Tag
Lifestyle

တည်ရှိခြင်း အဓိပ္ပာယ်။

Kyi Kyi | 2018/06/12 15:56:36

အင်္ဂလိပ်စကားပြောတတ်တဲ့သူကိုတွေ့ရင်

အင်္ဂလိပ်စကားပြောခြင်းဖြင့် ဝင်ငွေဘယ်လောက်ဖန်တီးနိုင်ခဲ့လဲ သိအောင်လုပ်ပါ။

ဆရာဝန်ဘွဲ့ရဆိုတဲ့သူကိုတွေ့ရင်

ဆေးပညာနဲ့လူ့အသက်ဘယ်နှစ်ခါကယ်တင်ခဲ့ပြီလဲ သိအောင်လုပ်ပါ။

အင်ဂျင်နီယာဆိုတဲ့သူကိုတွေ့ရင်

သူ့ပညာရပ်နဲ့ ဖန်တီးနိုင်ခဲ့တဲ့ တီထွင်မှုတွေကို သိအောင်လုပ်ပါ။

ချမ်းသာကြွယ်ဝတဲ့ သူဌေးတွေကိုတွေ့ရင်

လောကကိုဘယ်လောက်ထိ အကျိုးပြုတဲ့လုပ်ရပ်တွေလုပ်နေနိုင်ပြီလဲ သိအောင်လုပ်ပါ။

ကိုယ့်ကိုချစ်လိုက်တာလို့ တစ်ဖွဖွပြောနေတဲ့သူကိုတွေ့ရင်

သူ့ကြောင့် ဘယ်နှစ်ခါလောက်ပျော်ရွှင်ခဲ့ရလဲ သိအောင်လုပ်ပါ။

သိအောင်မလုပ်မိတဲ့ အရာတွေများလာလေ-မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချဖို့ အတွက် အမြဲနှောင့်နှေးနေလေပဲ ဖြစ်မှာပါ။

တည်ရှိခြင်းတိုင်းဟာ- တချို့သူတွေအတွက် အဓိပ္ပာယ်ကင်းမဲ့နေတတ်ပါတယ်။ အသုံးမချနိုင်တဲ့ တည်ရှိခြင်းကို ပိုင်ဆိုင်နေရတိုင်းလဲဘဝဟာ အနှစ်မရှိတဲ့ အကာတွေဖြစ်နေတတ်ပါတယ်။

ဘဝဆိုတာ- ပိုင်ဆိုင်ခြင်း။ တည်ရှိခြင်းထက်- အကျိုးရှိအောင် အသုံးချနိုင်တဲ့အကြောင်းရင်းကသာ - တကယ် အရေးကြီးပါတယ်။

Written By Kyi Kyi

Favorite( 0
share
You can comment if you sign up from login page.