Tag
Beauty

မိုးရာသီတွင်း အသားအရေ ထိန်းသိမ်းခြင်း

Dr.Yin Linn Thit | 2018/06/27 16:54:24

မိုးရာသီမှာ အထူးသတိထားရမှာကတော့ သင့်ရဲ့ အသားအရေကို အဆီမပြန်နေစေဖို့ပါပဲနော်!

အဆီပြန်ပြီး ညစ်ညမ်းနေတဲ့အသားအရေဟာ ဘက်တီးရီးယား ပိုးမွှားတွေနဲ့ မှိုပွင့်လေးတွေအတွက်တော့ ကလေးလေးတွေ သကြားလုံးဆိုင်ကြီး တွေ့သွားသလို ပျော်မွေ့ဖွယ်ရာ မွေ့ယာကြီး ဖြစ်နေမှာပါနော်။

ဒါဆိုရင်တော့ အမျိုးမျိုးသော အရေပြားပြဿနာတွေကို ဖိတ်ခေါ်နေသလိုပဲပေါ့။



ကဲ! အဲ့ဒီတော့ မိုးရာသီတွင်းမှာ အရေပြားပြဿနာတွေ မရှိရလေအောင် ဆောင်ရန်| ရှောင်ရန်လေးတွေ ပြောပြမယ်နော်

ဆောင်ရန်

(1) မျက်နှာပေါ်က ပိုလျှံနေတဲ့ အဆီတွေနဲ့ အညစ်အကြေးတွေက ချွေးပေါက်တွေကို ပိတ်စေနိုင်တဲ့အတွက် တစ်နေ့လျှင် ၃ ကြိမ် မျက်နှာသစ်ပါ။



(2) အရေပြားရဲ့ pH level ကို ထိန်းနိုင်ပြီး သင့်အသားအရေ တောက်ပနေစေဖို့အတွက် alcohol မပါတဲ့ toner ကို မဖြစ်မနေ အသုံးပြုပေးပါ။



(3) စိုထိုင်းဆများတဲ့ လေထုက သင့်အသားအရေကို မပျက်စီးနိုင်စေဖို့ water based nourishing moisturizer နဲ့ day cream ကို မမေ့မလျော့ လူးပေးပါ။



(4) မိုးအုံ့နေပေမယ့်လည်း UV rays တွေ ရှိနေတာမို့ SPF ပါတဲ့ sunscreen ကို အသုံးပြုပေးပါ။

(5) လေထုညစ်ညမ်းမှုကြောင့် ပျက်စီးသွားတဲ့ ဆဲလ်သေ တွေကို ဖယ်ရှားဖို့အတွက် soft scrub ကို နေ့စဉ်သုံးပေးပါ။



(6) အသားအရေ ပြုပြင်ထိန်းသိမ်းဖို့အတွက် home made masks များကိုသာ အသုံးပြုပေးပါ။

Homemade masks

(1) ကွေကာအုတ် လက်ဖက်စားဇွန်း ၃ ဇွန်း| ကြက်ဥအကာ အနည်းငယ်| ပျားရည် လက်ဖက်စားဇွန်း တစ်ဇွန်းကို ရောပြီး ချောမွေ့သော အနှစ် ရှိသည်အထိ မွှေပါ။ သန့်စင်ထားသော မျက်နှာပေါ်တွင် သုတ်လိမ်းပေးပြီး နာရီဝက်ကြာလျှင် ရိုးရိုးရေနှင့် ဆေးပါ။ တပါတ်လျှင် ၂ ကြိမ် အသုံးပြုပေးပါက ကျန်းမာပြီး စိုပြေသော အသားအရေကို ရရှိစေပါသည်။



(2) ကွေကာအုတ် လက်ဖက်စားဇွန်း ၃ဇွန်း| rose water လက်ဖက်စားဇွန်း ၁ ဇွန်း နှင့် ပျားရည် လက်ဖက်စားဇွန်း ၁ဇွန်းကို ရောနှောပြီး ချောမွေ့သော အနှစ် ရသည်အထိ မွှေပေးပါ။သန့်စင်ထားသော မျက်နှာပေါ်တွင် သုတ်လိမ်းပေးပြီး နာရီဝက်ကြာလျှင် ရိုးရိုးရေနှင့် ဆေးပါ။ တပါတ်လျှင် ၂ ကြိမ် လုပ်ဆောင်ပေးပါက ကြည်လင် စိုပြေသော အသားအရေကို ရရှိစေပါသည်။

(3) တစ်လက်မအရွယ် ငှက်ပျောသီး တစ်ပိုင်း| ပန်းသီး အရွယ်တော် တစ်စိတ်| စတော်ဘယ်ရီ အရွယ်တော် တစ်လုံး နှင့် ပျားရည် လက်ဖက်စားဇွန်း ၁ ဇွန်းကို blender နှင့် ကြိတ်ပါ။ ကြိတ်ပြီးသော အနှစ်ရည်ကို သန့်စင်ထားသော မျက်နှာပေါ်၌ သုတ်လိမ်းပေးပါ။ နာရီဝက်ကြာလျှင် ရိုးရိုးရေနှင့် ဆေးပါ။ တပါတ် ၂ ကြိမ် လုပ်ဆောင်ပေးပါက ကြည်လင်တောက်ပသော အသားအရေကို ရရှိစေပါသည်။



ရှောင်ရန်

(1) အသားအရေ ပျက်စီးနိုင်သောကြောင့် ရေနွေးနှင့် ရေချိုးခြင်းကို ရှောင်ကြဉ်ပါ။



(2) မျက်နှာသန့်စင်ခြင်းနှင့် ရေချိုးခြင်းကို အချိန်ယူပြီး လုပ်ဆောင်ပေးပါ။ သို့မဟုတ်ပါက ပိတ်ဆို့နေသော ဆဲလ်သေများကြောင့် အရေပြား ပြဿနာများ ပေါ်ပေါက်လာစေနိုင်ပါသည်။



မေတ္တာဖြင့် Dr.ရင်လင်းသစ်

Favorite( 0
share
You can comment if you sign up from login page.