Tag
Lifestyle

ကိုယ်အမျှော်လင့်ဆုံးအရာ။

Kyi Kyi | 2018/07/12 15:53:41

လိုအပ်ချက်နဲ့မျှော်လင့်ချက် မတူပါဘူး။ စားဝတ်နေရေးဆိုတာ နေ့စဉ်ဘဝမှာ မရှိမဖြစ်လိုအပ်နေတဲ့ အရာ ဖြစ်ပါတယ်။ ဒီလိုအပ်ချက်နဲ့ပြည့်စုံနေတဲ့အခါမှာ နောက်ထပ်မျှော်လင့်ချက်တွေ ထပ်ဖြစ်ပေါ်လာကြပါတယ်။ အမျိုးသမီးတိုင်းကို မဆိုလိုပေမယ့် တော်တော်များများသော အမျိုးသမီးတွေဟာ ကိုယ့်ကို အရမ်းဂရုစိုက်ပေး နိုင်တဲ့ သူကို မျှော်လင့်တတ်ကြပါတယ်။

ဘယ်လိုဂရုစိုက်ပေးနိုင်တဲ့သူမျိုးလဲ?



• ကိုယ်ကလွဲပြီး ဘယ်သူ့ကိုမှဦးစားမပေးနိုင်နဲ့သူ။

• ကိုယ်ကလွဲပြီး တခြားတယောက်အတွက် နေရာမပေးနိုင်တဲ့သူ။

• ကိုယ့်တယောက်တည်းကိုသာ အစွမ်းကုန်ချစ်ပေးနိုင်တယ်ဆိုတဲ့ သူ။

• ကိုယ်ဘာလုပ်လုပ်အပြစ်မမြင်ပဲ အလိုလိုက်ပေးနေတဲ့သူဆိုတာမျိုးဟာ

မိန်းကလေးတွေဘဝရဲ့ အကြီးမားဆုံး မျှော်လင့်ချက်ပဲဖြစ်နေပါတယ်။



ငယ်စဉ်ဘဝက ဒီလိုဂရုစိုက်ပေးမှုမျိုးကို မိဘတွေဆီက အပြည့်အဝ ရထားခဲ့ရင် အရွယ်ရောက်လာတဲ့အခါမှာ တခြားတယောက်စီက အပြည့်အဝရဖို့မျှော်လင့်ထားကြပါတယ်။ ချစ်သူဘဝ အိမ်ထောင်ရှင်မဘဝမှာလည်း ဒီမျှော်လင့်ချက်နဲ့ ရှင်သန်နေကြတာ အားနွဲ့တဲ့ မိန်းမသားတွေဘဝပါ။ ဒီလိုဂရုစိုက်ပေးနိုင်တဲ့သူ မတွေ့မချင်း မျှော်လင့်ချက်တွေမသေဆုံးပဲ စောင့်ဆိုင်းနေတဲ့ တကိုယ်တည်းသမား တွေကိုလည်း တွေ့နိုင်ပါတယ်။



တစ်ချို့ကတော့လည်း သူတယောက်တည်းကိုပဲ တစ်ဘဝလုံးပုံပြီးဂရုစိုက်ပေးလိုက်ရင် သူလည်းငါ့တစ်ယောက် တည်းကိုဂရုစိုက်မှာပါလို့ မျှော်လင့်ချက်နဲ့ ကံစမ်းမဲ လက်တည့်စမ်းသလို ရွေးချယ်လိုက်ကြပါသေးတယ်။ဘဝမှာ ကိုယ်တယောက်တည်းကို စွဲစွဲမြဲမြဲချစ်နေသူနဲ့တွေ့ရတဲ့ မိန်းကလေးတွေဟာ ကံကောင်းကြသူတွေ ဖြစ်ကြပါ တယ်။ ကိုယ်မျှော်လင့်ထားတဲ့သူဟာ သူပါလားလို့သိလိုက်ရတဲ့အချိန်မှာကိုယ့်ရဲ့ဘဝကိုသူနဲ့မြှုပ်နှံဖို့ အဆင်သင့် ဖြစ်သွားတတ်ကြပါတယ်။

မိန်းကလေးဆိုတာ ဘဝအတွက် ကိုယ်ချစ်ကိုရွေးတာထက် သူချစ်ကိုသာရွေးမယ်ဆိုရင် မျှော်လင့်ထားတဲ့ စိတ်ချမ်းသာရတဲ့ ဘဝကိုရမှာပါ။ ကျွန်မဘာလုပ်လုပ် အမြဲအပြုံးနဲ့ ခွင့်လွှတ်ပေးနေတဲ့သူ ကျွန်မစိတ်ကူးတိုင်းကို အရှေ့ကမားမားမတ်မတ် အကောင်အထည်ဖော်ပေးဖို့ အဆင်သင့်ဖြစ်နေတဲ့သူ။ ကျွန်မရဲ့ရွေးချယ်မှုတိုင်းကို အမြဲအလိုလိုက်ပေးနိုင်တဲ့သူဟာ ကျွန်မအနားမှာရှိနေပါပြီ။ဒီလို ဂရုစိုက်ပေးတဲ့သူကို ပိုင်ဆိုင်ခွင့်ရလို့ ကျွန်မဟာကံကောင်းတဲ့ အမျိုးသမီးတယောက်ဖြစ်တယ် ဆိုတာ မငြင်းနိုင်ပါဘူးရှင်။

Written By Kyi Kyi

Favorite( 0
share
You can comment if you sign up from login page.