Tag
Hairstyle

ဆံသားလေးတွေစတိုင်ကျလှပစေဖို့

Hsu Myat Oo | 2018/07/02 10:02:22

ဆံသားကျွတ်ခြင်းအကြောင်းကို ဆုမြတ်အရင်တစ်ခေါက်ကလဲ ဗဟုသုတလေးတွေ မျှဝေပြီးဖြစ်ပါတယ်။ ဒါပေမယ့် ဆံသားကျွတ်ခြင်းအကြောင်းနဲ့ ပတ်သက်ပြီး ပြောစရာအကြောင်းလေးတွေက တော်တော်လေးများတာကြောင့် နောက်တစ်ခေါက်ထပ်ပြီး မျှဝေပေးချင်ပါတယ်။ မြန်မာစကားပုံလေးတစ်ခုဖြစ်တဲ့ “ယောက်ျားတို့ ဘုန်း လက်ရုံး၊ မိန်းမတို့ ဘုန်း ဆံထိုး”ဆိုသလိုပဲ မြန်မာမိန်းကလေးတွေကို ဆံသားထူထူလေးတွေ၊ လှလှပပ၊ စတိုင်ကျကျလေးဖြစ်စေချင်ပါတယ်။

ကဲ ဘာပြောဆက်ပြောထားလဲဆိုတာကို ကြည့်လိုက်ကြရအောင်။

အသင့်စားအစားအသောက်တွေကို ငြင်းဆန်နိုင်ပါစေ။

အသင့်စားအစားအသောက်တွေက သင့်ကျန်းမာရေးအတွက်ကို ကောင်းကျိုးမပေးရုံသာမကပါဘူး ဆံသားကိုလည်း ပြဿနာတွေ ပေးနိုင်ပါတယ်။ ပိုလျှံနေတဲ့ ကယ်လိုရီတွေနဲ့ အာဟာရဓာတ်မပေးနိုင်တဲ့ အသင့်စားအစားအသောက်တွေက ဆံသားကို ကျွတ်စေနိုင်ပါတယ်။ အသင့်စားအစားအသောက်တွေအစား အရွက်စိမ်းစိမ်းရှိတဲ့ ဟင်းသီးဟင်းရွက်များ၊ ပရိုတင်းပြည့်ဝတဲ့ အစားအသောက်များနှင့် သစ်သီးများနှင့် နေ့စဉ်စားသောက်မှု ဇယားကိုဖြည့်လိုက်ပါ။

လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။

လေ့ကျင့်ခန်းလုပ်တာနဲ့ ဆံသားကျွတ်တာတွေက ဘာဆိုင်လို့လဲလို့ မေးကြလိမ့်မယ်။ သက်ဆိုင်ပါတယ်။ ပုံမှန်လေ့ကျင့်ခန်းလုပ်တာကြောင့် သွေးလည်ပတ်မှုကို အားကောင်းစေတယ်။ ဦးရေပြားထိ အောက်စီဂျင်ကောင်းကောင်း စီးဆင်းစေတယ်။ ဒီလိုနဲ့ ဆံသားကျွတ်တာကို ထိန်းသိမ်းထားပါတယ်။ တစ်ရက်မှာ မိနစ်၃၀လောက်၊ တစ်ပတ်ကို ၅ရက်လောက် လေ့ကျင့်ခန်းပြုလုပ်ပေးပါ။

ရေဓာတ်ပြည့်ဝအောင်နေပါ။

တစ်နေ့တာအတွက် ရေဓာတ်လုံလုံလောက်လောက် ရအောင် သောက်ပေးခြင်းကလည်း ဆံသားကျွတ်ခြင်းကို ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းတစ်ခုပါပဲ။ သင့်ရဲ့ မအားလပ်တဲ့ အချိန်ဇယားတွေနဲ့ ပြေးလွားနေရတဲ့ တစ်နေ့တာမှာ ရေဓာတ်ပြည့်ဝနေဖို့ကလဲ အရေးကြီးပါတယ်။ ပုံမှန် တစ်နေ့တာအတွက် ရေကို ၂လီတာလောက် သောက်ပေးသင့်ပါတယ်။

ဆံသားကို ပုံမှန်တိပေးပါ။

အဖျားနှစ်ခွဖြစ်တဲ့ ဆံသားတွေက ကျွတ်ခြင်းကိုဖြစ်စေနိုင်ပါတယ်။ ဒါကိုရှောင်ရှားဖို့ ဆံသားကို ပုံမှန်လေးတိပေးပါ။

ရေပူနဲ့ ခေါင်းလျော်ခြင်းကို ရှောင်ပါ။

ရေပူက ဆံသားမှ ရေကိုဖယ်ပစ်သလိုဖြစ်ပြီး ကျိုးကြေနိုင်ဖို့အတွက် ကျွပ်ဆတ်ပြီးအားနည်းလာပါတယ်။ ရေပူနဲ့ခေါင်းကို လောင်းလိုက်တာကြောင့် ဦးရေပြားမှ Essential Oilတွေက ရေပူနဲ့အတူ ပျောက်ကွယ်သွားပါတယ်။ ဒါ့ကြောင့် ခေါင်းလျော်မယ်ဆိုရင် ရေပူထက် ရိုးရိုးရေ (သို့) ကြက်သီးနွေးရေနဲ့ လျော်တာအကောင်းဆုံးပါပဲ။

ခေါင်းလျော်နည်းတဲ့မျိုး (သို့ )များတာမျိုး မဖြစ်ပါစေနဲ့။

ယနေ့ခေတ်က ဖုန်မှုန့်တွေ၊ ဆီတွေများပြားလာပြီ ဖြစ်တာကြောင့် ခေါင်းကိုပုံမှန်လေးတော့ လျော်ပေးသင့်ပါတယ်။ ဒီလိုမှမဟုတ်ဘူးဆိုရင် ဦးရေပြားက ဒီဖုန်မှုန့်တွေ၊ ဆီတွေ၊ ဦးရေပြားအတွက် သုံးထားတဲ့ ကုန်ပစ္စည်းအကြွင်းအကျန်တွေက ထူလာပြီး ဦးရေပြားကို ပြဿနာတွေဖြစ်လာစေနိုင်ပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင် ဆံသားကျွတ်တာတွေ အများဆုံးဖြစ်လာနိုင်ပါတယ်။ တစ်ဖက်ကနေကြည့်ပြန်ရင်လဲ ခေါင်းလျော်လွန်းမကောင်းပါဘူး။ ခေါင်းလျော်လွန်းတာကြောင့် ဦးရေပြားက Essential Oilတွေကို ဖယ်ထုတ်လိုက်သလိုဖြစ်လာပါတယ်။ ဒီလိုဖြစ်လာရင်လဲ ဆံသားတွေ ဆုံးရှုံးလာရနိုင်ပါတယ်။ ဒါ့ကြောင့် ခေါင်းကို ၂ရက်ခြားတခါလျော်ပေးပါ။ ဆံသားနဲ့ပတ်သက်တဲ့ ကုန်ပစ္စည်းတွေ သုံးတဲ့နေရာမှာလဲ ခနခနပြောင်းတာမျိုးမလုပ်ပဲ သတ်သတ်မှတ်မှတ် သုံးပေးပါ။ ဆံသားအလွန်ခြောက်သွေ့တာမျိုး မဖြစ်စေချင်ဘူးဆိုရင် Sulfate-Free Shampooလိုမျိုးကို ရှာပြီးသုံးစွဲပေးပါ။

Written By Hsu Myat Oo

Favorite( 0
share
You can comment if you sign up from login page.