Tag
Lifestyle

ကိုယ်က အဖြည့်ခံလား

Kyi Kyi | 2018/07/12 15:53:37

မိန်းမတစ်ယောက်ရဲ့ဘဝမှာ ယောက်ျားတစ်ယောက်က လူအများအကြားမှာ အနှိမ်ခံရတာလောက် သိမ်ငယ်စရာမရှိတော့။

ယောက်ျားတစ်ယောက်ပေးသမျှအမိန့်တွေကို တသွေမတိမ်းလိုက်နာနေရတာလောက် လူဖြစ်ရှုံးတာ မရှိတော့။

ယောက်ျားတစ်ယောက်ကပေးသမျှနဲ့ရောင့်ရဲနေရတာလောက် အစွမ်းအစ တုံးစေတာမရှိတော့။

ခဏခဏ သိမ်ငယ်ရလွန်းတဲ့အခါ အသက်ရှင်ရတာ တန်ဖိုးမဲ့လာတယ်။

ခဏခဏ လူဖြစ်ရှုံးလာမိတဲ့အခါ အရာရာကိုမကောင်းတဲ့ အမြင်နဲ့မြင်တတ်လာတယ်။

ခဏခဏ အစွမ်းအစ ကင်းမဲ့လာတဲ့အခါ လူပိုကြီးတစ်ယောက်ပါလို့ ခံစားရလာစေတယ်။

အနှိမ်ခံရရင် လက်တုန့်ပြန်နိုင်အောင် ရည်မှန်းချက်ထားပါ။

အမိန့်ပေးခံရရင် ကိုယ့်အရည်အချင်းကိုယ် သတိရပါ။

လက်ဖြန့်တောင်းနေရပြီဆိုရင် လွတ်မြောက်နိုင်မယ့် အချိန်အတွက် ပြင်ဆင်ထားပါ။

မလုပ်နိုင်ဘူးလုပ်ခွင့်မရှိဘူး။ မဖြစ်နိုင်တာ့ဘူး ဆိုရင် မျက်စိကိုမှိတ် နားကိုပိတ်လို့ စကားမပြောတတ်တဲ့ စက်ရုပ်တစ်ခုလို အဖြည့်ခံဘဝကို အသက်ရှင်ပါ။

ဘေဘီကြိုက်တာရွေးထားတဲ့ဘဝမှာ ပျော်အောင်နေတတ်အောင် ကြိုးစားပါနော်။



Written By Kyi Kyi

Favorite( 0
share
You can comment if you sign up from login page.