်မှာပါ။

ကဲ။ ဒီတော့ ပထမဆုံး စာများများ ဖတ်ကြဖို့အတွက် -

ကြည်ကြည် ရဲ့ အနှစ် ၄၀ စာအတွေ့အကြုံများကို ဝေငှထားတဲ့

ပန်းပွင့်များရဲ့ စီးချင်းစာအုပ်လေး ၄ ကြိမ်မြောက် ပြန်လည်ရိုက်နှိပ်ပြီးစီးပါပြီနော်။ ဒီတခါတော့ နောက်ဆုံး limited edition လေးမို့ နောက်ထပ် ထပ်ရိုက်ဖို့အစီအစဉ်တော့မရှိတော့ပါဘူး။

ကြည်ကြည်ရဲ့ လက်မှတ်ပါတဲ့ စာအုပ်လေးကို အမှတ်တရ မှာယူလိုသူတွေက -

messenger ချက်ဘောက်မှာ အမည် ။ လိပ်စာ။ ဖုန်းနံပါတ် အပြည့်အစုံပေးပို့ပြီး အိမ်တိုင်ရာရောက်ပို့ခအပြီးအစီး တအုပ်ကို ၅၀၀၀ ကျပ်ဖြင့် မှာယူနိုင်ပါပြီနော်။

ဖုန်းဆက်မှာမယ်ဆိုရင်တော့- 09443274196 - မအင်ကြင်း ကို မှာပေးကြပါ။

စာအုပ်ဖိုးကို စာအုပ်ပို့တဲ့အချိန် သို့မဟုတ် wave money နဲ့ လွှဲပေးနိုင်ပါတယ်ရှင်။

အမျိုးသမီးတိုင်း မိမိရဲ့ အတွေးအခေါ်ကို ထက်မြက် ရင့်ကျက်စေတဲ့ စာကောင်းပေမွန်များမှတဆင့် လောကကို အလှဆင်နိုင်သူတွေ ဖြစ်ကြပါစေ။

Written By Kyi Kyi

Favorite( 0
share
You can comment if you sign up from login page.