Tag
Beauty

ကော်ဖီမှုန့်လေးတွေသုံးပြီး ပေါင်းတင်ကြမယ်

Po Mo Htoo Aung | 2018/09/26 13:52:14

ကော်ဖီတစ်ခွက်နဲ့ မစတင်ရတဲ့ မနက်ခင်းတွေက တကယ်ကို အဓိပ္ပာယ်မဲ့လှပါတယ်။ ကော်ဖီဟာ ကျွန်မတို့ရဲ့အတွင်းစိတ်ကို လန်းဆန်းလာစေသလိုမျိုးပဲ အပြင်ဘက်အသားအရေကိုပါ အသစ်တစ်ဖန်ပြန်လည် သစ်လွင်စေပါတယ်။ ကော်ဖီမှုန့်ဟာ ချွေးပေါက်အတွင်းမှာရှိတဲ့အညစ်အကြေးတွေနဲ့ မျက်နှာပေါ်က အမဲစက်၊ အာမရွတ်တွေအပြင် ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အသားအရေတိုင်းအတွက်လည်း အဆင်ပြေပါတယ်။ ဒီလိုဆို ကော်ဖီမှုန့်နဲ့တွဲပြီး ပေါင်းတင်လို့ရတဲ့ mask တွေက ဘာတွေဖြစ်မလဲ၊ ဘယ်လိုအကျိုးကျေးဇူးတွေရှိမလဲဆိုတာကို ကြည့်လိုက်ကြရအောင်။

ကော်ဖီနဲ့ ပျားရည်

ပါဝင်ပစ္စည်းများ

- ကော်ဖီမှုန့် (၁) ဇွန်း

- ပျားရည် (၁) ဇွန်း



ပြုလုပ်နည်း

- ကော်ဖီမှုန့်နဲ့ ပျားရည်ကို ပန်းကန်လုံးထဲ သမအောင်မွှေပါ။

- ပြီးနောက် သန့်စင်ထားတဲ့မျက်နှာပေါ် နှံ့စပ်အောင်လိမ်းပါ။

- စက်ဝိုင်းပုံသဏ္ဍာန် နှိပ်နယ်ပေးပါ။

- မိနစ် (၂၀) လောက်ထားပြီး ရေဆေးချလိုက်ပါ။

ကော်ဖီက ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ပျားရည်က အသားအရေကို နူးညံ့အိစက်လာစေနိုင်တဲ့အတွက် ပုံမှန်လုပ်ပေးမယ်ဆို သင့်ရဲ့မျက်နှာကို တောက်ပပြီး ရေဓာတ်ပြည့်ဝလာစေနိုင်ပါတယ်။

ဒိန်ချဉ်၊ ပျားရည်၊ ကော်ဖီ

ပါဝင်ပစ္စည်းများ

- ကော်ဖီမှုန့် (၁) ဇွန်း

- ပျားရည် (၁) ဇွန်း

- ဒိန်ချဉ် (၂) ဇွန်း



ပြုလုပ်နည်း

- ကော်ဖီမှုန့်၊ ဒိန်ချဉ်နဲ့ ပျားရည်ကို ပန်းကန်လုံးထဲ သမအောင်မွှေပါ။

- ပြီးနောက် သန့်စင်ထားတဲ့မျက်နှာပေါ် နှံ့စပ်အောင်လိမ်းပါ။

- မိနစ် (၃၀) လောက်ထားပြီး ရေနွေးလေးနဲ့ ဆေးချလိုက်ပါ။

- ပြီးရင်တော့ မျက်နှာကိုခြောက်အောင်သုတ်ပြီး အသုံးပြုနေကျ skin care လေးတွေလိမ်းပေးပါ။



ကော်ဖီက ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပြီး ဒိန်ချဉ်နဲ့ ပျားရည်ကတော့ အသားအရေကို ပိုပြီးကြည်လင်လှပလာစေနိုင်ပါတယ်။

ကော်ဖီနဲ့ သံလွင်ဆီ

ပါဝင်ပစ္စည်းများ

- ကော်ဖီမှုန့် (၁) ဇွန်း

- သံလွင်ဆီ (၁) ဇွန်း



ပြုလုပ်နည်း

- ကော်ဖီမှုန့်နဲ့ သံလွင်ဆီကို ပန်းကန်လုံးထဲ သမအောင်မွှေပါ။

- ပြီးနောက် သန့်စင်ထားတဲ့မျက်နှာပေါ် နှံ့စပ်အောင်လိမ်းပါ။

- ခြောက်တဲ့ထိမထားပါနဲ့။

- (၃) မိနစ်လောက်နေရင် ရေဆေးချလို့ရပါပြီ။



သံလွင်ဆီက အသားအရေကို တင်းရင်းစေပြီး အမဲစက်တွေကိုလည်း လျော့ကျစေပါတယ်။ ဒီ mask လေးကို သင်သာပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ မျက်နှာလေးတင်းရင်းလာတဲ့ရလဒ်ကို သေချာပေါက်တွေ့ရပါလိမ့်မယ်။

ကော်ဖီမှုန့်၊ ကိုးကိုးမှုန့်၊ နို့

ပါဝင်ပစ္စည်းများ

- ကော်ဖီမှုန့် (၁) ဇွန်း

- ကိုးကိုးမှုန့် (၁) ဇွန်း

- နို့ (၁) ဇွန်း



ပြုလုပ်နည်း

- ကော်ဖီမှုန့်၊ ကိုးကိုးမှုန့်နဲ့ နို့တို့ကို ပန်းကန်လုံးထဲ သမအောင်မွှေပါ။

- ပြီးနောက် သန့်စင်ထားတဲ့မျက်နှာနဲ့ လည်းပင်းတွေပါ် နှံ့စပ်အောင်လိမ်းပါ။

- မိနစ် (၃၀) လောက်ထားပြီး ရိုးရိုးရေနဲ့ ဆေးချလိုက်လို့ရပါပြီ။

ဒီ mask လေးက မျက်နှာကို ချော့မွေ့စေပြီး ချွေးပေါက်တွေကို ကျဉ်းစေကာ ရေဓာတ်ဖြည့်တင်းပေးနိုင်ပါတယ်။

ကော်ဖီနဲ့ သံပရာ

ပါဝင်ပစ္စည်းများ

- ကော်ဖီမှုန့် (၁) ဇွန်း

- သံပရာရည် (၁) ဇွန်း



ပြုလုပ်နည်း

- ကော်ဖီမှုန့်နဲ့ သံပရာရည်ကို ပန်းကန်လုံးထဲ သမအောင်မွှေပါ။

- ပြီးနောက် သန့်စင်ထားတဲ့မျက်နှာနဲ့ လည်ပင်းပေါ် နှံ့စပ်အောင်လိမ်းပါ။

- မိနစ် (၃၀) လောက်ထားပြီး ရေဆေးချလိုက်ပါ။



ဗီတာမင်စီဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့သံပရာသီးက ချွေးပေါက်ကျဉ်းစေပြီး အမဲစက်တွေကို လျှော့ချပေးနိုင်ပါတယ်။

ပျိုမေလေးတို့ရေ ... တကယ်တော့ မီးဖိုချောင်ဆိုတာ ကျွန်မတို့လို မိန်းမသားတွေအတွက်တော့ ရတနာသိုက်ကြီးပါပဲ။ တူးဖော်တတ်ဖို့ပဲ လိုတာပါ။ အခု စာရေးသူက တူးဖော်ပေးပြီးပြီးဆိုတော့ အကျိုးရှိအောင် အသုံးပြုလိုက်ကြတော့နော်။

Written By Po Mo Htoo Aung

Favorite( 0
share
You can comment if you sign up from login page.