Tag
Fashion

မိန်းကလေးတိုင်း ပိုင်ဆိုင်ထားသင့်တဲ့ ဖိနပ်ပုံစံ (၅) မျိုး

Po Mo Htoo Aung | 2019/03/15 17:30:43

ဖိနပ်လှလှလေးတွေက နေရာကောင်းလေးတွေကို ခေါ်ဆောင်သွားတတ်တယ်တဲ့။First Class ပရိတ်သတ်ကြီးလည်း နေရာကောင်းလေးတွေသွားရတာပဲ ကြိုက်မှာပဲနော်။ မတူညီဆန်ပြားပြီးလှပတဲ့နေရာမျိုးစုံကိုသွားနိုင်ဖို့ဆိုတာက ဖိနပ်လှလှလေးတွေလည်း မျိုးစုံရှိဖို့လိုပါသေးတယ်။

အရောင်ဖျော့ ဒေါက်မြင့်ဖိနပ်

ခဲတံထိပ်လောက်လေးချွန်တဲ့ဖိနပ် တစ်နည်းအားဖြင့် အရောင်ဖျော့ pencil heel လှလှလေးတစ်ရံလောက်တော့ မိန်းကလေးတိုင်းမှာရှိသင့်ပါတယ်။ အရောင်ဖျော့ pencil heel လေးတွေက ဘယ်ဝတ်စုံနဲ့မဆိုလိုက်ဖက်ပြီး သင့်ကိုလည်းလှပကျော့ရှင်းနေစေပါတယ်။

အနက်ရောက် ဒေါက်ဖိနပ်

အနက်ရောင်ရှူး (သို့) ရှေ့ပိတ်အနက်ရောင် ဒေါက်မြင့်တစ်ရံကသင့်ကို ယုံကြည်မှုပိုတိုးစေပြီး ထက်မြက်ရဲရင့်တဲ့အသွင်ဆောင်စေ သလို ခြေလှမ်းတိုင်းကိုလည်း အသက်ဝင်နေစေပါတယ်။

အားကစားဖိနပ်

ကျောင်းအားကစားပွဲ ဒါမှမဟုတ်လည်း လမ်းလျှောက်ပွဲ အစရှိသဖြင့် မမျှော်လင့်ထားတဲ့ အားကစားလှုပ်ရှား မှုတွေကပေါ်လာနိုင်တာမို့ အားကစားဖိနပ်တစ်ရုံလောက်တော့ရှိထားသင့်ပါတယ်။ တစ်ချို့အားကစားဖိနပ်တွေက အားကစားဖိနပ်ပုံလည်းမပေါက်တာမို့ ထသွား၊ ထလာဂျင်းဘောင်းဘီလေးတွေနဲ့ တွဲဝတ်လို့လည်း အဆင်ပြေပါတယ်။

ကြိုးများများဖိနပ်

ခြေဖမိုးတစ်ခုလုံးကို ကြိုးတွေနဲ့ဒီဇိုင်းလုပ်ထားပြီး ခြေမျက်စိလောက်ထိအရှည်ရှိတဲ့ဖိနပ်လေးတစ်ရံလောက်လည်း သင့်မှာရှိသင့်ပါတယ်။ စကပ်တို၊ ဘောင်းဘီတိုလေးတွေနဲ့လိုက်ဖက်ပြီး မိန်းကလေးဆန်ဆန်ကျော့ကျော့မော့မော့လေး လှပစေပါတယ်။

ဖိနပ်ပါးတစ်ရံ

အပေါ်မှာပြောလာခဲ့တာတွေက ရှိုးထုတ်ဖို့အတွက်သာရည်ရွယ်ထားတဲ့ဖိနပ်တွေမို့ နီးနီးနားနားထသွား၊ ထလာစီးဖို့ ဖိနပ်ပါးလေးတစ်ရံလောက်တော့သင့်မှာ ရှိထားသင့်ပါတယ်။ ညအိပ်ဝတ်စုံကြီးနဲ့ ဒေါက်ဖိနပ်ကြီးစီးပြီး ညဘက်မုန့်ထွက်ဝယ်တာက ဘယ်လိုမှအဆင်မပြေနိုင်ဘူးဆိုတာကိုတော့ သင်နားလည်လောက်မှာပါ။

Written By Po Mo Htoo Aung

Favorite( 0
share
You can comment if you sign up from login page.
1 picks

SharonWAK

2019/03/17 03:47:05