Tag
Beauty

Sensitive skin ကို ဘယ်လို စောင့်ရှောက်ကာကွယ်ကြမလဲ?

Dr.Yin Linn Thit | 2018/08/01 15:17:38

ညစ်ညမ်းတဲ့ လေထုနဲ့ ထိတွေ့ရတဲ့အခါ၊ ဟော်မုန်း အပြောင်းအလဲ ဖြစ်တဲ့အခါ၊ စိတ်ဖိစီးမှုကြောင့် အိပ်ရေးပျက်တာများလာတဲ့အခါ.......သင့်ရဲ့ အသားအရေမှာ ဝက်ခြံတွေ၊ အရေပြား နီမြန်းခြောက်သွေ့ လာတာမျိုးတွေ၊ အနီရောင် အဖုလေးတွေ ပြင်လိုက် ဖောင်းကြွလာတာမျိုးတွေ၊ မတော်တဆ လက်သည်းနဲ့ ခြစ်မိတိုင်း ဖောင်းကြွနေတဲ့ အနီရောင် အစင်းကြောင်း ပေါ်လာတာမျိုးတွေ ဖြစ်နေပြီ ဆိုရင်တော့....သေချာပါတယ်၊ သင်ဟာ sensitive skin ပိုင်ရှင်ပါပဲနော်!



ပူပြင်းတဲ့ နေရောင်ခြည်တွေ၊ ညစ်ညမ်းနေတဲ့ လေထု နဲ့ ရာသီဥတု အပြောင်းအလဲတွေက သင့်အရေပြားကို အန္တရာယ် ပေးနေတာကြောင့် စိတ်ရှုပ်နေရပြီလား?

Allergic တွေ ပေါ်လာတိုင်း ဆေးခန်းသွားပြီး ဆေးထိုး ဆေးသောက် လုပ်နေရလို့ စိတ်ညစ်နေပြီလား?



မပူပါနဲ့ ကိုယ် ဒီနေ့ sensitive skin ကို ဘယ်လိုစောင့်ရှောက်ရမလဲ ဆိုတဲ့ နည်းလမ်းကောင်းလေးတွေ ပြောပြမယ်နော်! Genetic ကြောင့် အားနည်းနေတဲ့ ကိုယ့်ရဲ့ အသားအရေကို အားဖြည့်ပေးမယ့် နည်းလမ်းလေးတွေကို ကြည့်လိုက်ရအောင်နော်!

သံပရာရည် သောက်ပါ

- သံပရာသီး တစ်ဝက်ကို ရေကြက်သီးနွေး 200ml ထဲ ညှစ်ထည့်ပါ။ ပျားရည် အနည်းငယ် ရောပြီး မနက်တိုင်း မနက်စာမစားခင် သောက်သုံးပေးပါ။



- ဖျော်ရည်သောက်ပြီး နာရီဝက် ကြာမှ မနက်စာစားပါ။



- သံပရာနဲ့ ပျားရည်ထဲမှာပါတဲ့ Antioxidants တွေက သင့်ရဲ့ ကိုယ်ခံအားကို မြင့်တက်စေပြီး တနေ့တာလုံး ထိတွေ့နေရမယ့် နေရောင်ခြည်နဲ့ အန္တရာယ်၊ လေထုရဲ့ အန္တရာယ်ကို ကာကွယ်ပေးနိုင်ပါတယ်။



- ဒီနည်းကို အစာအိမ်ရောင် ဝေဒနာ ခံစားနေရတဲ့ သူတွေကတော့ ရှောင်ရှားရပါမယ်။

တစ်နှစ်ပတ်လုံး နေရောင်ကာလိမ်းဆေး လူးပါ

- Zinc oxide နဲ့ Titanium dioxide ပါဝင်တဲ့ နေရောင်ကာလူးဆေးကို ရွေးချယ်ဝယ်ယူသုံးစွဲပေးပါ။



- အနည်းဆုံး SPF 30 ပါတဲ့ နေရောင်ကာ လူးဆေးက သင့်ရဲ့ အရေပြားကို ထိခိုက်စေမယ့် UV rays တွေကနေ ကာကွယ်ပေးမှာ ဖြစ်ပါတယ်။



- မိုးအုံ့တဲ့ နေ့၊ မြူ ခိုးတွေ ထူထပ်ပြီး အေးနေတဲ့ နေ့တွေမှာတောင် လူးဖို့ မမေ့ပါနဲ့နော်။

skin care ကို ဂရုတစိုက် ရွေးချယ်ဝယ်ယူပါ

- alcohol, sodium lauryl sulfate, exfoliants နဲ့ synthetic fragrance ပါတဲ့ skin care မှန်သမျှကို မသုံးသင့်ပါ။



- whit tea, green tea, aloe veram chamomile, marine plants, calendula နဲ့ oats စတဲ့ ပါဝင်ပစ္စည်းတွေနဲ့ အဓိက ထုတ်လုပ်ထားတဲ့ skin care တွေကိုသာ ရွေးချယ်သင့်ပါတယ်။ဒါ့အပြင် hypoallergic& fragrance free ဆိုတဲ့ label ပါတဲ့ skin care က အသင့်တော်ဆုံးပါ။



- water proof make up တွေနဲ့ anti-aging complex တွေကိုတော့ ဝေးဝေးကရှောင်သင့်ပါတယ်။

အုန်းဆီစစ်စစ်နဲ့ ကုသပါ

- အုန်းဆီစစ်စစ်က အရေပြား ရောင်ရမ်းခြင်းကို အထူးသက်သာစေပါတယ်။



- အိပ်ရာမဝင်ခင်မှာ allergic ဖြစ်တတ်တဲ့ နေရာတွေကို အုန်းဆီပါးပါးလူးပြီး အသားထဲ စိမ့်ဝင်အောင် နှိပ်နယ်ပေးပါ။



- အိပ်ရာနိုးလာမှ ရေချိုးပါ။အကယ်၍ စေးကပ်ကပ် ဖြစ်နေခြင်းကို မနှစ်သက်ပါက ရေနွေးနွေးထဲ အုန်းဆီ 400ml ထည့်ပြီး တကိုယ်လုံး စိမ်ပေးပါ။



- ၁၅မိနစ်ခန့်ကြာမှ အဝတ်ခြောက်နှင့် အသာအယာ သုတ်ပြီး အိပ်ရာဝင်ပါ။



- နေ့စဉ် ပြုလုပ်ပေးပါက ကျန်းမာပြီး စိုပြေတဲ့ အသားအရေ ရရှိလာခြင်းကြောင့် allergic ဖြစ်တဲ့ အကြိမ်ရေ သိသိသာသာ ကျဆင်းလာမှာ ဖြစ်ပါတယ်။

နို့နှင့် သန့်စင်ခြင်း

- နွားနို့ဟာ sensitive skin တွေအတွက် အကောင်းမွန်ဆုံး သန့်စင်ရည် ဖြစ်ပါတယ်။



- နွားနို့ထဲကို နှစ်ထားတဲ့ ဂွမ်းလုံးနဲ့ ခန္ဓာကိုယ်ကို အသာအယာ ပွတ်ပေးပါ။



- ၁၅မိနစ် ကြာအောင် ထားပြီးနောက် ရေကြက်သီးနွေးနဲ့ ရေချိုးပါ။



- နေ့စဉ် လုပ်ဆောင်ပေးပါက ခြောက်သွေ့ပြီး ယားယံနေတဲ့ အသားအရေကို ပျောက်ကင်းစေနိုင်တာ တွေ့ရမှာပါ။

Rose water သုံးပါ

- Rose waterကို toner အဖြစ် အသုံးပြုနိုင်သလို အိပ်ရာမဝင်ခင် အရေပြားပေါ်မှာspray အဖြစ် ဖြန်းပေးပြီး အသာအယာ နှိပ်နယ်ပေးပါ။



- Rose water တို့ထားတဲ့ ဂွမ်းလုံးကို မိတ်ကပ်တွေကို ဖယ်ရှားတဲ့ နေရာမှာ အသုံးပြုနိုင်ပါတယ်။



- ရေချိုးမည့် ရေထဲသို့ Rose water 500ml ရောနှောပြီး ရေချိုးခြင်းကလည်း သင့်ကို allergic reaction တွေကနေ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

အာဟာရ မျှတအောင် နေထိုင် စားသောက်ပြီး အိပ်ရေးဝဝ အိပ်ပေးပါ။ပေါင်မုန့်အဖြူ ၊ ပဲပိစပ်၊beer၊ red wine နဲ့ ဆိုးဆေး ပါဝင်တဲ့ အစားအစာတွေကို ရှောင်ရှားပြီး မိမိရဲ့ အသားအရေကို ကျန်းမာအောင် စောင့်ရှောက်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်

မေတ္တာဖြင့် Dr.ရင်လင်းသစ်

Favorite( 0
share
You can comment if you sign up from login page.