Tag
Beauty

စိတ်ဒုက္ခပေးခဲ့တဲ့မျက်ကွင်းညိုခြင်းကိုလမ်းခွဲဖို့အချိန်ရောက်ပြီ

Hsu Myat Oo | 2018/08/02 18:43:31

မျက်ကွင်းညိုတာက တော်တော်လေးကို စိတ်ဒုက္ခပေးပါတယ်။ ဘယ်လိုဘဲ အသားအရည်ထိန်းသိမ်းတာတွေ ဘယ်လောက် လုပ်လုပ်မျက်ကွင်းညိုလာရင်တော့ စိတ်ညစ်ရပြီပေါ့။ မျက်ကွင်းညိုတာလေးတွေ ပျောက်နိုင်ဖို့ နည်းလမ်တွေရှာကြတယ်။ မိတ်ကပ် လိမ်းတိုင်း ဒီမျက်ကွင်းညိုတာကိုခနတာဖုံးနိုင်ဖို့ အလှကုန်ပစ္စည်းလေးတွေ သုံးလာကြတယ်။မိတ်ကပ်တွေသုံးပြီး ဖုံးထားပေမယ့်သဘာဝလောက်တော့ဘယ်ကောင်းပါ့မလဲနော်။ မျက်ကွင်း ညိုတဲ့ပုံစံတွေကလည်း အမျိုးမျိုးရှိတော့ ကိုယ်က ဘယ်လို ပုံစံဖြစ်နေတာလဲ၊ဘယ်လိုကာကွယ်ရမလဲ ဆိုတာကို သိထားသင့်တယ်လေ။ ဆုမြတ်ကိုယ်တိုင်က မျက်ကွင်းညိုတဲ့ သူဖြစ်တော့ မျက်ကွင်းညိုတာကြီးကိုမကြိုက်ဘူး လေ။ ဒါ့ကြောင့် ဘယ်လိုပျောက်အောင် လုပ်ရမလဲဆိုတာကိုဝေမျှပေးချင်တယ်။ ကဲကြည့်လိုက်ရအောင်နော်။

Blueish color

ဆိုတဲ့အဆင့်ကတော့စိတ်ဖိစီးမှုတွေအရမ်းများလာတာအိပ်ရေးမ၀တာ၊ဓာတ်မတည့်မှုတွေနဲ့အအေးမိလို့ဖြစ်တဲ့နှာခေါင်းပိတ်ခြင်းစတာတွေကြောင့်ဖြစ်တက်ပါတယ်။ဒီလိုတွေဖြစ်လာပြီဆိုရင်ကိုယ့်ကိုယ်ကိုယ်စိတ်ဖိစီးမှုကင်းအောင်ကြိုးစားဖို့မမေ့ပါနဲ့ မျက်လုံးတွေကိုအနားပေးပါ။မျက်ကပ်မှန်တွေ၊ မိတ်ကပ်တွေအကုန်ဖျက်ပြီးမှာ အိပ်ယာဝင်ပါ။အိပ်ယာမ၀င်ခင် အမှောင်ထဲမှာ ဖုန်းကိုနီးနီးကပ်ကပ်သုံးတာတွေ မျက်လုံးကိုပွတ်တာတွေ ဘယ်တော့မှမလုပ်သင့်ပါဘူး ။ မျက်လုံးနားတစ်ဝိုက်က ဆဲလ်လေးတွေက အရမ်းကိုသေးငယ်လွန်းပါတယ်။ တစ်ကယ်လို့များ အရမ်းယားလာပြီဆိုရင် လက်နဲ့ပွတ်မယ့်အစား မျက်စဉ်း ခတ်ပေးပါ။ မျက်လုံးဧရိယာတစ်ဝှိက်ကို အေးအေးလေးထားဖို့ မမေ့ပါနဲ့။ မခြောက်သွေ့ပါစေနဲ့။ မျက်လုံးဧရိယာတစ်ဝှိက်ကို ဖိအားလေးတွေ လျော့ကျစေဖို့အတွက် နှိပ်နယ်ပေးတာမျိုးတွေ လုပ်ပေးပါ။

Brownish Color

ဆိုတဲ့အဆင့်ကတော့ အိုမင်းလာတာ၊မျိုးရိုးဗီဇကြောင့်၊သွေးကြောများရဲ့ ပုံပန်းသဏ္ဍာန်တွေကြောင့်ဒါမှမဟုတ် နေရောင်ကြောင့် ပျက်စီးလာတာပါတဲ့။ဒီလိုတွေဖြစ်လာပြီဆိုရင်တော့လိမ်းနေကျ အလှကုန်ပစ္စည်းများကို SPFပါတဲ့ခရင်တွေပါ ပေါင်းလိမ်းပေးပါ။ မျက်ဝန်းလေးတွေ တောက်ပဖို့ ဗီတာမင်- Cကို သုံးပါ။ Niacinamideကို သုံးပြီးမျက်ဝန်းလေးတွေကို တောက်ပအောင်လုပ်ပါ။ Eye Mask လေးတွေကို သုံးပေးပါ။အိပ်ယာမ၀င်ခင် မျက်ဝန်းအောက်ပိုင်းကို Sleeping Maskလိမ်းပေးပါ။

Purple Color

ဆိုတဲ့အဆင့်ကတော့အိုမင်းလာခြင်းကြောင့်ဒါမှမဟုတ်အသားအရည်ပါးခြင်းကြောင့်သွေးကြောများကိုမြင်နေရတာတွေဘဲဖြစ်ပါတယ်။ဒီလိုတွေဖြစ်လာပြီဆိုရင်တော့မျက်ဝန်းအောက်ပိုင်းကိုအိုမင်းရင့်ရော်မှုကိုလျော့ကျစေတဲ့ အလှကုန်တွေကို သုံးပေးပါ။ဝါဂွမ်းလေးပေါ်ကို Anti-aging အစက်လေးတွေချပြီး မျက်ဝန်းအောက်ပိုင်းကို ၁မိနစ်၊ ၂မိနစ်လောက် ကပ်ထားပေးပါ။ တိုနာကို သုံးပေးလို့လဲ ရပါတယ်။

Shadowed Color

ဆိုတဲ့အဆင့်ကတော့မျက်ကွင်းညိုခြင်းအမျိုးအစားထဲကနောက်ဆုံးပါ။ အိုမင်းလာခြင်းကြောင့်၊ကိုယ်အလေးချိန် ကျဆင်း လာခြင်းကြောင့်ဒါမှမဟုတ်အရိုးတည်ဆောက်ပုံကြောင့်ပါ။ဒီလိုတွေဖြစ်နေတယ်ဆိုရင်တော့အိပ်ယာမ၀င်ခင်မိတ်ကပ်တွေအကုန်ဖျက်ပါ။ မိတ်ကပ်လိမ်းထားလို့ပဲဖြစ်ဖြစ်၊ မလိမ်းထားရင်ပဲဖြစ်ဖြစ် အိပ်ယာမ၀င်ခင် မျက်နှာသစ်ပြီးမှ အိပ်ပါ။လူတိုင်းက အသားအရည်ကိုပဲ အဓိကဂရုစိုက်ကြပါတယ်။ မျက်ဝန်းအောက်ပိုင်းကို မေ့ထားတတ်ကြတယ်။ မျက်ဝန်းအောက်ပိုင်းကို စိုစိုပြေပြေထားဖို့ကိုတော့ မေ့နေတတ်ကြပါတယ်။ ဒါ့ကြောင့် မျက်ဝန်းကိုခြောက်သွေ့အောင် မထားပါနဲ့။Concelarတွေ အများကြီး မလိမ်းပါနဲ့။ မျက်ကွင်းညိုရခြင်း အကြောင်းရင်းတစ်ခုက မျက်ကွင်းညိုတာကို ဖုံးဖို့ Concelarတွေ သုံးခြင်းပဲဖြစ်ပါတယ်။

Written By Hsu Myat Oo

Favorite( 0
share
You can comment if you sign up from login page.