Tag
Beauty

မျက်နှာပေါ်က အမာရွတ်တွေကို သဘာဝနည်းလမ်းလေးတွေသုံးပြီး ဖယ်ရှားကြမယ်

Po Mo Htoo Aung | 2018/10/02 17:40:20

အိုခေ ... အမာရွတ်၊ အမာရွတ်။ အကြောင်းအမျိုးမျိုးကြောင့် ကျန်ခဲ့ရတဲ့ အမာရွတ်တွေ၊ ဝက်ခြံပေါက်ပြီးတဲ့ အခါမျိုးမှာ၊ တစ်ခုခုထိခိုက်မိတဲ့အခါမျိုးမှာနဲ့ ကုတ်မိလို့၊ ဖဲ့မိလို့၊ ယားယံလို့ဆိုတာမျိုးတွေကြောင့်ဆိုပြီး ကျန်ခဲ့တတ်ကြပါတယ်။ မျက်နှာပေါ်မှာဆိုရင်တော့ အဆိုးဆုံးပေါ့နော်။ ဆိုတော့ ဒီလောက်ဆိုးတဲ့ အမာရွတ်တွေကို ဘယ်လိုဖယ်ရှားပစ်နိုင်မလဲဆိုတာကို ကျွန်မတို့ First Class မီဒီယာကနေ ဖော်ပြပေးသွားပါမယ်။ လေ့လာကြည့်လိုက်ကြရအောင်ပါ။

ရှားစောင်းလက်ပတ်

မျက်နှာကို ရေအေးအေးလေးနဲ့ အရင်သစ်လိုက်ပါ။ ပြီးရင်တော့ တာဝါလေးနဲ့ခြောက်အောင်သုတ်ပြီး ရှားစောင်းလက်ပတ်ရဲ့အတွင်းက ဂျယ်လီနှစ်ကို မျက်နှာတစ်ပြင်လုံး နှံ့အောင်လိမ်းပါ။ ခြောက်သွားရင် ရေပြန်ဆေးချလိုက်ရုံပါပဲ။

တစ်နေ့ (၂-၃) ကြိမ်လောက်လုပ်ပေးနိုင်ပါတယ်။

ပန်းသီးရှာလကာ

ပန်းသီးရှလာကာကိုလည်း အမာရွတ်တွေဖယ်ရှားဖို့အတွက် သုံးလို့ရပါတယ်။ တိုနာဂွမ်းနည်းနည်းရယ်၊ ရေတစ်ဇွန်းရယ်၊ ပန်းသီးရှလကာတစ်ဇွန်းရယ်ပဲ လိုတာပါ။ ရေနဲ့ ပန်းသီးရှလကာကို သမအောင်မွှေပြီး တိုနာဂွမ်းနဲ့ယူကာ သန့်စင်ထားတဲ့မျက်နှာအနှံသုတ်လိမ်းပေးပါ။ (၁၀) မိနစ်လောက်ထားပေးလိုက်ပါ။ ပြီးရင်တော့ ရေဆေးချလို့ရပါပြီ။

တစ်နေ့ (၁) ကြိမ်လောက် ပုံမှန်လုပ်ပေးနိုင်ပါတယ်။

အုန်းဆီ

အုန်းဆီကို သန့်စင်ထားတဲ့မျက်နှာပေါ် မိနစ်အနည်းငယ်ကြာလောက် ပွတ်လိမ်းပေးပါ။ (၅) မိနစ်လောက်ဆို လုံလောက်ပါပြီ။

တစ်နေ့ (၁) ကြိမ် လုပ်ပေးနိုင်ပါတယ်။

ပျားရည်နဲ့ တာဝါပူ

တာဝါပူဆိုတာက ရေနွေးစိမ်ထားတဲ့ အဝတ်ပူပူကိုပြောတာပါ။ သန့်စင်ထားတဲ့ သင့်မျက်နှာပေါ်မှာ ချွေးပေါက်တွေပွင့်စေဖို့အတွက် တာဝါပူကို တင်ထားလိုက်ပါ။ (၂) မိနစ်လောက်နေရင်တော့ တာဝါကိုဖယ်ပြီး ပျားရည်စလိမ်းပေးပါ။ ပျားရည်ကိုမျက်နှာပေါ် (၁၀) မိနစ်လောက်ထားပြီးရင်တော့ ရေဆေးချလို့ရပါပြီ။

တစ်နေ့ (၁) ကြိမ်ပုံမှန် ပြုလုပ်ပေးနိုင်ပါတယ်။

သံပရာရည်

သံပုရာသီးကနေပြီး ညှစ်လို့ရလာတဲ့အရည်ကို တိုနာဂွမ်းလေးနဲ့ မျက်နှာအနှံလိမ်းပေးပါ။ (၁၀) မိနစ်လောက်ထားပြီးရင်တော့ ရေဆေးချလို့ရပါပြီ။

တစ်နေ့ (၁) ကြိမ် ပုံမှန်ပြုလုပ်ပေးနိုင်ပါတယ်။

မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါ (၂) ဇွန်းနဲ့ ရေ (၁) ဇွန်းကို သမအောင်မွှေပြီး အမာရွတ်ကျန်ခဲ့တဲ့နေရာတွေပေါ်လိမ်းပေးပါ။ (၅-၁၀) လောက်ထားပြီးရင် ရေဆေးချလို့ရပါပြီ။

တစ်ပတ်ကို (၂-၃) ကြိမ်အထိ အများဆုံးပြုလုပ်ပေးနိုင်ပါတယ်။

ဒီလောက်ဆို ထိရောက်လွယ်ကူတဲ့ အမာရွတ်ဖယ်ရှားနည်း တော်တော်များများကို သိပြီးလောက်ပြီထင်ပါတယ်။ တွေဝေမနေပါနဲ့တော့နော်။ အမြန်ဆုံးစမ်းသပ်ကြည့်ပြီး ရလဒ်ကောင်းတွေကို ခုပဲလက်တွေ့ခံစားကြည့်လိုက်ပါတော့။

Written By Po Mo Htoo Aung

Favorite( 0
share
You can comment if you sign up from login page.