Tag
Lifestyle

ထက်မြက်တဲ့မိန်းမ

Kyi Kyi | 2018/09/18 10:04:27

သာမန်အားဖြင့်တော့ မိန်းမဆိုတာ အားငယ်တတ်သူတွေပါ။ အားငယ်တတ်သူသဘာဝ အားပေးမယ့်သူ - သို့မဟုတ်- အားကိုးရမယ့်သူကို အမြဲလိုအပ်နေကြပါတယ်။တခါတခါမှာ ကိုယ့်က အားကိုးရမယ့်သူလို့

ယူဆထားသူတွေက ကိုယ့်အပေါ် ဥပေက္ခပြုပြီး ရက်စက်တယ်လို့ ခံစားမိတဲ့အခါ- တချို့မိန်းမတွှေအတွက်-

အားငယ်တတ်တယ်ဆိုတဲ့နှလုံးသားမှာ ခွန်အားတွေနဲ့သန်မာလာတတ်ပါတယ်။

တချို့မိန်းမတွေအတွက်-အားငယ်တတ်တယ်ဆိုတဲ့နှလုံးသားမှာ ကြေကွဲမှုတွေနဲ့ အရှုံးပေးနေတတ်ကြပါတယ်။ သန်မာလာတဲ့ မိန်းမတွေကို အများစုက - ထက်မြက်တဲ့မိန်းမလို့ ခေါင်းစဉ်တပ်ပြီး အရှုံးပေးနေတဲ့ မိန်းမတွေကို တော့ မိန်းမပီသတယ်လို့ နာမည်ပေးလိုက်ကြပါတယ်။

တကယ်တော့ မိန်းမတွေဟာ-

• အစကတည်းက အားမငယ်တတ်ခဲ့ရင်-

• အစကတည်းက အားကိုးရာမရှာခဲ့ရင်-

• အစကတည်းက သန်မာတဲ့နှလုံးသားကို ပိုင်ဆိုင်ထားမယ်ဆိုရင်- အားလုံးဟာ ထက်မြက်တဲ့မိန်းမ ခေါင်းစဉ်အောက်မှာပဲရှိနေကြပါတယ်။

ချစ်တဲ့- ကြည်ကြည်

Favorite( 0
share
You can comment if you sign up from login page.