Tag
Beauty

ကိုယ်တိုင်မျက်နှာပေါင်းတင်ဆေးပြုလုပ်ကြမယ်။

Hsu Myat Oo | 2018/10/10 16:21:21

ကိုယ်တိုင်မျက်နှာပေါင်းတင်ဆေး ပြုလုပ်ခြင်းက ပျော်ဖို့ကောင်းရုံတင်မကပါဘူး ပိုက်ဆံကိုလည်း ချွေတာရာရောက်ပြီး အသားအရည်ကို ထိန်းသိမ်းပေးနိုင်ပါတယ်။ ၀ယ်တဲ့ မျက်နှာပေါင်းတင်Maskတွေက ဆိုးဆေးတွေအများကြီး ပါဝင်တာတွေ၊ Alcohol (အရက်) ပါဝင်ပြီး အသားအရည် ထိန်းသိမ်းခြင်းတွေ လုပ်ပေးမှာ ဖြစ်ပါတယ်။ အချိန်ကြာလာပြီဆိုရင်တော့ ဒါအရာတွေက သင့်အသားအရည်ကို ပြန်လည်ဆိုးကျိုးတွေပေးနိုင်တာတွေ ရှိနိုင်ပါတယ်။ ဒီနေ့မှာတော့ အိမ်တွင်းမှာ ကိုယ်တိုင်လုပ်နိုင်တဲ့ မျက်နှာပေါင်းတင်ဆေးလေးတွေကို အသားအရည်အမျိုးအလိုက် ဘယ်လိုလေးတွေ သုံးလို့ရတယ်ဆိုတာလေးကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

အဆီပြန်တဲ့အသားအရည်

• ဂျုံ လက်ဖက်ရည်ဇွန်း၃ဇွန်း

• ဒိန်ချဉ် လက်ဖက်ရည်ဇွန်း၁ဇွန်း

• ဆနွင်း လက်ဖက်ရည်ဇွန်း၁၀က်

အားလုံးကိုသမအောင် ရောမွေပြီး မျက်နှာသစ်ထားတဲ့ အသားအရည်ပေါ်မှာ လိမ်းထားပါ။ မိနစ်၃၀လောက်ထားပြီး ရေဆေးချပါ။ တစ်ပတ်ကို ၂ကြိမ်မှ ၃ကြိမ်အထိ ပြုလုပ်ပေးပါ။

ခြောက်သွေ့တဲ့အသားအရည်

• ငှက်ပျောသီးမှည့် ၁၀က်

• ပျားရည် လက်ဖက်ရည်ဇွန်း၁ဇွန်း

ငှက်ပျောသီးကို ခြေပြီးပန်းကန်တစ်လုံးထဲကို ထည့်ထားပါ။ ပျားရည်ကိုရောထည့်ပါ။ သန့်ရှင်းထားတဲ့ မျက်နှာပေါ်မှာ လိမ်းပြီး၁၅မိနစ်ကနေ မိနစ်၂၀လောက်ထိ ထားပြီး ရေဆေးချပါ။ တစ်ပတ်မှာ ၂ကြိမ်၊ ၃ကြိမ်လောက် ပြုလုပ်ပေးပြီး ရေဓာတ်ပြန်ဖြည့်ပေးပါ။

ဝက်ခြံအရမ်းထွက်လေ့ရှိတဲ့ အသားအရည်

• ဇာတိပ္ဖိုလ်သီး လက်ဖက်ရည်ဇွန်း၁ဇွန်း

• ပျားရည် လက်ဖက်ရည်ဇွန်း၁ဇွန်း

• နွားနို့ လက်ဖက်ရည်ဇွန်း၁ဇွန်း

ပါဝင်ပစ္စည်းအားလုံးကို သမအောင်မွှေပြီး သန့်ရှင်းထားတဲ့ မျက်နှာပေါ်ကိုလိမ်းပါ။ မိနစ်၂၀လောက်ထားပြီး ရေဆေးချပါ။ တစ်ပတ်မှာ ၃ကြိမ်လောက်ပြုလုပ်ပေးပြီး ၀က်ခြံတွေကို ကုသပေးပါ။

အသားအရည်မညီခြင်း၊ မှဲ့ခြောက်များရှိတဲ့ သူများ

• ခြစ်ထားတဲ့အာလူး လက်ဖက်ရည်ဇွန်၃ဇွန်း

• အုတ်ဂျုံ လက်ဖက်ရည်ဇွန်း၁ဇွန်း

• ပျားရည် လက်ဖက်ရည်ဇွန်း၁ဇွန်း

ပါဝင်ပစ္စည်းအားလုံးကို သမအောင်မွှေပြီး သန့်ရှင်းထားတဲ့ မျက်နှာပေါ်ကိုလိမ်းပါ။ မိနစ်ဝက်လောက်ထားပြီး မျက်နှာကိုပြန်ဆေးချပါ။ တစ်ပတ်မှာ၃ကြိမ်လောက် ပြုလုပ်ပေးရုံနဲ့ အကောင်းဆုံးရလဒ်ကိုရရှိနိုင်မှာပါ။

အိုမင်းလွယ်တဲ့၊ အရေးအကြောင်းဖြစ်လွယ်တဲ့ အသားအရည်

• ရှားစောင်းလက်ပတ် လက်ဖက်ရည်ဇွန်း၁ဇွန်း

• ပျားရည် လက်ဖက်ရည်ဇွန်း၁ဇွန်း

• အုန်းဆီ လက်ဖက်ရည်ဇွန်း၁ဇွန်း

အားလုံးကိုသမအောင်ရောမွှေပြီး မျက်နှာသစ်ထားတဲ့ပေါ်ကို နှံ့အောင် လိမ်းပေးပြီး မိနစ်၃၀လောက်ထား ရေဆေးချပါ။ တစ်ပတ်ကို ၃ကြိမ်လောက်လုပ်ပေးရုံနဲ့တင် အကောင်းဆုံးရလဒ်ကို ရရှိနိုင်ပါတယ်။

Written By Hsu Myat Oo

Favorite( 0
share
You can comment if you sign up from login page.