Tag
Fashion

Brand ဆန်ပြီး ခမ်းနား၊ ဖက်ရှင်ကျတဲ့အသွင်အပြင်မျိုးကို ဘယ်လိုဖန်တီးယူကြမလဲ

Po Mo Htoo Aung | 2019/02/06 18:01:32

ဈေးကြီးတဲ့အဝတ်အထည်မျိုးကိုပဲ ဝတ်ထားတဲ့ပုံပေါ်ချင်တယ်။ ဘယ်တော့ကြည့်ကြည့် အထက်တန်းဆန်ဆန် ဖက်ရှင်ကျနေချင်တယ်ဆိုရင်တော့ Gucci, Chanel နဲ့ Yves Saint Laurent တို့လို့ ဘရန်းတွေကို ဗီဒိုထဲအပြည့်ထည့်ထားပြီး ထည်လည်ဝတ်နိုင်တာက အကောင်းဆုံးပါ။ ဒါပေမဲ့လည်း Gucci ကို ကိုယ့်ကြောင့်နာမည်မကြီးစေချင်ဘူးဆိုရင်တော့ တခြားအဝတ်အစားတွေကိုပဲ ဘရန်းဆန်ဆန်နဲ့ ဖက်ရှင်ကျအောင် ဖန်တီးပြီး ဝတ်ကြည့်လိုက်ပါတော့။ နည်းလမ်းလေးတွေနဲ့ ရှောင်စရာလေးတွေကိုတော့ အောက်မှာဖော်ပြပေးထားပါတယ်။

အပ်ချုပ်ဆိုင်မှာလည်းချုပ်ပါ

မြန်မာအင်္ကျီတွေကိုပဲ အပ်ချုပ်ဆိုင်မှာချုပ်မနေပါနဲ့။ တစ်ချို့ခန္တာကိုယ်နဲ့ အံဝင်ခွင်ကျဖြစ်ရမယ့် အဝတ်အစားတွေဆို ဒီဇိုင်နာနဲ့သေချာ ကိုယ်တိုင်းအပ်ပြီးချုပ်ပါ။ fitting ကျသင့်တဲ့ အဝတ်အစားတွေက fitting မကျတဲ့အခါ ကိုယ့်ရဲ့ image ကိုထိခိုက်စေပါတယ်။

လေးထောင့်လက်ကိုင်အိတ်

အထက်တန်းဆန်ဆန်လှပချင်တဲ့သင့်မှာ လေးထောင့်ပုံစံကျကျနဲ့ တောင့်တောင့်တင်းတင်း အိတ်လေးတစ်လုံးတော့ရှိဖို့လိုပါတယ်။ ဘောင်းဘီနဲ့ပဲဝတ်ဝတ်၊ စကပ်နဲ့ပဲဝတ်ဝတ်၊ မြန်မာဝမ်းဆတ်တွေနဲ့ပဲဝတ်ဝတ် အဆင်ပြေနေဖို့ လိုပါတယ်။

ခဲတံထပ်ချွန်ဒေါက်မြင့်

တစ်ပြေးတည်းထောင့်တွေ၊ တုံးတိထောင့်တွေထက် ခဲတံထိပ်ဒေါင့်လေးတွေက ပိုပြီး classic ဆန်ပါတယ်။ ရုံးတက်၊ ရုံးဆင်းကစလို့ ညဘက်ပါတီနဲ့ ပျော်ပွဲရွှင်ပွဲတွေအထိ ဘယ်အဝတ်အစားနဲပမဆိုလိုက်ဖက်ညီပြီး ဖက်ရှင်ကျစေပါတယ်။

လက်ဝတ်ရတနာ

ဖန်စီလေးတွေကိုလည်း အထင်မသေးပါနဲ့။ ဒီတိုင်းဘာလက်ဝတ်လက်စားမှမပါတာထက် ဆွဲကြိုးမျှင်မျှင်လေးဆွဲထားတာ၊ လက်စွပ်သေးသေးလေးဝတ်ထားတာရယ်တွေက သင့်ကိုပိုပြီးတောက်ပစေပါတယ်။ ဒီနေရာမှာကော်၊ ပလပ်စတစ်စတာတွေနဲ့ပြုလုပ်ထားတဲ့ ဖန်စီတွေကိုတော့ ရှောင်ပေးစေချင်ပါတယ်။ သင့်ကိုအပေါစားဆန်သွားစေနိုင်လို့ပါ။

နေကာမျက်မှန်

ဘာမှအများကြီး မပြင်ဆင်ထားတာတောင် နေကာမျက်မှန်လေးကောက်တတ်လိုက်ရုံနဲ့ အထာကျသွားတာမျိုးကို သင်လည်းတွေ့ဖူးမှာပါ။ သင့်ရဲ့မျက်နှာကို ပိုပြီးဆွဲဆောင်မှုရှိလာနိုင်စေသလို အဝတ်အစားကိုလည်း ပိုလို့ကြည့်ကောင်းလာစေနိုင်ပါတယ်။

မိတ်ကပ်ပြင်ဖို့လည်း မမေ့ပါနဲ့

ဘာမှမလိမ်းထားပဲ အပြစ်အနာအဆာကင်းပြီး အသားအရေညီညီညာညာနဲ့လှနေတဲ့သူမျိုးဆိုတာက တော်တော်လေးကိုမှ ရှားပါတယ်။ အဲဒီလူမျိုးတွေတောင် မိတ်ကပ်ပြင်လိုက်ရင် မူလထက်ပိုလှသွားတာမျိုးတွေချည်းပါပဲ။ ဒါကြောင့် အနည်းနဲ့အများတော့မိတ်ကပ်တင်ပေးပါ။ နှုတ်ခမ်းနီလေးတစ်တောင့်ကြောင့်လည်း သင့်ကိုဆွဲဆောင်မှုပိုရှိလာစေပြီး လူကြားထဲထင်ပေါ်သွားစေနိုင်ပါတယ်။

Written By Po Mo Htoo Aung

Favorite( 0
share
You can comment if you sign up from login page.