Tag
Fashion

မိန်းကလေးတိုင်းမှာ မဖြစ်မနေရှိသင့်တဲ့ အဝတ်အစားတွေ

Po Mo Htoo Aung | 2019/03/19 17:10:37

အဝတ်အစားတွေဆိုတာဟာ မိန်းကလေးတွေရဲ့ ဒုတိယအသက်ပါပဲ။ အရမ်းများပိုသွားပြီလားဟင်။ ဘယ်ကလာပိုရမှာ ... မိန်းကလေးတစ်ယောက်က ဘယ်လိုပုံစံလဲ။ ရင့်ကျက်တာလား။ တည်ငြိမ်တာလား။ အထက်တန်းဆန်ဆန် လှပနေတာလား။ ဆွဲဆောင်မှုရှိတာလား။ ဘယ်လိုပုံစံမျိုးကိုကြိုက်တာလဲ။ ဒါတွေအားလုံးဟာ ပျိုမေတို့ဝတ်လိုက်တဲ့ အဝတ်အစားကိုကြည့်ပြီးပဲ ဆုံးဖြတ်သွားတာပါ။

သင်ကဘယ်လိုမိန်းကလေးမျိုးပဲဖြစ်ဖြစ် ဘဝမှာမဖြစ်မနေ ပိုင်ဆိုင်ထားသင့်တဲ့ အဝတ်အစားလေးတွေတော့ရှိပါတယ်။ ဒါတွေကဘာတွေများဖြစ်နေမလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်ကြရအောင်ပါ။

အနက်ရောင် ဂါဝန်တစ်ထည်

ဘယ်လိုမိန်းကလေးမျိုးမဆို အနက်ရောင်ဂါဝန်တိုလေးတစ်ထည်လောက်တော့ ပိုင်ဆိုင်ထားသင့်ပါတယ်။ ရဲ့ရင့်ခြင်း၊ ပြတ်သားခြင်းနဲ့ အင်းအားကြီးခြင်းဆိုတဲ့ဂုဏ်ပုဒ်တွေကိုပိုင်ဆိုင်ထားတဲ့ အနက်ရောင်ဂါဝန်ဟာ သင့်ကိုထက်မြက်ပြီး ခေတ်မီဆွဲဆောင်မှုရှိတဲ့ မိန်းကလေးတစ်ယောက်အနေနဲ့ လူအများအလယ်ပွဲလယ်တင့်စေနိုင်ပါတယ်။

ဝတ်စုံပြည့်တစ်စုံ

ဝတ်စုံပြည့်ဆိုတာ စတိုင်ပန်နဲ့ အပေါ်ကုတ်လေးကို ဆိုလိုတာပါ။ ဒီအရာက ယောကျာ်းလေးတွေအတွက်ပဲ လိုတာမဟုတ်ပါဘူး။ အထာကျပြီး မိန်းကလေးတွေအတွက် ဒီဇိုင်းထွင်ထုတ်လုပ်ထားတဲ့ ဝတ်စုံလေးတွေရှိပါတယ်။ ကိုးရီးယားမင်းသမီးလေးတွေ ဝတ်နေကျလို အရောင်မျိုးစုံနဲ့ ဒီးဇိုင်းဆန်းလေးတွေရှိတာကိုလည်းသိမှာပါ။ ဒီဝတ်စုံက အထက်လူကြီးနဲ့ တွေ့ဆုံတဲ့အခါ (သို့) ဟောပြောပွဲတွေဖြစ်ဖြစ် တက်ရတဲ့အခါမျိုးမှာ သင့်ကိုစမတ်ကျပြီး ထက်မြက်တဲ့အသွင်ကို ပေါ်စေနိုင်ပါတယ်။

ဂျင်းနဲ့ တီရှပ်

ဒါကတော့ လူတိုင်းမှာရှိကြမှာပါ။ ဘယ်သာသာဝတ်ရလွယ်ပြီး ပေါ့ပေါ့ပါးပါးဖြစ်မယ့် တီရှပ်နဲ့ ဂျင်းတစ်ထည်လောက်တော့ လူတိုင်းမှာရှိထားသင့်ပါတယ်။

အတွင်းခံကောင်းကောင်း

မိန်းကလေးတွေအတွက် ဘရာကောင်းကောင်းနဲ့ အောက်ခံဘောင်းဘီတစ်ထည်လောက်ကတော့ မဖြစ်မနေကိုလိုအပ်ပါတယ်။ ဒါမှလည်း မြန်မာဝမ်းဆက်ဝတ်တဲ့အခါမျိုးမှာဖြစ်ဖြစ်၊ ကိုယ်ကျပ်အင်္ကျီလေးတွေဝတ်တဲ့အခါမျိုးမှာဖြစ်ဖြစ် သေသပ်ပြီး လှပနေမှာပါ။ ဗိုက်ပူတယ်ဆို ဗိုက်ချပ်လေးတွေလည်း ဝယ်ထားဖို့မမေ့ပါနဲ့နော်။

ကြိုးပျောက်

ဇာအင်္ကျီတွေဝတ်တဲ့အခါ၊ လက်တစ်လုံးတွေဝတ်တဲ့အခါ အောက်ခံဘရာကြိုးပေါ်နေရင် အရမ်းကြည့်ရဆိုးပါတယ်။ ဒါကြောင့် ဘရာနဲ့တွဲဝတ်ဖို့ ကြိုးပျောက်အကြည်လေးတွေလည်း ဆောင်ထားဖို့မမေ့ကြပါနဲ့။

Written By Po Mo Htoo Aung

Favorite( 0
share
You can comment if you sign up from login page.