Tag
Beauty

ပြည့်စုံတဲ့မျက်ခုံးမွေးတစ်စုံရဖို့ အဆင့် (၅) ဆင့်ပဲလိုပါတယ်

Po Mo Htoo Aung | 2019/04/24 17:37:10

မိတ်ကပ်လိမ်းတိမ်း မိန်းကလေးတွေအားလုံကို အာရုံနောက်စေတဲ့အဆင့်က မျက်ခုံးမွှေးဆွဲတဲ့အဆင့်ပါ။ ဘယ်လောက်ပဲ ပုံကျအောင် ဂရုတစိုက်ဆွဲဆွဲ ကံကောင်းတဲ့နေ့ဆို သူ့ဘာသာပုံကျသွားပြီး ကံဆိုးတဲ့နေ့များဆို ဂရုတစိုက်ဆွဲလေ ပိုထူလာလေပါပဲ။ ဆိုတော့ ဒီပြဿနာကနေလွတ်ကင်းအောင်လို့ လွယ်ကူရိုးရှင်းတဲ့ မျက်ခုံးမွှေးဆွဲနည်း (၅) ဆင့်ကိုပြောပြပေးချင်ပါတယ်။

အမွေးလေးတွေကို အရင်ဖြီးလိုက်ပါ

မျက်ခုံးမွှေး brush တွေမှာပါရှိတဲ့ ဘီးသေးသေးလေးနဲ့အရင်ဖြီးပြီး အမွေးပါတဲ့ဘက်ခြမ်းတဲ့ မျက်ခုံးမွေးလားရာအတိုင်း ပထမအဆင့်အနေနဲ့ ပုံသွင်းပေးလိုက်ပါ။

အောင်ဘက်လိုင်းဆွဲပါ

ဘယ်တော့မှ မျက်ခုံမွေးအဆုံး၊ မျက်လုံးနားက စမဆွဲပါနဲ့။ မျက်ခုံးမွေးရဲ့ လေးပုံတစ်ပုံကိုဖယ်ပြီး မျက်လုံးဘက်ခြမ်းကနေသာ အောက်ဘက်လိုင်းလေးစဆွဲပေးပါ။

အပေါ်ဘက်လိုင်းဆွဲပါ

အပေါ်ဘက်ခြမ်းကိုလည်း အောက်ကလိုင်းအတိုင်းလေးပုံမှာ တစ်ပုံချန်ပြီး လိုင်းလေးဆွဲပါ။

ဖြန့် (blend) လုပ်ပေးပါ

ဆွဲထားတဲ့လိုင်းတွေကို မျက်ခုံးမွေးတစ်လျှောက် ဖြန့်ပေးပါ။ လိုတဲ့နေရာအတွင်းပိုင်းတွေကိုတော့ အမှုန့်လေးတွေနဲ့ ဖြည့်ပေးပါ။

အနားလေးတွေကို concealer သုံးပေးပါ

အနားထွက်နေတာတွေ၊ စွန်းနေတာတွေကို အပေါ်အောက် ကွန်ဆယ်လာလေးသုံးပြီး ဖုံး၊ ညှိပေးလိုက်ပါ။ ကဲ ... အခုဆိုရင် ပျိုမေတို့မျှော်လင့်ထားတဲ့ မျက်ခုံးမွေးသေသေသပ်သပ်လေးကို အရိုးရှင်းဆုံးနည်းနဲ့ အချိန်တိုအတွင်း ပိုင်ဆိုင်သွားပါပြီ။

Written By Po Mo Htoo Aung

Favorite( 0
share
You can comment if you sign up from login page.