Tag
Beauty

Plastic Surgery မလုပ်မီသိထားသင့်သည့်အချက်များ

Whitney Sparkle | 2018/07/18 13:58:35

ချစ်တို့ရေ….အရင်ကဆိုရင် Plastic Surgery ဆိုရင် Hollywood Cele တွေ Korea အနုပညာရှင်တွေ လောက်သာ ပြေးမြင်ခဲ့ကြပေမယ့် အခုနောက်ပိုင်း မြန်မာနိုင်ငံက Cele တွေကြားထဲမှာပါ trend တခုအနေနဲ့ ရေပန်းစားလာတယ်နော်? ဒါကြောင့်မို့ Plastic Surgery လုပ်ဖို့စဉ်းစားနေသူတွေအတွက် ကြိုတင်စဉ်းစားသင့် ပြင်ဆင်ထားသင့်တဲ့ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်ရှင့်………..

ကိုယ့်ကိုယ်ကိုမေးပါ

ကိုယ်ကတကယ်လုပ်ချင်တာသေချာပြီလား? ကိုယ့်အတွက်တကယ်လိုအပ်လို့လား? Trend တခုအနေနဲ့ စမ်းသပ်ချင်ယုံသပ်သပ်လား? ဘယ်အစိတ်အပိုင်းကိုလုပ်ချင်တာလဲ? စတာတွေကိုကိုယ်တိုင်လေ့လာစမ်းစစ်ပါ။

ဦးစွာသေချာအောင်စုံစမ်းမေမြန်းပါ

ဆုံးဖြတ်ပြီးတာနဲ့ ပထမဦးဆုံးကိုယ့်ကိုယ်ခွဲစိတ်ပေးမယ့် ဆရာဝန်ကဘယယ်သူလဲ? သူ့ရဲ့ခွဲစိတ်အောင်မြင်မှု ရာခိုင်နှုန်းနဲ့ အသိအမှတ်ပြုလက်မှတ်စတာတွေကို စုံစမ်းပါ။ ပြည်တွင်းမှာပဲခွဲမလား ပြည်ပထိသွားချင်လား ဈေးနှုန်းစတာတွေကို သေချာစီစစ်တွက်ချက်ပါ။

ဖြစ်လာနိုင်တဲ့အကျိုးဆက်တွေကိုသိရှိပါ

Plastic Surgery ခွဲစိတ်အောင်မြင်လို့ ကိုယ်လိုချင်တဲ့ အနေအထားများရခဲ့တယ်ဆိုရင်တောင် တခါတရံမှာ ဘေးထွက်ဆိုးကျိုး (side effects) တွေရှိတတ်ပါတယ်။ အဲ့ဒါတွေအတွက် ဆေးဝါးရေရှည်မှီဝဲရတာတွေထိ ဖြစ်နိုင်ပါတယ်။ လုပ်ပြီးသွားတဲ့အခါ ဆောင်ရန်ရှောင်ရန်တွေကို သေချာလိုက်နာဖို့လဲ လိုအပ်ပါတယ်။ ဒါတွေကို မခွဲစိတ်ခင်အရင် ဆရာဝန်ကိုသေချာမေးမြန်းထားဖို့ အရေးကြီးပါတယ်။

အခြားနည်းလမ်းများကိုစမ်းသပ်ကြည့်ပါ

ဥပမာ-ဝနေလို့ Model ကိုယ်လုံးလေးဖြစ်ချင်တယ်ဆိုရင် Diet, Gym, Yoga, Dance….စတဲ့နည်းတွေတဆင့် ကိုယ်နဲ့အဆင်ပြေမယ်ထင်တာကို လုပ်ဆောင်ကြည့်တာမျိုး အရင်လုပ်ကြည့်သင့်ပါတယ်။ Plastic Surgery လုပ်ဖို့စိတ်ဝင်စားတဲ့သူတွေအတွက် လိုအပ်တဲ့အချက်အလက်တွေကို ဝေမျှတာပါ။ ဒါပေမယ့် အဓိကအရေးကြီး ဆုံးအချက်ကတော့ မိမိကိုယ်ကိုနှစ်သက်သဘောကျဖို့ပါပဲ။ လူတိုင်းမှာတော့ အလှတရားကိုယ်စီရှိကြပါတယ် ဒါကိုမြင်အောင်ကြည့်တတ်ဖို့ပဲ လိုတာပါလို့………

Written By Whitney Sparkle

Favorite( 0
share
You can comment if you sign up from login page.