Tag
Beauty

အသက်( ၃၀)နှင့် အထက်အမျိုးသမီးများ မဖြစ်မနေပြုလုပ်သင့်သည့် skin care routine

Thiri Thet Aung | 2018/07/24 17:42:37

(1) မိတ်ကပ်လိမ်းချယ်ရာတွင် မိမိအသားအရေကို စိုပြေစေမဲ့ skin care effect ပါဝင်တဲ့ မိတ်ကပ်မျိုးကို လိမ်းပေးသင့်ပါတယ်။ Sunscreen ပုံမှန်လိမ်းပေး ခြင်း ဖြင့်ခရမ်းလွန်ရောင်ခြည်ကြောင့်အရွယ်မတိုင်မီ အရေးအကြောင်း ဖြစ်ပေါ်မူ့ကို ကာကွယ်နိုင်ပါတယ်။ ဒါကြောင့်မို့ spf ပါဝင်တဲ့ မိတ်ကပ်မျိုးကို ရွေးချယ်သင့်ပါတယ်။

(2) Eye cream ကို မဖြစ်မနေ သုံးပေးသင့်ပါတယ်။ သင့်ရဲ့ အသက်၂၀ ဝန်းကျင်အရွယ်မှာ eye cream ကို မသုံးဖြစ်ခဲ့ရင်အခုအချိန်မှာ eye cream က မဖြစ်မနေ ပါဝင်သင့်ပါတယ်။

( tips: eye cream သုံးရာတွင်မျက်လုံး အောက်ဘက်၊ ပါးရိုး အပေါ်ဘက် တစ်လျှောက် ပတ်ပတ်လည်ကို လိမိးပေးသင့်ပါတယ်။)

(3) skincare လုပ်ရာတွင် လည်ပင်းကိုလည်း မချန်ထားသင့်ပါ။ မျက်နှာကို သုံးပြီး ပိုတဲ့ cream ကို လိမ်းပေးခြင်းဖြင့် အသားအရေ မလျော့တွဲအောင် ထိန်းသိမ်းပေးနိုင်ပါတယ်။

(4) မိတ်ကပ်ဖျက်tissue အစား မျက်နှာသစ်ဆပ်ပြာရည်ကောင်းကောင်းကို သုံးပေးခြင်းဖြင့် အသားအရေ ခြောက်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

(5) Retinol ကဲ့သို့ anti-aging ပါဝင်တဲ့ ပစ္စည်းတွေကို စသုံးပေးသင့်ပါတယ်။

(6) အိပ်ရေးဝဝအိပ်ပေးပါ။ တစ်နေ့ကို၈နာရီကြာ အိပ်စက် အနားယူပေးခြင်းဖြင့် ကျန်းမာပြီး လန်းဆန်းတဲ့ အသားအရေနဲ့ မျက်ဝန်းလေးတွေကို ပိုင်ဆိုင်နိုင်မှာပါ။

ပျိုမေ အားလုံး အမြဲနုပျိုလှပနိုင်ကြပါစေ။

Written By Thiri Thet Aung

Favorite( 0
share
You can comment if you sign up from login page.