Tag
Lifestyle

အပျော်…………အပျက်

A Cho | 2018/06/19 15:43:17

"ဝတ်ရည်!!မောင်တို့မတွေ့ရတော့ဘူးလားကွာ"



"တွေ့ရမှာပါ မောင်ရဲ့""



"ဟာကွာ!!အဲ့လိုနှစ်သိမ့်ပေါင်းတွေများနေပြီကွာမောင်အရမ်းလွမ်း နေပြီကွာ ဒီကြာသပတေးနေ့ ဝတ်ရည်ဆီ မောင်လာခဲ့မယ်နော် "ဟင် !!!လာလို့မရဘူးလေမောင်" “ဟာ!!!မရဘူးကွာ လာမှာပဲ ''ဝတ်ရည်၏ စကားပင် မဆုံးသေးဘဲ သက်တံ့မှာသူပြောချင်သမျှပြောကာ ဖုန်းချသွားလေသည်။ "ဟင်း"ဟူ၍သက်ပြင်းရှည်ကြီးချကာ ငိုင်၍ရပ်နေမိသူမှာဝတ်ရည်ပင်။

သက်တံ့နှင့်ဝတ်ရည်တို့၏အချစ်ရေးမှာ သာယာမယောင်နှင့်မဖြောင့်ဖြူးပါချေ။ အဘယ့်ကြောင့်ဆိုသော် ဝတ်ရည်တွင် ကာမပိုင်ယောကျာ်း ဦးစိုင်းအောင်ရှိနေသောကြောင့်ပင်ဖြစ်ပေသည်။ ဝတ်ရည်အသက်၁၉နှစ်သို့ ရောက်သော်ဦးစိုင်းအောင်၏မိဘများမှ ကမ်းလှမ်းသဖြင့် အသက်၂၉နှစ်အရွယ်ဦးစိုင်းအောင်နှင့် လက်ထပ်ခဲ့ရ သည်။ ဆယ်ကျော်သက်အရွယ် အချစ်အကြောင်း ဘဝအကြောင်းပီပီပြင်ပြင် အသိရသေးပါဘဲနှင့် မိဘများ၏ စီစဉ်မှုကြောင့် အိမ်ထောင်သည်မိန်းမဘဝသို့ ရောက်ခဲ့ရလေသည်။



ယခုအခါ အမှားအမှန်မခွဲခြားနိုင်ဘဲ ဦးစိုင်းအောင်နောက်ကွယ်ဝယ် အိမ်ထောင်ရေး ဖောက်ပြန်နေခြင်းပင်ဖြစ် သည်။ ဝတ်ရည်နှင့် ဖောက်ပြန်နေသူ သက်တံ့ဆိုသူမှာလည်း အကြောင်းစုံသိနေသူဖြစ်သည်။ ငါးပါးသီလတွင် တစ်ပါးအပါအဝင်ဖြစ်သောကာမေသုမိစ္ဆာစာရ-သူတစ်ပါး၏ သားမယားကို ပြစ်မှားကျူးလွန်ခြင်းဆိုသည့်ကံအား ချိုးဖောက်မိနေလေသည်။ သူကိုယ်တိုင်ပင်သတ်မူမိပုံမပေါ်ချေ။ သူ၏အသိစိတ်ထဲတွင် မူးယစ်ဆေးသုံးစွဲခြင်း၊ လောင်းကစားလုပ်ခြင်း၊မိန်းမပွေခြင်းတို့ကိုသာ အလေးထားနေသူတစ်ဦးဖြစ်သည်။

ဗုဒ္ဓဘာသာဝင် ဖြစ်သော် ငြားလည်း ငါးပါးသီလမဆိုထားနှင့် သြကာသကန်တော့ကျိုးကိုပင် ဖြောင့်အောင်ဆို နိုင်ပုံမပေါ်ပေ။ ဘုရားရိပ်တရားရိပ်ကို မေ့လျော့နေသူငရဲမင်းထံ မသေခင်ကတည်းက ကြိုတင်စာရင်း သွင်းပြီး သား ငမိုက်သားတစ်ယောက်ပင်ဖြစ်ပေသည်။



"ဝတ်ရည်ရေ့ကိုကြီးခရီးထွက်ရဦးမယ်ကွာ"ရုတ်တရက်ဦးစိုင်းအောင်၏အသံကြားလိုက်ရသဖြင့်ဝတ်ရည်သတိပြန်ဝင်လာသည်။ "ဟုတ်လား ဘယ်ကိုသွားရမှာလည်းဟင်" "နယ်ဘက်ကိုပေါ့ အလှူကြီးတစ်ခုအတွက် သားကြီးငရဲမီးကိုငှားတာ" "ဟုတ်လားဒါဆိုဘယ်နှရက်ကြာမှာလည်းကိုကြီး" "အလှူကကြာသပတေးနေ့ ဆိုတော့ ဗုဒ္ဓဟူးနေ့သွားရမယ်" "ဒါဆိုမနက်ဖြန်ပေါ့!! "အင်းပေါ့ ကိုကြီးခရီးသွားဖို့ လိုအပ်တာလေး ပြင်ဆင်ပေး ဦးနော်" "ဟုတ်ကဲ့ကိုကြီး" ခင်ပွန်းဖြစ်သူခရီးထွက်ရမည်ဆိုသဖြင့် ဝတ်ရည်တစ်ယောက်ကြိတ်၍ ပျော်သွား လေသည်။ အဘယ့်ကြောင့်ဆိုသော် ကြာသပတေးနေ့ သည်ကား သက်တံ့လာမည်ဟု ပြောထားသောကြောင့် ဖြစ်သည်။

သက်တံ့သည်တဇွတ်ထိုးသမားဖြစ်သည်။ သူလုပ်မည်ဆိုသောအရာကို မဖြစ်ဖြစ်အောင်လုပ်တတ်သူလည်း ဖြစ်သည်။ ရုပ်ရည်ရူပကာချောမောသလောက် အတွင်းစိတ်မှာမူ အလွန်ပင်ကောက်ကျစ်သူဖြစ်သည်။ ဤ အကြောင်းများကိုမူ ဝတ်ရည်တစ်ယောက် သိရှိထားခြင်းမရှိပေ။ ဝတ်ရည်သည်သက်တံ့ကို သာမာန်လူငယ်လေ တစ်ယောက်ဟု ပေါ့ပေါ့ကလေးတွေးထားခြင်းဖြစ်ပေသည်။ ထိုသို့တွေးထင်ထားခြင်းက သူမအတွက် ကောင်းခြင်းလော။ ဆိုးခြင်းလော။ သူမကိုယ်တိုင်ပင်မသိ။



ဦးစိုင်းအောင် ဦးစီးသည့်ငရဲမီးဆိုသည့် ဆင်ကြီးသည် အလွန်လိမ္မာရေးခြားရှိလှသည်။ ငရဲမီးမှာ ဆင်ကောင်း တစ်ကောင်၏အရည်အချင်းများနှင့် ပြည့်စုံလှသဖြင့် အလှူပွဲများတွင် ရှင်လောင်းလှည့်ရာ၌ ငှားရမ်းလေ့ ရှိကြ သည်။ ထို့ကြောင့်ဦးစိုင်းအောင်သည် ငရဲမီးအားသစ်ဆွဲသည့်လုပ်ငန်းတွင် အသုံးမပြုတော့ဘဲ အလှူပွဲများ တွက်သာ သီးသန့်ထားလေသည်။ ယခုအလှူပွဲခရီးကား ဦးစိုင်းအောင်အတွက် ပျော်စရာခရီးစဉ်ဖြစ်မည်လော။

တောရွာဟုဆိုသော်လည်း ချမ်းသာကြွယ်ဝသူတောသူဌေးများ၏ စုပေါင်းအလှူတစ်ခုဖြစ်သောကြောင့် အလွန် ပင် စည်းကားလှပေသည်။ အလှူပွဲသို့ဦးစိုင်းအောင်ရောက်သည့်အခါ မိမိတစ်ဦးတည်းသာမက အခြားဆင်ဦးစီး များနှင့် ၎င်းတို့၏ဆင်များကိုလည်း တွေရလေသည်။ သို့သော်ဦးစိုင်းအောင်၏ဆင်ငရဲမီးမှာ ဆင်များအားလုံး အနက် အလှဆုံးဟုဆိုရပေမည်။ ဦးစိုင်းအောင်အလှူအိမ်သို့ရောက်ပြီး များမကြာမီတွင် နေဝန်းသည်လည်း အနောက်ဘက်သို့ တိုးလျှိုးပျောက်ကွယ်သွားလေပြီ။



နောက်တစ်နေ့ မနက်မိုးသောက်သော် အလှူရှင်များနှင့် ဆွေမျိုးများက ရှင်လောင်းလှည့်ရန် ပြင်ဆင်နေကြ သည်။ ထို့အတူဆင်ဦးစီးများကလည်း မိမိတို့၏ဆင်များကို အလှဆင်နေကြသည်။ ရှင်လောင်းလှည့်ရန် အချိန် ကျသောအခါ အလှူမဏ္ဏပ်အတွင်းတွင်လည်း အိုးစည်ဒိုးပတ်ဝိုင်းများ၊ေ မာင်ရင်လောင်းများ၊ ရှင်လောင်း လှည့် ရာတွင် လိုက်ပါကြမည့် ကာလသား၊ကာလသမီးများ၊ ကလေးငယ်များနှင့် အုန်းအုန်းကျက်ကျက် စည်ကားနေ ပေသည်။

ရှင်လောင်းလှည့်သည့်အခါ အရှေ့ဆုံးမှကြေးစည်ထမ်းသည့် လူငယ်နှစ်ဦး၊ ရွှေပေါက်ပေါက် ငွေပေါက်ပေါက် ကြဲမည့် မိန်းမပျိုနှစ်ဦး၊ ကန်တော့ပွဲရွက်သူများ၊ သပိတ်ကိုယ်စီလွယ်ထားကြသော ရှင်လောင်းများ၏ ဖခင်များ၊ ပရိက္ခရာရွက်ထားကြသော ရှင်လောင်းများ၏မိခင်များနှင့် ဆွေမျိုးများ၊ နောက်နားဆီမှမောင်ရင်လောင်းများ၊ ကွမ်းတောင်ကိုင်သောအမျိုးသမီးများ၊ နောက်တွင်အိုးစည်ဒိုးပတ်ဝိုင်းနှင့်အတူ ကာလသားများ လိုက်ပါလာ ကြလေသည်။



ထိုလူတန်းရှည်ကြီးမှာမျက်စီတစ်ဆုံးမျှပင်ရှိလှသည်။ မြန်မာ့သဘာဝ တောရွာတို့၏ စည်းလုံးညီညွတ်မှုများ လည်း ထင်ဟပ်နေပေသည်။ မနက်၁၀နာရီခန့်တွင် ရှင်လောင်းစတင်လှည့်လည်ရာ ဘုန်းတော်ကြီးကျောင်းသို့ ဦးစွာဝင်၍ဆုတောင်းပြည့်စေတီအား သုံးပတ်ပတ်စေသည်။ ထို့နောက်ဆရာတော်ထံမှငါးပါးသီလ ခံယူပြီးသော် ရွာထဲသို့လှည့်လည်ရသည်။ ထို့နောက်ရွာတော်ရှင်အား ကန်တော့ကြရသည်။ ပြီးနောက်အလှူအိမ်သို့ ပြန်လာ ကြ ရသည်။

အလှူအိမ်ဝန်းထဲရောက်သော် ဦးစိုင်းအောင်၏ ဆင်ငရဲမီးသည်ဦးခေါင်းအားခါရမ်းကာ ကျောပေါ်မှ မောင်ရင် လောင်းနှင့် ဆင်ဦးစီးဦးစိုင်းအောင်တို့ကို ခါချလိုက်သည်။ ဦးစိုင်းအောင်မျက်နှာတစ်ချက် ကွက်ခနဲ ပျက်သွား သည်။ ငရဲမီးနှင့်အတူ အလှူပေါင်းမြောက်များစွာဆင်နွှဲခဲ့ဖူးသည်။ ယခုကဲ့သို့တစ်ကြိမ်မှ မဖြစ်ဖူးပေ။ သို့သော် ယခုအခါမျက်မြင်ထင်ရှားတကယ်ဖြစ်နေသောအခါ စိတ်ကိုထိန်းရင်း ငရဲမီးအနားသို့ ချဉ်းကပ်သွားမိသည်။

သို့သော်ငရဲမီးမှာ ဦးစိုင်းအောင်အားနှာမောင်းနှင့်ချီကာ မြေပြင်ပေါ်သို့ ပစ်ပေါက်လိုက်လေသည်။

ဆင်ဦးစီးကိုယ်တိုင်ပင် ထိန်းမရတော့သဖြင့် ကျန်သည့်ဆင်ဦးစီးများလည်း မိမိတို့၏ဆင်များအားဝေးရာသို့ ခေါ်ဆောင်သွားကြလေသည်။ အလှူအိမ်၏အခြေအနေမှာလည်း ရုတ်ချည်းပြောင်းလဲသွားကာ ပြေးသူကပြေး၊ အော်ဟစ်ငိုယိုသူကငိုနှင့် ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြသည်။ ငရဲမီးသည်ဦးစိုင်းအောင်အား မြေပြင်ပေါ်သို့ ပစ် ပေါက်ရုံနှင့်မပြီးသေးဘဲ ညာဘက်လက်မောင်းအား နှာမောင်းနှင့်ချီကာထပ်၍ ပစ်ပေါက်ပြန်သည်။ထို့နောက် အစွယ်နှင့်ထိုးလေသည်။ တခဏအကြာတွင် ဦးစိုင်းအောင်သည် ထိုနေရာ၍ပင် အသက်ပျောက်သွားရရှာ သည်။ ထို့နောက်ငရဲမီးသည် ဦးစိုင်းအောင်၏ ရုပ်အလောင်းကို နှာမောင်းနှင့်ချီကာ တရွေ့ရွေ့ ထွက်ခွါသွားလေ တော့သည်။

"ဝတ်ရည်----ဒီမှာကြည့်စမ်း အိပ်ယာမှနိုးလာသော ဝတ်ရည်သည်သက်တံ့၏စကားကြောင့် သူမရှေ့ရောက် လာသော ဖုန်းအားယူကြည့်လိုက်သည်။ !ဟင်!!!ဒါ ---ဒါကအမှန်ပင်။ ဝတ်ရည်နှင့် သက်တံ့တို့ ချစ်ရည်လူး စဉ်က ပုံရိပ်များကိုvideo ရိုက်ထားခြင်းပင်ဖြစ်သည်။ဟား--………ဟား…………ဟား………ဟား……ဝတ်ရည်……ဝတ်ရည် မင်းကငါ့ကို သာမာန်ကောင်လေးတစ်ယောက်လို့ ထင်ထားတာကိုး ငါကအသားစားတဲ့ ကျားကွ ဒီမှာမင်းရဲ့လက်ဝတ်လက်စားတွေ အကုန်ချွတ်ပြီးပြီ ငါလိုချင်တာအဲ့ဒါတွေပဲ ဒါပေမဲ့ကွာ မင်းက သနား စရာ ကောင်းတဲ့ လမ်းမှားလာတဲ့ သမင်မလေးတစ်ကောင်ဖြစ်နေတော့ ငါကအားနာနာနဲ့ စားပေးရတာပေါ့ကွာ ဟား………ဟား……ဟား……
ရှင်!!!ရှင်ယုတ်မာလှချည်လား!!!" ငါ့ကယုတ်မာတာမဟုတ်ပါဘူးကွာ မင်းကိုယ်တိုင်ထောင်ချောက်ထဲ ဝင်လာ တာ ဖျက်ဖျက်လူးနေတဲ့ ငါးလေးတစ်ကောင်ကိုဖမ်းရတာ ခက်မယ်လို့ထင်ပေမယ့် တကယ်တမ်းကျတော့ ငါးဆို တာ ဖျက်ဖျက်လူးနေမှဖမ်းလို့ကောင်းတာ စားရင်လဲအရသာရှိတာကွ အေး!!မင်းကိုငါတစ်ခုပြောမယ် ဟော့ဒီVideo ဖိုင် onlineပေါ်မပျံ့စေချင်ဘူးဆိုရင် မင်းအေးအေးဆေးဆေးနေပါ ရဲတိုင်တာတွေဘာတွေ မလိုချင်ဘူး ကြားလား ပြောပြီးထွက်သွားသော သက်တံ့အားကြည့်ရင်းမျက်နှာကိုလက်ဝါးနှင့်အုပ်ကာ ငိုချ လိုက်မိသည်။

မိမိ၏ရည်ရွယ်ချက် အောင်မြင်သွားသောသက်တံ့သည် တဟားဟားနှင့် အပျော်ကြီးပျော်ကာ ထွက်သွားလေ တော့သည်။ ဝတ်ရည်မှာ ယခုအချိန်မှဦးစိုင်းအောင်အပေါ်တွင် သစ္စာဖောက်ခဲ့မိသည်ကို နောင်တကြီးစွာ ရမိ နေသည်။ ထိုအချိန်၌ပင် "ကလင်………ကလင်……ကလင်" အိမ်ဖုန်းထမြည်လာလေသည်။ အမှားများစွာ ကျူးလွန်ထားသော ဝတ်ရည်တစ်ယောက်မှာမူ ဖုန်းမြည်သံကိုပင် ယမမင်းခေါ်သံအလား ကြောက်ရွံ့ တုန်လှုပ် မိနေသည်။

တုန်ရီသောလက်အစုံနှင့် ဖုန်းအားကိုင်လိုက်သည်။ “ဟယ်လို …"ဟုတ်ကဲ့ဦးစိုင်းအောင်အိမ်ကပါလားဗျ " "ဟုတ်ပါတယ်ရှင့်” ဟုတ်ကဲ့ခင်ဗျ ဦးစိုင်းအောင်× ××××××××× ×××××××××××× ရှင်!!!!!! ရုတ်တရက်ကြားလိုက်ရသော တစ်ဖက်မှစကားသံများကြောင့် ဝတ်ရည်အရုပ်ကြိုးပျက်ဖြစ်သွားရသည်။ ငိုရ မလိုလို ရီရမလိုလိုနှင့် မိမိစိတ်ကိုပင်မထိန်းချုပ်နိုင်ဘဲအိမ်အပြင်ဘက်သို့ပြေးထွက်သွားလေသည်။ ထို့နောက် တွင်တော့………… "ငရဲမီးကိုရှာမယ် ငရဲမီးကငါ့ယောကျာ်းကိုခေါ်သွား တယ် ငရဲမီးကိုရှာမယ်…… ဟုပါးစပ်မှ တတွတ်တွတ်ရေ ရွတ်ကာလမ်းမများအပေါ်ဝယ် ပြေလွှားနေလေတော့သည်။

ယဉ်ယဉ်လေးရူးရာမှ နေမြင့်လေအရူးရင့်လေဆိုသကဲ့သို့ သွက်သွက်ခါအောင်ရူးသွားလေတော့သည်။ ဆင် ဦးစီးတစ်ယောက်၏ ဇနီးဖြစ်နေသော်လည်း မိမိလိုက်နာရမည့် စည်းကမ်းများကိုမသိ၍လော။ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးပီပီ တစ်လင်တစ်မယားစနစ်ကို မကျင့်သုံးဘဲ အိမ်ထောင်ရေးဖောက်ပြန်သောကြောင့်လော။



အပျော်တစ်ခု၏နောက်တွင် ပြန်ပြီးပေးဆပ်ရမည့် ပျက်စီးရန်တစ်စုံတစ်ရာရှိနေလိမ့်မည်ဟု မတွေးခဲ့မိ၍လော။ ဝတ်ရည်သည်တဒင်္ဂအတွင်း၌ပင် အပျော်နှင့်အပျက်ကိုတစ်ဆက်တည်း ခံစားသွားရလေတော့သည်။ နေဝန်းနီ သည်လည်းမိမိ၏တာဝန်ချိန်ပြီးဆုံးပြီမို့ အနောက်ဘက်တောင်တန်းများဆီသို့ တိုးလျှိုးဝင်ရောက်သွားလေသည်။ ထို့အတူဝတ်ရည်၏ဘဝသည်လည်းတစ်မိုးချုပ်ခဲ့လေပြီ။

Written By A Cho

Favorite( 0
share
You can comment if you sign up from login page.