Tag
Fashion

အထူးတလည်အားထုတ်စရာမလိုဘဲ အမြဲဖက်ရှင်ကျနေစေဖို့

Po Mo Htoo Aung | 2018/12/28 15:41:30

ဖက်ရှင်ဆရာ၊ ဆရာမကြီးတွေကတော့ အမြဲတစေကြည့်ကောင်းပြီး လှပနေဖို့ဆိုတာ လွယ်ကူတဲ့အရာမဟုတ်မှန်းသိကြပါတယ်။ မနက်စစမှာချင်းတည်းက ကိုယ်ရွေးပြီးဝတ်ထားတဲ့ အဝတ်အစားကဂွမ်းနေမယ်ဆို တစ်နေ့လုံးလုပ်ရတဲ့အလုပ်အကိုင်တွေက အဆင်မပြေတော့ဘဲ ယုံကြည်ချက်ကင်းမဲ့နေရပါတယ်။ နေ့တိုင်းလိုလို ဖက်ရှင်ကျအောင် ဘာဝတ်ရမလဲ ခေါင်းမီးတောက်အောင်စဉ်းစားနေရရှာတော့ လူကလည်းကြာတော့ ငြီးငွေ့လာရပါတယ်။ ဒီလိုစိတ်ရှပ်စရာကောင်းတဲ့အခက်အခဲတွေကိုကျော်လွှာပြီး အမြဲတစေဖက်ရှင်ကျကျလှပစေနိုင်မယ့်နည်းလမ်းလေးတွေကို စာရေးသူကဒီဆောင်းပါးလေးကနေတစ်ဆင့် ပြောပြပေးချင်ပါတယ်။

မကြိုက်ရင် မဝတ်ပါနဲ့

ခုပဲဘီဒိုရှေ့သွားပြီး မကြိုက်တဲ့အဝတ်အစားတွေကို ဆွဲထုတ်ပစ်လိုက်ပါ။ ကိုယ်ဝတ်မယ့်အဝတ်အစားကို ကိုယ်ကချစ်နေမှ ဝတ်လိုက်တိုင်းဆွဲဆောင်မှုရှိပြီး ယုံကြည်ချက်ရှိရှိလှပနေမှာပါ။ ဒါကြောင့် အမြဲဖက်ရှင်ကျချင်တယ်ဆို မကြိုက်တဲ့ အဝတ်အစားတွေကို ကြိတ်မှိတ်ပြီးမဝတ်ပါနဲ့။ ရှင်းပစ်လိုက်ပါတော့။

လက်ဝတ်ရတနာတွေကို အထင်မသေးပါနဲ့

လက်ဝတ်ရတနာတွေဟာ မိန်းကလေးတစ်ယောက်ရဲ့အလှကို ပိုလို့ပေါ်လွင်စေပါတယ်။ ကိုယ်ကဘယ်လိုပုံစံမျိုးလဲ။ ဘယ်လိုစိတ်နေစိတ်ထားမျိုးရှိတာလဲဆိုတာကို ကိုယ်ဝတ်လေ့ဝတ်ထရှိတဲ့ လက်ဝတ်ရတနာဒီဇိုင်းလေးတွေက တစ်ဆင့် သိနိုင်ပါတယ်။ ဒါကြောင့် ဘယ်လိုလက်ဝတ်ရတနာမျိုးကိုမဆို ကိုယ်နဲ့ထပ်တူခံစားရတယ်ဆိုမှ ဝတ်ဆင်ပါ။ ၎င်းကသင့်ကို ပိုပြီးဖက်ရှင်ကျအောင် ပံ့ပိုးပေးနိုင်ပါတယ်။

အရမ်းတွေ မကြိုးစားပါနဲ့

အတန်းထဲကအလှဆုံးကောင်မလေးက ဂါဝန်တွေ၊ စကပ်တွေဝတ်နေကျဆိုတိုင်း၊ သူနဲ့ချစ်စရာကောင်းနေတယ်ဆိုတိုင်း ကိုယ်ကအတင်းကြိုးစားပြီး လိုက်ဝတ်နေစရာမလိုပါဘူး။ လူတိုင်းမှာ ကိုယ်ပိုင်စတိုင်ဆိုတာရှိပြီးသားပါ။ ခေတ်စားနေတဲ့ အဝတ်အစားတွေနောက်ကိုလည်း မလိုက်ပါနဲ့။ မိမိကို ယုံကြည်မှုပေးနိုင်တဲ့၊ သက်တောင့်သက်သာဖြစ်စေတဲ့ အဝတ်အစားမျိုးကိုပဲ ဝတ်ဆင်ပါ။

ရိုးလေကောင်းလေ

တစ်ခါတလေ ဝတ်နေကျအဝတ်အစားတွေက ငါနဲ့ရိုးများနေပြီလားဆိုပြီး ဆန်းဆန်းပြားပြားတွေလျှောက်ဝတ်ကြည့်ပြီးခါမှ ကိုယ်နဲ့မလိုက်ဖက်လို့စိတ်အိုက်ရတာမျိုးကြုံဖူးကြမှာပါ။ ပုံမှန်ဝတ်နေကျအတိုင်းဝတ်နေတာလေးကိုကလည်း ကိုယ်ဆိုတာ ဖက်ရှင်ကျဖို့အထူးတလည်အားထုတ်စရာမလိုတဲ့သူမှန်း ပေါ်လွင်စေပါတယ်။

Written By Po Mo Htoo Aung

Favorite( 0
share
You can comment if you sign up from login page.