Tag
Beauty

မျက်နှာသစ်ဆပ်ပြာ အမျိုးအစားများ

Hsu Myat Oo | 2018/11/06 18:11:54

မျက်နှာသန့်စင်တွေတဲ့ အရာတွေထဲမှာ အမျိုးအစားတွေ အများကြီးရှိပါတယ်။ ဘာတွေလဲ တစ်ချက်ကြည့်လိုက်ရအောင်…………..

Foam Cleanser

Foam Cleanserကတော့ ဘူးလေးတွေကလည်း ပေါ့ပါးတယ်။ အဆီပိုတွေကို သန့်စင်ဖို့နဲ့ Gel Cleanserလိုမျိုး အကျိုးသက်ရောက်မှုတွေကို ပေးနိုင်တဲ့ မျက်နှာသစ်ဆေးလေးပါ။

Oil Cleanser

ဒီမျက်နှာသစ်ဆေးလေးကတော့ မျက်နှာက ညင်ညင်သာသာလေးနဲ့ မွှေးညင်းပေါက်တွေကို ဖယ်ရှားဖို့၊ Water Proofမိတ်ကပ်တွေကို ဖျက်ဖို့အတွက် ထုတ်လုပ်ထားတာဖြစ်ပါတယ်။ မျက်နှာမှာမလိုအပ်တဲ့ အဆီတွေ၊ မိတ်ကပ်တွေ၊ ဖုန်မှုန့်တွေကနေ ထွက်လာတဲ့ အဆီတွေကို ဖယ်ရှားဖို့အတွက် Oil Cleanserကို သုံးတာဖြစ်ပါတယ်။

Gel Cleanser

Gel Cleanserကတော့ ကြည်ကြည်လေးရှိတယ်၊ Gelပုံစံလေး ရှိနေတယ်။ ပုံမှန်အားဖြင့် သေသေချာချာလေး သန့်စင်ချင်တဲ့သူတွေအတွက် ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ချွေးပေါက်တွေပိတ်နေခြင်းတွေ၊ အဆီပိုတွေကို ဖယ်ပစ်ဖို့အတွက်နဲ့ ၀က်ခြံဖြစ်စေတဲ့ ဘတ်တီးရီးယားတွေကို သတ်ဖို့အတွက် အရမ်းကို သင့်တော့်တဲ့ မျက်နှာသစ်ဆေးတစ်မျိုးဖြစ်ပါတယ်။

Soap Cleanser

Soap Cleanserတွေက အသားအရည်တွေကို ကောင်းကျိုးတွေ ပေးနိုင်တဲ့ အာဟာရဓာတ်တွေကို ဖြည့်စီးပေးနိုင်တဲ့၊ ရေဓာတ်ကို ကောင်းကောင်းဖြည့်စီးပေးနိုင်တဲ့ Glycerinနဲ့ Essential Oilတွေ ပါဝင်ပါတယ်။

Water Cleanser

ဒါလေးကတော့ မိတ်ကပ်ပညာရှင်တွေထဲမှာ နာမည်ကြီးပြီးတော့ ပြင်သစ်နိုင်ငံက အမျိုးသမီးတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ မျက်နှာသစ်လေးပါတဲ့။ ရေကိုအခြေခံထားတဲ့ ထုတ်လုပ်ထားတဲ့ မျက်နှာသစ်ဆေးလေးဖြစ်ပြီး ဖုန်မှုန့်တွေနဲ့ မျက်နှာတစ်ဝိုက်က အဆီတွေကို ကောင်းကောင်းစုပ်ယူနိုင်ပါတယ်။ သူက မျက်နှာသစ်ဆေးအနေနဲ့အပြင်၊ မိတ်ကပ်ဖျက်ဆေးနှင့် တိုနာအဖြစ်ပါ စွမ်းဆောင်နိုင်ပါတယ်။ ထိခိုက်လွယ်တဲ့ အသားအရည်အတွက်တောင် အဆင်ပြေစေနိုင်တဲ့ မျက်နှာသစ်ဆေးလေးပါ။

Powder Cleanser

ဒီမျက်နှာသစ်ဆေးလေးကို သုံးမယ်ဆိုရင်တော့ လက်ထဲကို လိုသလောက် ပမာဏထည့်ပြီး ရေထည့်နဲနဲထည့်ပါ။ သေချာလေး အမြှုပ်ထအောင် လုပ်ပြီး သစ်ပေးရတာဖြစ်ပါတယ်။ မျက်နှာအသားအရည်ကို နူးညံ့ချောမွေ့စေနိုင်ပါတယ်။ ထိခိုက်လွယ်တဲ့ အသားအရည်တွေတောင် နေ့တိုင်းအ သုံးပြုနိုင်ပါတယ်။

Written By Su Myat Oo

Favorite( 0
share
You can comment if you sign up from login page.