Tag
Lifestyle

သိပ်ချစ်တတ်တဲ့ မိန်းကလေး။

Kyi Kyi | 2019/03/25 17:47:31

အစ်မတို့အရင်က ဘယ်လိုပဲပတ်သက်ခဲ့ကြပါစေ။ အခုဘာမှမဆိုင်တော့ဘူးဆိုတော့ ကျေးဇူးပြုပြီး အစ်ကိုနဲ့ သေရေးရှင်ရေးတောင် ဆက်သွယ်စရာမလိုပါဘူး။ အစ်မ က ကျွန်မအမေအရွယ်လောက် ရှိတာပဲ။ သဘောပေါက်မှာပါနော်။



အလို။ ဘုရားဘုရား။



ကိုယ့်အဖေအရွယ်လောက် ယောကျားတစ်ယောက်ကို ဆုံးရှုံးရမှာ စိုးလို့ ကပ်ကပ်လန်အောင်ရန်လာတွေ့တဲ့ မိန်းမငယ်လေးတစ်ယောက်ကြောင့် ဒီစာကိုရေးလိုက်ရပါ့တယ်။



မိန်းကလေးတွေအတွက် ဘ၀မှာ ပထမဆုံးတွေ့ဆုံဖူးတဲ့ ယောကျားဆိုတာ ကိုယ့်အဖေပဲ ဖြစ်တာမို့ အဖေကို သိပ်ချစ်တဲ့ သမီးတွေဟာ ကိုယ့်ထက်အသက်ကြီးတဲ့ ယောကျားတွေကိုသာ စွဲလန်းတတ်တယ်လို့ မှတ်သားခဲ့ဖူးပါတယ်။



အပျိုဖော်ဝင်စအရွယ် ကစလို့ ဆန့်ကျင်ဘက်တွေကို ရင်ခုန်တတ်လာခဲ့တယ်။

စိတ်ကူးယဉ်အိပ်မက်ထဲက မင်းသားလေးကို ပုံရိပ်ဖော်တတ်လာခဲ့တယ်။

မိန်းမ မာယာ ဆိုတဲ့ အထှာပေးတဲ့ အတတ်ပညာလေးတွေကို ပတ်ဝန်းကျင်က သင်ယူတတ်မြောက်လာခဲ့ကြပါတယ်။



ပြီးတော့ လောကကြီးမှာ အချစ်ကို အခံစားတတ်ဆုံး။ အချစ်တတ်ဆုံး မိ

အဲဒီထဲမှာ ကျွန်မလည်း ပါတာပေါ့။ ပါခဲ့တာပေါ့ ဆိုရင် ပိုမှန်မလား။ အခုကတော့ မပါချင်တော့လို့ပါလေ။



အဲဒီတုန်းက ဘယ်လိုတွေ သတ်တိကောင်းနေခဲ့တယ် ဆိုတာ အခုနေ ပြန်စဉ်းစားမိရင် ရုပ်ရှင်တွေထဲကလို time machine စီးပြီး ပြန်သွား သတ်ပစ်ချင်စရာ ကောင်းလောက်အောင် အမှောင်ဖုံးနေတယ်ဆိုတာ အခုမှ သိခဲ့ရတယ်။



ဘ၀တလျှောက်လုံးကို ပရိသတ်အလည်မှာ ခေါင်းမော့ ရင်ကော့နေနိုင်တဲ့ မိန်းကလေးတစ်ယောက် ဖြစ်ချင်တယ်ဆိုရင်တော့ ရှောင်ကြဉ်ရမယ့် အရာတစ်ခုကိုတော့ ဒီနေ့ ပြောပြမှကို ဖြစ်မှာပါ။



လွတ်လပ်တဲ့ မိန်းကလေးတစ်ယောက်အနေနဲ့ -

ဘ၀မှာ ချစ်သူအဖြစ် တစ်ယောက်ယောက်ကို သတ်မှတ်တော့မယ်ဆိုရင်-

သူများ လင် (သို့မဟုတ်) သူများလင်ဖြစ်ဖူးသူ ကို အတတ်နိုင်ဆုံးရှောင်ကြပါကွယ်။



အကြောင်းအမျိုးမျိုးကြောင့် သူများရဲ့ ယောကျားကို ယူထားမိတဲ့ မိန်းမတွေဟာ ဘ၀ကို ပိုင်နိုင်တယ် ဆိုတဲ့ ခံစားချက် မရှိစေပါဘူး။

တချိန်လုံး သောကတွေ ပူလောင်ခြင်းတွေ စိုးရိမ်ကြောင့်ကြစိတ်တွေနဲ့ မပိုင်တဲ့ ၀က်ကို မေ

တစ်ခါက ညီမတယောက်က ပြောဖူးပါတယ်။ မယားငယ်က နောက်ခံတောင့်တင်းတော့ မယားကြီးကို အမှုဆင်ပြီး တရားပြန်စွဲလိုက်တယ်တဲ့။ ဒါကြောင့် မယားငယ်ကို အထင်မသေးပါနဲ့ ဆိုလိုတာပေါ့လေ။



သူဟာသူ ဘာကောင်မကြီးပဲ ဖြစ်နေပါစေ။ သူကတော့ မယားငယ်ပါပဲ။

ဘယ်လောက်ပဲ နုပျိုလတ်ဆတ်ပြီး လှနေပါစေ။ ကျက်သရေ ရှိမနေပါဘူး။

ဘယ်လောက်ပဲ ရာထူးကြီးပြီး လူဝင်ဆန့်နေပါစေ။ အကြီးနဲ့ပတ်သက်တာမှန်သမျှအတွက်တော့ သူက ဒုတိယ နေရာကလူပါပဲလေ။



ကျွန်မ ဒီလိုပြောတာ မြန်မာလူမျိုးမို့လို့။ မြန်မာ့ယဉ်ကျေးမှုမို့လို့ ခေတ်နောက်ပြန်ဆွဲနေတယ်မထင်ပါနဲ့။



အမေရိကားနဲ့ ဥရောပလို ခေတ်ရှေ့ပြေးလွန်းတဲ့ နိုင်ငံတွေမှာကအစ အဆင့်အတန်းမြင့်တဲ့ အသိုင်းအ၀ိုင်းတိုင်းမှာ ပထမ မယားနဲ့ ဒုတိယ မယားရဲ့ ခွဲခြားခံရမှုက အခုထိ ရှိနေဆဲပါ။ သူတို့ လူမျိုး မိသားစုတွေထဲ ထဲထဲ ၀င်ဝင် သွားရောက်နေခဲ့ဖူးတဲ့ အတွေ့အကြုံအရ ဒီလို ရဲရဲ ကြီးပြောရတာပါ။

အကြီးဖြစ်ဖြစ် အငယ်ဖြစ်ဖြစ် ဘာမှ ဂရုစိုက်စရာမရှိပါဘူး။ လို့ ပြောနေတဲ့ မိန်းမတွေကို ကြည့်လိုက်ပါ။ မျက်နှာပြောင်ခြင်း အတတ်ပညာကို မယားငယ်ဖြစ်ပြီးကတည်းက တတ်မြောက်သွားကြတဲ့သူတွေပဲ ဖြစ်နေတာ တွေ့ရမှာပါ။ ဒီလိုလူတွေအတွက် မြေဇာပင်အဖြစ်ခံရတာက သူတို့ရဲ့ သားသမီးတွေပဲ ဖြစ်ကြပါတယ်။



ကျွန်မ ဒုတိယ မယားဖြစ်နေသူတွေ။ မယားငယ်ဖြစ်နေသူတွေကို နှိမ်ချပြီးပြောနေတာမဟုတ်ရပါဘူး။ ကိုယ်တိုင်တွေ့ကြုံခဲ့တဲ့ ခံစားမှုတွေ လေ့လာခဲ့ရတဲ့ သင်ခန်းစာတွေကြောင့် နောက်ထပ် ဆယ်ကျော်သက်မိန်းကလေးတွေ ရွေးချယ်မှု မမှားစေချင်လို့ ဝေငှပေးနေခြင်းသာ ဖြစ်ပါတယ်။



အချစ် ဆိုတာ အရာရာကို ရင်ဆိုင် လက်ခံရဲတဲ့ သတ်တိဖြစ်ပေါ်စေတာ မှန်ပါတယ်။ ဒါပေမယ့် အဲဒီသတ်တိထဲမှာ အရာရာကို စိုးရိမ်ကြောင့်ကြနေရခြင်း စိတ်တွေ ပါမနေဖို့ အရမ်းအရေးကြီးပါတယ်။ ဒါက ဘ၀တစ်ခုလုံးမှာ ဒဏ်ရာအဖြစ် ကျန်ရှိနေနိုင်ပြီး မျိုးဆက်သစ်တွေအတွက်ပါ ထိခိုက်စေပါတယ်။



တကယ်ဆိုရင် လှပနုနယ်ပျိုမြစ်တဲ့ မိန်းမငယ်လေးဘ၀မှာ ကိုယ့်အမေအရွယ် မိန်းမ ကြီးကို ဘာဂရုစိုက်စရာ ရှိလို့တုန်း။

အခုကတော့ ဒုတိယ ဆိုတဲ့ နေရာအတွက် ကိုယ့်အဖေအရွယ်ကြီးကို တမ်းတမ်းစွဲ ဖြစ်ရင်း တွေ့သမျှ လူကို ပြသာနာလိုက်လုပ်နေမိတဲ့ ရှက်စရာကောင်းတဲ့ အပြုအမူကို တနေ့ ကိုယ်တိုင် အမေ အရွယ်ကို ရောက်လာတဲ့အခါမှာ နားလည် ခံစားမိလာမှာပါ။



ဒါပေမယ့် အဲဒီအချိန် ဆို သိပ်နောက်ကျ နေခဲ့ပြီလေ။



ဒီတော့ သိပ်ကို ချစ်တတ်တဲ့ မိန်းကလေးရေ။



မပိုင်ဆိုင်ခင်ကတည်းက သောကတွေ ဝေနေရတဲ့ ယောကျားကြီးတယောက်အစား ကိုယ့်ပတ်ဝန်းကျင်က ရွယ်တူ ကောင်လေးတယောက်ယောက်ကို ရွေးချယ်လိုက်မယ်ဆိုရင် အမေအရွယ်ကြီးနဲ့ ဖက်ပြိုင် သ၀န်တွေ တိုနေစရာ မရှိတော့ပါဘူးဆိုတာ ချစ်ရတဲ့ အမေတယောက် နေရာ က ဆုံးမလိုက်ပါရစေလားကွယ်။

Written By Kyi Kyi

Favorite( 0
share
You can comment if you sign up from login page.