Tag
Lifestyle

မိန်းမကြမ်းတစ်ယောက်နှင့် တွေ့ဆုံခြင်း။

Kyi Kyi | 2018/08/06 11:34:11

မိန်းမဆိုတာ ပန်းကလေးတပွင့်လို နုနယ်စွာဖွဲ့စည်းထားသူတွေပါ။ ဒါပေမယ့် - ဒီပန်းကလေးဟာ ကြမ်းတမ်း ခက်ထန်အောင် သင်ပေးတဲ့ပတ်ဝန်းကျင်။ ကြမ်းတမ်းခက်ထန်မှ ရပ်တည်နိုင်မယ့်ဘဝပေးအခြေအနေ။ အညှာ အတာမဲ့စွာ အတိုက်ခိုက်ခံရတဲ့ လောကဓံမုန်တိုင်းတွေကို ဖြတ်သန်းခဲ့ပြီးတဲ့အခါမှာ- ဘယ်လိုအရာကိုမှ မမှု တော့တဲ့ မိန်းမကြမ်းအဖြစ် ရှင်သန်ကျန်ရစ်ခဲ့ပါတယ်။

သူမကတော့ အပြင်ပန်းက နုနယ်စွာဖွဲ့စည်းထားတဲ့ အမျိုးသမီးတစ်ယောက်ပါ။ ဒါပေမယ့်ထိကြည့်လိုက်တာနဲ့ မြွေပွေးလိုထပေါက်မယ့် အဆိပ်တွေကို ရင်ထဲမှာ အပြည့်သိမ်းထားတယ်။

သူမကတော့ အပေါ်ယံကပြုံးပြုံးရွှင်ရွှင် ဖောရွေတဲ့ အမျိုးသမီးတစ်ယောက်ပါ။ ဒါပေမယ့် လက်နက်ထက် ပြင်းထန်မယ့် အပြောအဆိုတွေနဲ့ ပစ်ခတ်သတ်ပစ်ဖို့ အဆင်သင့်ဖြစ်လို့နေတယ်။

သူမကတော့ တစ်ယောက်တည်းဘဝကိုဦးဆောင်ရပ်တည်နေတဲ့ အမျိုးသမီးတစ်ယောက်ပါ။ ဒါပေမယ့်-

ပင်ခြင်းခက်လို့ နွယ်ခြင်းယှက်ထားတဲ့ စီးပွားရေးကွန်ယက်တွေနဲ့ ဘဝကိုလျှောက်လှမ်းနေတယ်။

သူမဆီက လူမှုရေး။ စီးပွားရေးနဲ့ ကိုယ်ကြုံတွေ့နေတဲ့ ခက်အခဲတွေနဲ့ပတ်သက်လို့ ခဏလောက်တွေ့ဆုံ အကြံတောင်းချင်ပါသလား။ သြဂုတ်လ ၁၂ ရက် ( တနင်္ဂနွေနေ့) မှာ သူမအချိန်ပေးနိုင်ပါတယ်။ နေရာကတော့ ဗဟန်းမြို့နယ်မှာဖြစ်ပါတယ်။

စိတ်ပါဝင်စားသူများ Message box ကနေ နာမည်။ ဖုန်းနံပါတ်ပို့ထားပေးပါနော်။ ၁၀ ရက်နေ့မှာ တစ်ယောက်စီ ကို ဖုန်းပြန်ဆက်သွယ်ပြီး အချိန်ညှိနှိုင်းပေးပါ့မယ်။

ဪ- မေ့လို့။ သူမ ဆိုတာက မမကြည် လို့ခေါ်တဲ့ မိန်းမကြမ်းတစ်ယောက်ဆိုတာကိုတော့ မမေ့ကြပါနဲ့နော်။

Written By Kyi Kyi

Favorite( 0
share
You can comment if you sign up from login page.