Tag
Beauty

မျက်တောင်တုတပ်ဆင်ခြင်းပညာ

Kiko | 2018/06/21 15:43:29

မျက်တောင်စိုက်ရတာမနှစ်သက်ဘဲမိမိမျက်ဝန်းလေးကိုတခဏတာယာယီအလှဆင်လိုသူပျိုမေတို့အတွက်နက်မှောင်လှပပြီးစွဲဆောင်မှုရှိစေတဲ့မျက်တောင်တုလေးများတပ်ဆင်နိုင်ရမျက်တောင်တုတပ်ဆင်ပုံအဆင့်ဆင့်ကိုဖော်ပြပေးလိုက်ပါတယ်။

လိုအပ်တဲ့ပစ္စည်းလေးများကတော့.

(၁) မျက်တောင်တုတစ်စုံနဲ့ကော်

(၂) မျက်တောင်ကောက်တံ

(၃)မျက်တောင်ကော့မက်စ်ကာရာ

(၄)ကတ်ကြေး

"အသုံးပြုနည်းအဆင့်ဆင့်"

(၁) မိမိ ကြိုက်နှစ်သက်ရာမျက်တောင်အမျိုးအစား(အထူ/အပါး/ မထူ မပါး) တစ်စုံဝယ်ပါ။



(၂)မိမိမျက်လုံးအလျားကိုကြည့်ကာဘေးတစ်ဖက်တစ်ချက် စီကို ကတ်ကြေးဖြင့်ညှပ်ပေးပါ ။မညှပ်ပေးပါကမျက်လုံးအိမ်ဘေး ထောင့်စွန်းတွေကိုထောက်ကာမျက်တောင်တပ်ထားစဉ်တစ်နေ့တာလုံးအနေရခက်နာကျင်နေစေလို့ပါ။

(၃) ညှပ်ပြီးပါကမျက်တောင်တုလေးများကိုလက်နဲ့ကွေးညွှတ်ပြီးပျော့ပျောင်း စေရန်ပြုလုပ်ပေးရပါမယ်။ သို့မှသာမျက်လုံးပေါ်တွင် တစ်သားတည်းကျပြီးတပ်ဆင်ရလွယ်ကူစေပါလိမ့်မယ်။



( ၄) မျက်တောင်တုလေးများပျော့ပျောင်းသွားပါကသင့်မျက်လုံးတွင်တပ်ဆင်ရန်အသင့်ဖြစ်နေပြီမို့ သင့်မျက်တောင်အစစ်လေးများ အားမက်စ်ကာရာဖြင့်ကော့ထားလိုက်ပါအုံး။



(၅)ထို့ နောက်မျက်တောင်တုလေးများရဲ့ အရင်းလိုင်းတစ်လျှောက်ကိုကော် သုတ်ပေးပြီးခပ်ထပ်ထပ်အနေလောက်ရောက်ပါက မျက်တောင်တုလေးများကိုမျက်လုံးရဲ့ အလယ် ဗဟိုမှစတင်၍ဖိကပ်တပ်ဆင်နိုင်ပါပြီ။ထိုသို့တပ်ဆင်ခိုင်းခြင်းသည် ဘယ်ညာအလျားညီစေရန်အတွက်ဖြစ်ပြီးအစစ်နဲ့အတုကိုတစ်ထပ်တည်းဖြစ်စေရန်အတွက်မျက်တောင်ကောက်တံလေးဖြင့်ဖိ

ညှပ်ပေးလိုကပါကလှပနက်မှောင်ရှည်လျားပြီးမျက်တောင်အစစ်လေးများသဖွယ်သင့်မျက်ဝန်းတစ်စုံကိုမြင်တွေ့နိုင်ပါပြီ။

Written By Kiko

Favorite( 0
share
You can comment if you sign up from login page.