Tag
Beauty

ဝက်ခြံတွေဖြစ်ခြင်းကို ဘယ်လိုကာကွယ်ကြမလဲ။

Hsu Myat Oo | 2018/10/17 16:29:44

ဝက်ခြံဆိုတာက အသားအရည်မှာ ရှိတဲ့ အဆီဂလင်းတွေ overactiveဖြစ်တဲ့အချိန်နှင့် ရောင်ရမ်းလာတဲ့အချိန်မှာ ဖြစ်တဲ့အချိန်ကို ၀က်ခြံကိုခေါ်ပါတယ်။ တစ်ချို့အရေပြား ဘတ်တီးရီးယားတွေက ၀က်ခြံတွေကို ပိုပြီးဆိုးရွားလာစေပါတယ်။ ၀က်ခြံတွေက ခန္ဓာကိုယ်နေရာအနှံ့မှာ ဖြစ်လာနိုင်ပါတယ်။ များသောအားဖြင့်ကတော့ မျက်နှာမှာပေါက်တာဖြစ်ပါတယ်။ ၀က်ခြံတွေက ဟော်မုန်းအပြောင်းအလဲ၊ တစ်ချို့သောကိစ္စများနှင့် မျိုးရိုးဗီဇကြောင့် ပေါက်တာဖြစ်ပါတယ်။ ကောင်းကောင်းကာကွယ်နိုင်တဲ့ နည်းလမ်းကို ရှာမတွေ့သေးပေမယ့် လျော့ချပေးနိုင်မယ့် နည်းလမ်းလေးတွေကိုတော့ ပြောပြပေးချင်ပါတယ်။

မျက်နှာကိုသေချာဆေးကြောပါ။

ဝက်ခြံပေါက်ခြင်းကို ကာကွယ်ဖို့အတွက်ဆိုရင် အဆီပိုတွေ၊ ဖုန်တွေ၊ အမှိုက်တွေ၊ ထွက်နေတဲ့ ချွေးတွေကို ဖယ်ရှားပစ်ဖို့က အရေးကြီးပါတယ်။ တစ်ခါတစ်လေကြရင်လဲ မျက်နှာအလွန်အကျွံသစ်ခြင်းက ၀က်ခြံတွေကို ပိုပြီးဆိုးရွားလာစေပါတယ်။

ကိုယ့်ရဲ့အသားအရည်အမျိုးအစားကို သိပါ။

ဘယ်လိုအသားအရည်မျိုးမှာမဆို ၀က်ခြံပေါက်နိုင်ပါတယ်။ အဆီပြန်တဲ့အသားအရည်က ၀က်ခြံအပေါက်နိုင်ဆုံးပါပဲ။ အဆီပြန်တဲ့အသားအရည်မှာရှိတဲ့ ဂလင်းတွေက အဆီတွေကို ပိုမိုထုတ်လုပ်တာကြောင့်ပါပဲ။နောက်ထပ် ၀က်ခြံထပ်ထွက်နိုင်တဲ့ အသားအရည်ကတော့ ပေါင်းစပ်အသားအရည်ပါ။ ပေါင်းစပ်အသားအရည်က ခြောက်သွေ့တဲ့ နေရာရော၊ အဆီပြန်တဲ့နေရာပါ ရှိပါတယ်။ မိမိအသားအရည်က ဘယ်လိုပုံစံရှိလဲဆိုတာကို သိပါ။ ကိုယ့်အသားအရည်အတွက် သင့်တော်တဲ့ ကုန်ပစ္စည်းကို သုံးပါ။

မိတ်ကပ်အရမ်းမလိမ်းပါနဲ့။

ဝက်ခြံတွေကို ကာဖို့အတွက် မိတ်ကပ်သုံးကြတာဖြစ်ပါတယ်။ ဒါပေမယ့်လဲ ချွေးပေါက်တွေကို ပိတ်တာများသွားပြီဆိုရင်တော့ အသားအရည်က ပိုဆိုးလာမှာပါ။ ဖြစ်နို်င်သမျှ သဘာဝအတိုင်းနေနိုင်အောင် ကြိုးစားပါ။ မိတ်ကပ်လိမ်းတယ်ဆိုရင်တော့ အရမ်းမလိမ်းပါနဲ့၊ Fragrance-freeကုန်ပစ္စည်းကို သုံးပါ၊ ပါးပါးလေးပဲ လိမ်းပါ။ အဆီကို အခြေခံထားတဲ့ ခေါင်းလျော်ရည်၊ ရေချိုးဆပ်ပြာ၊ မုတ်ဆိပ်ရိတ်တဲ့ခရင်နှင့် ဆံပင်ပုံသွင်းတဲ့ ပစ္စည်းများက ၀က်ခြံဖြစ်စေနိုင်ပါတယ်။

မျက်နှာကို ခနခနမကိုင်ပါနဲ့။

သင့်လက်ထဲမှာ ဘတ်တီးရီးယားတွေ အများအပြားရှိနေပါတယ်။ အချိန်တိုင်းမှာ မျက်နှာကိုထိနေမယ်ဆိုရင်တော့ လက်ကအညစ်အကြေးတွေက မျက်နှာပေါ်ကအရေပြားဆီကို ကူးပြောင်းသွားပါလိမ့်မယ်။

နေရောင်ကိုတတ်နိုင်သမျှကာပါ။

နေရောင်က ရောင်ခြည်တွေက ၀က်ခြံတွေကိုခြောက်သွေ့စေပါတယ်။ မျက်နှာပြင်ကို ရောင်ခြည်တွေ ထိလိုက်တိုင်းမှာ အသားအရည်ကို ရေဓာတ်ခမ်းစေပြီးတော့ အဆီတွေပိုထွက်လာပြီး ချွေးပေါက်တွေကို ပိတ်စေပါတယ်။ နောက်တစ်ခုအရေးကြီးတာက အရေပြားကင်ဆာဖြစ်ခြင်းကို ကာကွယ်ဖို့ Sunscreenလိမ်းပါ။တစ်ချို့Sunscreenတွေက အဆီတွေများပါတယ်။ နေရောင်လည်းကာချင်တယ်။ ၀က်ခြံလဲ ကာကွယ်ချင်တယ်ဆိုရင်တော့ အဆီမပါတဲ့ နဲတဲ့ Sunscreenကို ပြောင်းသုံးပါ။

စိတ်ဖိစီးမှုကို တတ်နိုင်သမျှလျော့ချပါ။

စိတ်ဖိစီးလာတဲ့အချိန်မှာ ခန္ဓာကိုယ်ကနေ အဆီထွက်စေတဲ့ ဟော်မုန်းတွေကို ထုတ်ပေးပါတယ်။ ၀က်ခြံတွေကို ပိုဆိုးလာစေပါတယ်။ စိတ်ဖိစီးမှုလျော့ချဖို့ ယောဂ၊ တရားထိုင်ခြင်း၊ အနှိပ်ခံခြင်း၊ ကုထုံးလေးတွေက သင့်ကိုကူညီပေးနိုင်ပါတယ်။

Written By Su Myat Oo

Favorite( 0
share
You can comment if you sign up from login page.