Tag
Beauty

အမျိုးသမီးတို့အတွက် body care

Htoo Htoo | 2018/06/21 15:50:03

အမျိုးသမီးတို့ရဲ့ အလှအပရေးရာတွေထဲမှာ ခန္ဓာကိုယ်အသားအရေအလှကလည်းအရေးပါပါတယ်။ မျက်နှာအလှတစ်ခုမဟုတ်ဘဲ ခန္ဓာကိုယ်အသားအရေအလှကိုလည်းထိန်းသိမ်းနိုင်ဖို့ လွယ်ကူတဲ့body care နည်းလမ်းလေးတွေဝေမျှပေးလိုက်ပါတယ်နော်။

ရေချိုးဆပ်ပြာထဲမှာ Moisturizer ပါဝင်တာရွေးချယ်ပါ။

ခန္ဓာကိုယ်အရေပြားက မျက်နှာအရေပြားထက် ပမာဏဧရိယာကျယ်ပြန့်တာမို့ ခန္ဓာကိုယ်အရေပြားအနှံ့ moisturizer ပြည့်ဝအောင်လိမ်းနိုင်ဖို့ဆိုတာ ခက်ခဲလှပါတယ်။ Moisturizer ပါဝင်တဲ့ body lotionလိမ်းမယ်ဆိုရင်တောင် လက်နဲ့ခြေထောက်သာအဓိကလိမ်းကြတာမို့ moisturizer ဓာတ်လိုအပ်တဲ့နောက်ကျော , ဂုတ် , ခါး, ပေါင်ရင်းစတဲ့နေရာတွေက ကျန်ရစ်ခဲ့တက်ပါတယ်။ ဒီလိုအခြေအနေကိုဖြေရှင်းနိုင်ဖို့ ရေချိုးဆပ်ပြာထဲ moisturizer ပါဝင်တာကိုအသုံးပြုနိုင်ပါတယ်။

မလိုအပ်တဲ့ အမွှေးအမျှင်တွေရှင်းလင်းဖို့မကြောက်ရွံပါနဲ့။

မိန်းကလေးအများစုက ခန္ဓာကိုယ်အသားအရေသာ လှချင်ကြပေမဲ့ ခန္ဓာကိုယ်အလှကိုဖျက်စီးနေတဲ့ အမွှေးအမျှင်တွေကိုတော့ရှင်းလင်းရမှာ အရမ်းကြောက်ရွံကြပါတယ်။ မကြောက်ရွံပါနဲ့။ ခန္ဒာကိုယ်ပေါ်မှာရှိတဲ့ အမွှေးအမျှင်တွေက body lotion , body cream တို့လိမ်းတဲ့အခါ အတားအဆီးတစ်ခုဖြစ်နေတာပါ။ ခန္ဓာကိုယ်ပေါ်ကအမွှေးအမျှင်တွေကိုရှင်းလင်းလိုက်ပါ။ ဒါမှ မိမိလိမ်းနေတဲ့ body lotion (or) body cream တွေကအသားအရေထဲအလွယ်တကူစိမ့်ဝင်ပြီး effect ပိုကောင်းစေပါတယ်။

ကိုယ်တိုင် spa လုပ်တက်ဖို့ ကြိုးစားပါ။

အလှပြင်ဆိုင်ကြီးတွေမှာ spa လုပ်မှ အသားအရေလှတယ်လို့ထင်နေတက်ကြတဲ့မိန်းကလေးတွေရှိပါတယ်။ တချို့ဆိုအချိန်မရှိလို့ အလုပ်မအားလို့ ဆိုတဲ့အကြောင်းပြချက်တွေကြောင့် ခန္ဓာကိုယ် spa လုပ်ဖို့မေ့လျော့နေတက်ကြပါတယ်။ Body spa ပြုလုပ်ခြင်းက မိမိအိမ်မှာတင်အလွယ်တူပြုလုပ်နိုင်ပါတယ်။ အချိန်အများကြီးပေးစရာမလိုဘဲ အိမ်မှာပဲ ရေချိုးရင်းspa လုပ်ကြည့်ပါ။

အပြင်ထွက်တိုင်း မျက်နှာအပြင်ခန္ဓာကိုယ်ပါ suncream လိမ်းပါ။

မျက်နှာအသားအရေပဲနေလောင်ဒဏ်ခံရတာမဟုတ်ပါဘူး။ ခန္ဓာကိုယ်အသားအရေလည်း နေလောင်ဒဏ်ခံရပါတယ်။ အဓိကနေလောင်တဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေက လက်, ခြေထောက် နဲ့ လည်ပင်းတွေပဲဖြစ်ပါတယ်။ ထိုနေရာတွေကိုသေချာလိမ်းပေးပါ။ suncream ဘူးသေးကိုအိတ်ထဲဆောင်ထားပြီး ၃ နာရီခြားတစ်ခါလိမ်းပေးသင့်ပါတယ်။

ခန္ဓာကိုယ်ကို အစိုဓာတ်ပြည့်ဝဖို့ညတိုင်း lotion လိမ်းအိပ်ပါ။

ခန္ဓာကိုယ်အသားအရေခြောက်သွေ့နေမယ်ဆိုရင် နေရထိုင်ရတာအဆင်ပြေမှာ မဟုတ်သလို အလှလည်းပျက်စေပါတယ်။ အစိုဓာတ်ပြည့်ဝနေမှအသားအရေလှပစေမှာဖြစ်ပါတယ်။ ခန္ဓာကိုယ်အစိုဓာတ်ပြည့်ဝစေဖို့အလွယ်ကူဆုံးနည်းလမ်းက ညတိုင်း body lotion လိမ်းပြီးအိပ်ခြင်းကအကောင်းဆုံးပါ။ ညဘက် အိပ်စက်ချိန်ဆို လူသားတွေရဲ့ ခန္ဓာကိုယ်ချွေးပေါက်ကလေးတွေက အသက်ရှုစေပါတယ်။ ထိုအသက်ရူခြင်းက cell အသေတွေကိုဖယ်ရှားပြီး cell အသစ်ကိုဖြစ်ပေါ်စေပါတယ်။ cell အသစ်ဖြစ်ပေါ်တဲ့အခါ ခန္ဓာကိုယ်ပေါ်မှာလိမ်းထားတဲ့ lotion တွေကိုစုပ်ယူပြီး အစိုဓာတ်ပြည့်ဝစေတာပါ။

Written By Htoo Htoo

Favorite( 0
share
You can comment if you sign up from login page.