Tag
Fashion

"ကိုယ်နဲ့လိုက်ဖက်တဲ့ ဖက်ရှင်ပုံစံကို ပျိုမေတို့ကိုယ်တိုင်ဘယ်လိုရှာဖွေနိုင်မလဲ"

Po Mo Htoo Aung | 2018/08/09 14:41:56

အာလုံးပဲ မင်္ဂလာပါနော်။ ဒီနေ့ First Class ပျိုမေလေးတို့အတွက် ပြောပြပေးချင်တဲ့အကြောင်း အရာကတော့ မိမိကိုယ်ပိုင်စတိုင်ကို ဘယ်လိုရှာဖွေနိုင်မလဲဆိုတာပါ။ အကျီင်္တစ်ထည်ထည်ကို ကြိုက်လို့ဝယ်လိုက်ပြီးမှ ဒါမှမဟုတ် ဝတ်လိုက်ပြီးမှ ကိုယ့်အကြိုက်ပုံစံမဟုတ်လို့ တစ်နေ့လုံးစိတ်ဆင်းရဲနေရတာမျိုး ဖြစ်ဖူးကြတယ်မဟုတ်လား။ ဒါကြောင့်မို့လို့ ပျိုမေတို့နောက်တစ်ကြိမ် ဒီလိုစတိုင်ပျောက်တဲ့အဖြစ်မျိုးမကြုံလေအောင် ဒီဆောင်းပါးလေးကနေတစ်ဆင့် ရှောင်ရန်၊ ဆောင်ရန်လေးတွေကို ပြောပြပေးသွားပါ့မယ်။

စိတ်ခံစားချက်အတိုင်း လုပ်ဆောင်ပါ

ကိုယ်ပိုင်စတိုင်ကိုရှာတွေ့နိုင်ဖို့ဆိုရင်တော့ ပထမဆုံးသင့်ရဲ့စိတ်အားထက်သန်မှုကို သိရှိဖို့လိုပါတယ်။ အွန်လိုင်းမှာတွေ့လိုက်လို့ ကြိုက်သွားတာမျိုးဖြစ်ဖြစ်၊ စတိုးဆိုင်မှာချိတ်ထားတဲ့ ဝတ်စုံလေးကိုသဘောကျသွားတာဖြစ်ဖြစ်၊ ဒါမှမဟုတ်လည်း တစ်ယောက်ယောက်ဝတ်ထားတဲ့ ဝတ်စုံကိုကြည့်ပြီးသဘောကျမိတယ်ဆိုရင်တော့ သေချာပါတယ်။ အဲ့ဒါသင့်စတိုင်ပါပဲ။ သင့်စတိုင်ဆိုတာ သင့်ကိုပျော်ရွှင်စေတဲ့အရာပါ။ နားလည်လွယ်အောင်ပြောရမယ်ဆိုရင်တော့ သင့်အနေနဲ့ အဲဝတ်စုံကိုဝတ်ထားတဲ့နေ့တွေမှာ သက်တောင့်သက်သာရှိပြီး ယုံကြည်ချက်ရှိရှိနဲ့ ပျော်ရွှင်နေရတာမျိုးပါ။ ဒါကြောင့်မို့လို့ ကိုယ်နှစ်သက်တဲ့ဝတ်စုံကိုဝတ်ဆင်ပြီး ကိုယ့်စတိုင်ကိုယ်ဖော်ထုတ်လိုက်ပါ။

ဖက်ရှင်ရေစီးကြောင်းကိုလိုက်ပြီး ပြောင်းလဲတတ်ပါစေ

သင်နှစ်သက်တဲ့စတိုင်ရယ်၊ ယနေ့ခေတ်ဖက်ရှင်ရေစီးကြောင်းရယ်က အံဝင်ခွင်ကျ ဖြစ်နေဖို့လိုပါတယ်။ သိုးမွှေးအကျီင်္ထူထူထဲထဲကြီးကို ဘယ်လောက်ကြိုက်ကြိုက် မြန်မာနိုင်ငံရာသီဥတုနဲ့က လုံးဝမကိုက်ညီပါဘူး။ အဲခါသင်ပဲစိတ်မပျော်မရွှင်ဖြစ်ပြီး ပင်ပန်းရပါလိမ့်မယ်။ အဲအစား အပေါ်ကုဒ်ပါးပါးလေးတွေကိုပဲ ဝတ်ဆင်ကြည့်ပါ။ သင်နှစ်သက်တဲ့အရာကို ဝတ်ဆင်လို့မရဘူးလို့ မဆိုလိုပါဘူး။ ရပါတယ်။ ဖန်တီးနိုင်စွမ်းရှိပြီး ထောင့်ပေါင်းစုံကမြင်တတ်အောင်သာ ကြိုးစားကြည့်ပါ။

ကိုယ့်ဖက်ရှင်ကိုယ် အမြဲနောက်ပြန်ကြည့်ပါ

ဖက်ရှင်ရေစီးကြောင်းနဲ့ ကိုယ်ပိုင်စတိုင်ဆိုတာ အမြဲဒွန်တွဲနေပါတယ်။ ဟိုးလွန်ခဲ့တဲ့တစ်နှစ်၊ နှစ်နှစ်လောက်ကပုံတွေပြန်ကြည့်ပြီး ငါဘယ်လိုစိတ်ကူးနဲ့များ ဒီလိုမျိုးဝတ်ခဲ့တာပါလိမ့်။ ဒီလိုမျိုးမိတ်ကပ်ပြင်ခဲ့တာပါလိမ့်ဆိုပြီး တွေးဖူးတယ်မဟုတ်လား။ အဲ့တုန်းကတော့ ကိုယ်မှကိုယ်အလှဆုံးလို့ထင်တာပါပဲ။ ခုနေပြန်ကြည့်ရင်တော့ဖြင့် ...။ မှန်ပါတယ်။ အဲလိုအမြဲပြန်ချိန်ဆနေတတ်ဖို့ လိုပါတယ်။ ဒါမှလည်း ခုခေတ်ဖက်ရှင်ရေစီးကြောင်းနဲ့လိုက်ပြီး ပြင်တတ်ဆင်တတ်လာမှာပါ။

လေ့လာ သင်ယူပါ

ယနေ့ခေတ်မှာ နည်းပညာတိုးတက်လာတာနဲ့အမျှ facebook၊ Instagram နဲ့ pinterest၊ Twitter တို့လို့ ဆော့ဝဲလ်တွေလည်း ခေတ်စားလာပါပြီ။ အဲလိုဆိုရှယ်မီဒီယာဆော့ဝဲလ်တွေကနေ ဖုန်းလေးတစ်လုံးရှိရုံနဲ့ ဖက်ရှင်အကြောင်းတွေ အများကြီးလေ့လာနိုင်ပါတယ်။ ကိုယ်သဘောကျတဲ့ စတိုင်၊ ဝတ်စုံလေးတွေတွေ့ရင် သိမ်းထားလိုက်ပါ။ နမူနာယူဝတ်ဆင်လို့ရပါတယ်။

ဈေးဝယ်တတ်ပါစေ

တွေ့သမျှလိုက်ဝယ်၊ ဘီဒိုပြည့်လိုက်ဝယ်ဖို့အတွေးရှိနေရင်တော့ အဲ့အတွေးကိုခုပဲဖျောက်ပစ်လိုက်ပါ။ ကိုယ်ဘာကြိုက်လဲဆိုတာကိုပဲ ဦးစားပေးဝယ်ယူပါ။ အရေအတွက်ထက် အရည်အသွေးကိုကြည့်ပါ။ အမှန်အတိုင်းပြောရရင် စာရေးသူလည်းတစ်ချိန်က အဲလိုလူဖြစ်ခဲ့ဖူးပါတယ်။ တွေ့သမျှလိုက်ဝယ်ပြီး အိမ်ရောက်မှမကြိုက်တော့လို့ ဒီတိုင်းချောင်ထိုးထားရတာမျိုးတွေရှိပါတယ်။ အဲ့တော့သွားစရာလာစရာရှိရင် ဘီဒိုကသာပြည့်နေတာ ဝတ်စရာတွေကမရှိတော့ပါဘူး။ တတ်နိုင်သမျှအွန်လိုင်းကနေလည်း မဝယ်ပါနဲ့။ ကိုယ်တိုင်အချိန်ပေးပြီး ကိုယ်နဲ့တကယ်လိုက်ရဲ့လား။ အမြဲဝတ်လို့ရပါ့မလား။ ကိုယ့်ဖက်ရှင်လား။ အရည်အသွေးကောင်လား သေချာစဉ်းစားပြီးမှဝယ်ပါ။

ယုံကြည်ချက်ရှိပါ

ယုံကြည်ချက်ရှိတာလောက် လူတစ်ယောက်ကိုဖက်ရှင်ရေစီးကြောင်းထဲ အထာကျသွားစေတဲ့အရာမရှိတော့ပါဘူး။ ယုံကြည်ချက်ရှိခြင်းဟာ ကိုယ်ပိုင်ဖက်ရှင်ကိုချပြဖို့ အကောင်းဆုံးနည်းလမ်းပါ။ ကိုယ်ခန္တာအရွယ်အစား၊ အသက်၊ စတိုင်အားလုံးကို မစဉ်းစာသေးဘဲ ခေါင်းကိုမော့၊ ရင်ကိုကော့ပြီးပဲ ယုံကြည်ချက်ရှိရှိ လမ်းထွက်လျှောက်ကြည့်ပါ။ သင်သာလျှင် အလှဆုံးဖြစ်နေပါလိမ့်မယ်။

Written By Po Mo Htoo Aung

Favorite( 0
share
You can comment if you sign up from login page.