Tag
Beauty

" တောက်ပကြည်လင်တဲ့မျက်လုံးတစ်စုံရဲ့ လျှို့ ဝှက်ချက် "

Kiko | 2018/06/27 17:04:21

တောက်ပကြည်လင်ပြီးဖြူဖွေးတဲ့မျက်လုံးတစ်စုံရရှိဖို့ အတွက်သင်အများကြီးစဉ်းစားနေဖို့ မလိုပါဘူး……သဘာဝအသီးအနှံများက လူတွေအတွက်များစွာအကျိုးပြုတဲ့အပြင်ငွေကြေးအကုန်အကျလဲသက်သာစေပါတယ်။ယခုဖော်ပြပေးမယ့်အချက်တွေထဲကသင်နဲ့သင့်တော်မယ့်အရာကိုရွေးချယ်အသုံးပြုနိုင်ရန်ဖော်ပြပေးလိုက်ပါတယ်..

သခွားသီး

သင့်မျက်ဝန်းတစ်စုံသာမကသင့်ခန္တာတစ်ကိုယ်လုံးမှအပူတွေကိုငြိမ်းပေးစေနိုင်တဲ့အပြင်..မျက်ဝန်းနီရဲခြင်းကိုလဲသက်သာစေပါတယ်.....အသုံးပြုပုံကတော့ရိုးရိုးလေးပါဘဲ..သခွားသီးကိုအနေတော်အရွယ်အကွင်းနှစ်ကွင်းလှီးပါ.....ညအိပ်ယာမ၀င်ခင်...သင့်မျက်ဝန်းနှစ်ဖက်မှာတစ်ကွင်းစီတစ်နာရီလောက်ကပ်ထားပေးရုံပါဘဲ......ယခုလိုပြုလုပ်ပေးခြင်းကသင့်မျက်လုံးများကိုတောက်ပလှပလာစေမှာဖြစ်ပြီး...အမြင်ကိုပါကြည်လင်စေမှာပါ

ခရမ်းချဉ်သီး

သင့်မျက်ဝန်းတစ်စုံနဲ့ခန္တာကိုယ်ကိုအေးမြစေနိုင်တဲ့အစွမ်းရှိပါတယ်..ခရမ်းချဉ်သီးကိုလဲသခွားသီးကဲ့သို အနေတော်အရွယ် အကွင်းနှစ်ကွင်းလှီးပြီးသင့်မျက်ဝန်းနှစ်ဖက်ပေါ်မှာတစ်ကွင်းစီ(နှစ်နာရီ)လောက်ကပ်ထားပေးရပါမယ်

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ကလဲသင့်မျက်ဝန်းတစ်စုံကိုရေဓါတ်ဖြည့်တင်းပေးနိုင်တဲ့ခအပြင်ခန္တာကိုယ်နဲ့မျက်နှာအသားအရေလှပခြင်းကိုပါလုပ်ဆောင်စွမ်းရှိပါတယ်......ရှားစောင်းလက်ပတ်ကိုလဲရှေ့ မှာဖော်ပြထားသောအသီးများကဲ့သို့ မျက်ဝန်းနှစ်ဖက်စာ အနေတော်အရွယလှီးဖြတ်ပြီးသင့်မျက်ဝန်းနှစ်ဖက်ပေါ်မှာတစ်ကွင်းကပ်ထားပေးရုံဖြင့်သင့်မျက်ဝန်းတစ်စုံအတွက်လုံလောက်တဲ့အေးမြမှုကိုပေးစွမ်းနိုင်လို့ တောက်ပပြီးရွှန်းစိုတဲ့မျက်ဝန်းတစ်စုံကိုသင်ရရှိခံစားနိုင်ပါသေးတယ်....

နောက်ထပ်သဘာဝနည်းများကတော့



နှင်းဆီရည်စိမ်ထားတဲ့တစ်ရှုးအစိုလေးကိုမျက်ဝန်းနှစ်ဖက်မှာကပ်ပေးထားလို့ရ ပါသေးတယ် နှင်းဆီရည်ကို သင့်မျက်ဝန်းမှာ ကပ်ပေးထားခြင်းကလဲ သင့်မျက်ဝန်းတစ်စုံကိုထာဝရကြည်လင်တောက်ပသန့် စင်နေစေမှာဖြစ်ပါတယ်နောက်တစ်မျိုးကတောံ့ရေခဲကပ်ပေးခြင်းပါ………မျက်ဝန်းကအပူတွေကင်းလျှင်မျက်ဝန်းကိုအေးမြပြီးအမြင်အာရုံကိုလဲကောင်းစေပါတယ်…သင့်မျက်လုံးမှာရေခဲကို ၂ မိနစ်လောက်ကပ်ပေး ခြင်းကမျက်လုံးနီရဲခြင်း ယားယံခြင်းနဲ့ယောင်ယမ်းခြင်းကိုပါ သက်သာစေပြီး အမြင်အာရုံကိုပါကြည်လင်တောက်ပလာစေပါတယ်….

ရောဂါကင်းဝေးပြီး ကြည်လင်တောက်ပတဲ့မျက်ဝန်းလေးများပိုင်ဆိုင်နိုင်ကြပါစေနော်……..

Written By Kiko

Favorite( 0
share
You can comment if you sign up from login page.