Tag
Fashion

"အဝလွန်ပျိုမေလေးများအတွက်စတိုင်ကျလှပစေမယ့်ဖက်ရှင်"

Kiko | 2018/07/12 16:04:50

ကျမတို့ ရဲ့ နေထိုင်စားသောက်မှုပုံစံတွေဟာခေတ်နဲ့အညီပြောင်းလဲလာတာနဲ့အမျှစတိုင်ကျကျဝတ်ဆင်တတ်ဖို့ ကလဲအရေးပါ လှပါတယ်…ယနေ့ ခေတ်ရဲ့ဖက်ရှင်ရေစီးကြောင်းမှာလိုက်ပါပြီးခေတ်နဲ့အညီဝတ်ဆင်နိုင်ဖို့  ကသင်ရဲ့ခန္ဓာကိုယ်ဝခြင်းပိန်ခြင်း အပေါ်မှာရာနှုန်းပြည့်သက်ရောက်မှုမရှိပါဘူး……သင့်ရဲ့အမြင်နဲ့ရွေးချယ်ဝတ်ဆင်တတ်မှုသာပဓာနကျပါတယ်…ဒါ့ကြောင့် သင့်ကိုယ်သင် Plus Size အဖြစ် ခံယူထားပြီးခေတ်နဲ့အညီမဝတ်ဆင်နိုင်ဘူးလို့ ယုံကြည်နေခဲ့မိရင်တော့ဖော်ပြပါနည်းလေးများ

အတိုင်းလိုက်နာဝတ်ဆင်ကြည့်လိုက်ပါ……သင်ယုံကြည်မှုရှိရှိနဲ့စတိုင်ကျလှပလာပါလိမ့်မယ်……

သင်ဟာ အဝတ်အစား၂ထပ်ဝတ်ဆင်တတ်တဲ့ အလေ့အထရှိသူဖြစ်ပါစေ

အတွင်းဘက်မှာအရောင်နုလေးများဖြစ်တဲ့မိုးပြာရောင်/ အသားရောင်/ ပန်းနုရောင်စတဲ့အကျီ င်္လေးများဝတ်ဆင်နိုင်ပြီး အနက်ရောင်/ကြက်သွေးရောင်/ကော်ဖီရင့်/ ဂျင်းဂျာကင်/လည်သာဂျာကင်စတဲ့အပေါ်ထပ်တစ်ခုခုနဲ့တွဲဖက်ကာ အသားကပ်ဘောင်းဘီအရောင်ရင့်တစ်မျိုးမျိုးနဲ့တွဲဖက်ဝတ်ဆင်နိုင်ပါတယ်……

အကျီ င်္ရွေးချယ်ရာမှာလဲဂုတ်ကြိုးချည်ကြိုးသိုင်း/ လည်ပင်းမှာကြက်ခြေခတ်ကြိုးပါတဲ့ဘလောက်စ်မျိုးဝတ်ဆင်ပြီးတခြားသူအမြင်ကိုအာရုံပြောင်းစေနိုင်တဲ့အမြင်ဆန်းတဲ့ကြိုးချည်အကျီလေးများဝတ်ဆင်နိုင်ပါတယ်

အောက်ဘက်ကိုတော့ ဂျင်းဘောင်းဘီ/ မီနီစကတ်စတာတွေနဲ့တွဲဖက်ဝတ်ဆင်ပေးလိုက်ရုံနဲ့တမျိုးလေးအမြင်ဆန်းပြီး ချစ်စဖွယ်ကောင်းနေစေမှာပါ

အတွန့် အထပ်လေးများပါတဲ့အကျီ/ ခေါင်းဆောင်းပါတဲ့အနွေးထည်အပါးစားအကျီ င်္မျိုးလေးများကိုအသားကပ်ဘောင်းဘီလေးများ/ ဂျင်းဘောင်းဘီလေးများနဲ့ဲတွဲဖက်ဝင်ဆင်ပေးနိုင်ပါသေးတယ်

ထိုကဲ့သို့ ဝတ်ဆင်ခြင်းကသင့်ခန္ဓာကိုယ်အဝလွန်ခြင်းကိုပေါ်လွင်စေမှာမဟုတ်ဘဲစတိုင်ကျတဲ့ဖက်ရှင်လေးနဲ့တင့်တယ်နေစေမှာပါ

သင့်အဝလွန်ခြင်းကိုမေ့လျော့ပြီးသင့်ဖက်ရှင်မှာစီးမျောသွားစေမယ့်အချက်

သင့်အဝလွန်ခြင်းကိုမေ့လျော့ပြီးသင့်ဖက်ရှင်မှာစီးမျောသွားစေမယ့်အချက်နောက်တခုကတော့သင်ရွေးချယ်ထားတဲ့အဝတ်နဲ့လိုက်ဖက်မယ့်အသုံးအဆောင်ဖြစ်တဲ့ဦးထုပ်/နေကာမျက်မှန်/ လက်ဆွဲအိတ်/ဖန်စီနားကပ်နဲ့ ဖန်စီဆွဲကြိုးလှလှလေးများ ရွေးချယ်ဝတ်ဆင်ပေးတတ်ရုံပါဘဲ………ဦးထုပ်ဆောင်းခြင်းနဲ့နေကာမျက်မှန်တပ် ဆင်ခြင်းကသင့်မျက်နှာသွင်ပြင်အလှကို ပိုပြီးအာရုံစိုက်စေမှာဖြစ်တဲ့အပြင် လည်ပင်းမှာကပ်နေတဲ့ဆွဲကြိုးမျိုးလေးတွေဆွဲပေးခြင်းကသင့်ကိုအဝလွန်နေတယ်လို့ မထင်စေတော့ ပါဘူး သင့်ရွေးချယ်မှုကသင့်ကိုအလှအပကို ဂရုတစိုက်ရွေးချယ်ဝတ်ဆင်တတ်သူအဖြစ် အသိအမှတ်ပြုနေစေ မှာဖြစ်ပါတယ်……

နောက်ဆုံးအချက်ကတော့

ဖိနပ်အမြင့်လှလှလေးများရွေးချယ်ဝတ်ဆင်ပေ့း ပါ………သဘာဝအရောင်နုလေးများဖြစ်တဲ့ဒေါက်ဖိနပ်အမြင့်လေးများ/ ရှုးဖိနပ်အထူလေးများကိုသာရွေးချယ်ဝတ်ဆင်ပေးခြင်းက သင့်ကိုပိုပြီးသွယ်လျလှပစေသယောင်ဖြစ်စေမှာပါ!



ကီကို့ စာဖတ်ပရိသတ်များထဲက Plus Size ပျိုမေလေးတွေဖက်ရှင်ကျလှပစွာဝတ်ဆင်နိုင်လို မိမိကိုယ်မိမိကျေနပ် နိုင်ကြပါစေနော်…………

Written By Kiko

Favorite( 0
share
You can comment if you sign up from login page.