Tag
Beauty

Skin care ကိုနည်းစနစ်တကျအသုံးပြုနည်း။

Htoo Htoo | 2018/06/21 16:03:44

နေ့စဉ်လှုပ်ရှားသွားလာနေထိုင်မှုကြောင့် အသားအရေဟာတစ်နေ့တခြား ပျက်စီးလာကြပါတယ်။ လေထုညစ်ညမ်းမှု , ပတ်ဝန်းကျင်အမှိုက်သရိုက်ကြောင့်ဖြစ်ပေါ်လာတဲ့အဆိပ်ငွေ့ စသည်တို့က လူ့အရေပြားကိုအများဆုံး ဖျက်စီးနေကြတဲ့ အဓိကတရားခံတွေပါပဲ။

ခန္ဓာကိုယ် အရေပြားထက်မျက်နှာအရေပြားကပိုမိုပျက်စီးလွယ်တာကိုရော သိပါသလား။ မျက်နှာအရေပြားဟာ လေထုညစ်ညမ်းမှု ဖုန်မှုန့်တွေအပြင် နေ့စဉ်လိမ်းချယ်နေတဲ့ cosmetic တွေကြောင့်လည်းပျက်စီးစေပါတယ်။ ဒီလိုပျက်စီးမှုတွေကို ကာကွယ်တားစီးနိုင်ဖို့အကောင်းဆုံးနည်းလမ်းက မျက်နှာ skin care ကိုသေချာပြုလုပ်ခြင်းပါ။

Skin care ပြုလုပ်ခြင်းကိုနည်းစနစ်တကျပြုလုပ်မှသာ ထိရောက်တဲ့ ကာကွယ်မှုဖြစ်စေမှာပါ။ နည်းစနစ်မမှန်တဲ့ skin care အသုံးပြုပုံတွေကြောင့်လည်းအသားအရေပျက်စီးစေတာမို့ skin care ကိုနည်းစနစ်တကျအသုံးပြုတက်ဖို့ လမ်းညွှန်ပေးလိုက် ပါတယ်နော်။

မိတ်ကပ်ဖျက်ဆေးကို သေချာအသုံးပြုပါ။

ယနေ့ခေတ်မှာ အမျိုးသမီးတွေသာမက အမျိုးသားတွေလည်းမိတ်ကပ်အသုံးပြုတာတွေရှိနေပါပြီ။ မိတ်ကပ်လိမ်းခြယ်မှု အချိန်ပြီးဆုံးပါက မိတ်ကပ်ဖျက်တက်တဲ့အကျင့်ကိုပြုမူပါ။ ဖုန်နဲ့ မိတ်ကပ်ပေါင်းစည်းမိက မျက်နှာအသားအရေကိုပိုမိုပျက်စီးစေပါတယ်။ ချွေးပေါက်ပိတ်ခြင်း, ဝက်ခြံထွက်ခြင်း, အသားအရေကိုအိုမင်းစေခြင်းစတာတွေဖြစ်ပေါ်စေပါတယ်။ မိတ်ကပ်ကို မိတ်ကပ်ဖျက်ဆေးနဲ့သီးသန့်ဖျက်ပါ။ မိတ်ကပ်ဖျက်ဆေးနဲ့ဖျက်ပြီးမှ မျက်နှာသစ်ဆေးသေချာထပ်သုံးပါ။ မိတ်ကပ်ဆေးကိုလည်းဈေးကွက်တွေထဲမှာအလွယ်တကူမေးမြန်းဝယ်ယူနေနိုင်ပါပြီ။

မိမိအသားအရေနဲ့သင့်တော်တဲ့မျက်နှာသစ်ဆေးကိုရွေးချယ်ပါ။

မျက်နှာပေါ်မှာတင်ကျန်နေနိုင်တဲ့ဖုန်နဲ့အညစ်အကြေးတွေကိုသန့်စင်နိုင်ဖို့က မျက်နှာသစ်ဆေးက အရေးကြီးဆုံးပါ။ အသားအရေအမျိုးအစားအလိုက် မျက်နှာသစ်ဆေးအမျိုးအစားအစုံအလင် ရှိပါတယ်။ မိမိအသားအရေအမျိုးအစားပေါ်မူတည်ပြီး မှန်ကန်တဲ့မျက်နှာသစ်ဆေးကိုရွေးချယ်အသုံးပြုနိုင်ပါတယ်။

ချွေးပေါက်တွေကျဉ်းစေဖို့Toner သုံးပါ။

မျက်နှာကိုမျက်နှာသစ်ဆေးနဲ့ သန့်စင်ပြီးပါက ချွေးပေါက်တွေကအနည်းငယ်ကျယ်သွားတက်ပါတယ်။ ထိုအခြေအနေမျိုးကို ကာကွယ်ဖို့အတွက် Toner ကိုမပျက်မကွက်ထပ်မံအသုံးပြုရပါတယ်။ Toner ကချွေးပေါက်ကျဉ်းစေခြင်း, ချွေးပေါက်ထဲမှာ ကျန်ရှိနေနိုင်တဲ့ အညစ်အကြေးတွေကိုထပ်မံသန့်စင်စေခြင်း, ရေဓာတ်ဖြည့်တင်းစေခြင်း စတဲ့အကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်။

Moisturizer နဲ့ထပ်မံဖြည့်တင်းပါ။

အထပ်ထပ်သန့်စင်ထားတဲ့ မျက်နှာအသားအရေကို moisturizer လိမ်းပြီးအနားပေးသင့်ပါတယ်။ Moisturizer ကရေဓာတ်ဖြည့်တင်းခြင်း, အသားအရေကိုစိုပြေစေခြင်း, ပျက်စီးသွားတဲ့အသားအရေကိုပြန်လည်ဖြည့်တင်းပေးခြင်း စတဲ့လုပ်ဆောင်ချက်တွေကိုတာဝန်ယူပေးပါတယ်။



ဒီအချက် (၄) ချက်က အသားအရေထိန်းသိမ်းခြင်းရဲ့ အခြေခံနည်းလမ်းလေးတွေပါ။ မိမိအသားအရေပေါ်မူတည်ပြီး skin care step တွေထပ်မံဖြည့်တင်းအသုံးပြုနိုင်ပါတယ်။ ဒီနည်းလမ်းလေးတွေစနစ်တကျပြုလုပ်ခြင်းဖြင့် မျက်နှာအသားအရေကို ထိန်းသိမ်းထားနိုင်ပါတယ်။

Written By Htoo Htoo

Favorite( 0
share
You can comment if you sign up from login page.