Tag
Lifestyle

သတိထားသင့်တဲ့ အန္တရာယ်။

Kyi Kyi | 2018/06/12 15:04:03

သမီးရှင်တွေ။ အိမ်ထောင်မကျသေးတဲ့ မိန်းကလေးတွေနဲ့ အိမ်ထောင်ပြုဖို့ အစီအစဉ်ရှိတဲ့သူတိုင်းကို ဖတ်စေချင်ပါတယ်။

၂၀၁၅ ခုနှစ်က ကျွန်မ Facebook မှာ အမျိုးသမီးစာမျက်နှာဖွင့်ပြီး စာစရေးစဉ်ကာလက စင်ကာပူနိုင်ငံမှာနေတဲ့ ညီမငယ်လေးတယောက်ရဲ့ကိုယ်တွေ့အတွေ့အကြုံဝေငှခြင်းကိုအခုမှ သတိပေးရေးသားဖို့အကြောင်းပေါ်လာ တာ ဖြစ်ပါတယ်။တချို့အကြောင်းအရာတွေဟာ အမျိုးသမီးတယောက်အနေနဲ့ မိခင်က သမီးကိုဆုံးမဖို့ အနေနဲ့ အမျိုးကောင်းသမီးဆိုတဲ့ ဂုဏ်သိက္ခာကိုကာကွယ်ဖို့အနေနဲ့အခုလိုဖွင့်ဟတိုင်ပင်ကြတာမျိုးမရှိကြတဲ့အတွက် မှားယွင်းဆုံးဖြတ်မိတဲ့ အကျိုးဆက်ကို မိန်းကလေးတွေရဲ့ဘဝတလျှောက်လုံး ခံစားကြရပါတယ်။

တဘဝလုံးကိုလက်တွဲဖို့ဆုံးဖြတ်ထားမိတဲ့ ယောက်ျားတစ်ယောက်ကို ဘယ်လိုလူမျိုးဖြစ်စေချင်ပါသလဲ။

ယောက်ျားတော့ ယောကျာ်း- ဒါပေမယ့် ယောက်ျားမပီသတဲ့ ယောကျာ်းမျိုး ဖြစ်နေလိမ့်မယ်လို့ ကြိုတင်တွေး တော ထားမိကြပါရဲ့လားလို့ ပထမဆုံးမေးခွန်းမေးချင်ပါတယ်။ ယောကျာ်းတယောက်ကို-

၁။ ရုပ်ရည်



၂။ မိဘအသိုင်းအဝိုင်း



၃။ ပညာအရည်အချင်း



၎။ စိတ်ဓာတ်



၅။ အလုပ်အကိုင်ကို ယေဘုယျ အခြေခံလို့ ချစ်သူအဖြစ်သော်လည်းကောင်း၊အိမ်ထောင်ဖက်အဖြစ်သော်လည်း ကောင်း ရွေးချယ်လေ့ရှိကြပါတယ်။ အခုခေတ်မှာ လက်မထပ်ခင် အခြေခံဆေးစစ်ချက်ယူခြင်းကို ခေတ်မှီတဲ့ စုံတွဲတိုင်းက ပြုလုပ်လေ့ရှိကြပေမယ့် အဲဒီဆေးစစ်ချက်ထဲမှာ စိတ်စစ်ဆေးခြင်းပြုလုပ်ခြင်းကိုတော့ မြန်မာစုံတွဲ တွေအနေနဲ့လိုအပ်တယ်လို့ မထင်ထား ကြသေးပါဘူး။

စိတ်ကိုဘယ်လိုစစ်ဆေးထားသင့်ပါသလဲ။



စိတ်ကျန်းမာရေးဆရာတွေဆီမှာ- လူတစ်ယောက်ရဲ့ပုံမှန်စိတ်ကို စစ်ဆေးနိုင်တဲ့ နည်းစနစ်တွေနဲ့ ကုထုံးတွေ ရှိပါတယ်။ စိတ်ကျန်းမာရေး စစ်ဆေးဖို့လိုအပ်တာ မူးယစ်ဆေးစွဲနေသူတွေနဲ့ စိတ်ဖောက်ပြန်နေသူတွေအတွက် ပဲလိုအပ်တာမဟုတ်ဘူးလား လို့ထင်ထားနိုင်ပေမယ့် ယောကျားပီသတဲ့ ယောကျာ်းတယောက်လားလို့ ကြိုသိ ထားဖို့အတွက်က သူ့ရဲ့စိတ်ကိုစစ်ဆေးကြည့်မှ သိနိုင်မှာပါ။

သားရှင်မိသားစုတွေအတွက်က သူတို့သားရဲ့ စိတ်ဓာတ်အားလုံးကို သိပြီးသားဖြစ်ပေမယ့် တဖက်မိန်းကလေး အတွက် အိမ်ထောင်ကျပြီးမှ သိနိုင်မယ့် တချို့အကြောင်းတွေကို ဖုံးကွယ်ထားပြီး ခမ်းနားတဲ့ မင်္ဂလာပွဲတွေရဲ့ နောက်ကွယ်က ကံဆိုးသူလေးတွေအဖြစ် ဘဝတလျှောက်လုံးဖြတ်သန်းနေရသူတွေထဲမှာ မိမိသမီးနဲ့ မိမိ ကိုယ်တိုင် မပါဝင်ဖို့အရေးကြီးပါတယ်။

ယောကျားတယောက်က

- လိင်စိတ်မဝင်စားတာ။

- လိင်စိတ်ကို ယောကျာ်းအချင်းချင်းသာစိတ်ဝင်စားတာ။

- မျိုးဆက်ပြန့်ပွားအောင်လုပ်နိုင်စွမ်းမရှိတာ။

- မိန်းကလေးတယောက်ကို ကျေနပ်နှစ်သိမ့်နိုင်စေခြင်းမရှိတာ ဆိုတာတွေကို အရင်ကတော့ -

မိန်းမတယောက်ရဲ့ ရှေးဘဝကုသိုလ်လို့ ခံယူထားရင်း ရှက်စရာကိစ္စတွေအဖြစ် မြင်တတ်ကြပါတယ်။



ဒီလိုဘဝမျိုးရင်ဆိုင်နေရတဲ့ မိန်းမသားတွေက ဘာသာရေးမှာ ပျော်မွေ့အောင်ကြိုးစားရင်း ဝဋ်ကျွေးရှိရင်လည်း ကျေပါစေလို့ ခေါင်းငုံ့သည်းခံသွားကြရပါတယ်။ အဲလိုနေလိုက်လည်း ပြီးတာပဲလို့ လွယ်လွယ်တွေးလို့ရပေမယ့် နေ့စဉ်နဲ့အမျှ ကိုယ့်ကိုလိမ်ညာပေါင်းသင်းနေတဲ့ သူတစ်ယောက်နဲ့ပတ်သက်နေရတာ ပူလောင်လှတဲ့ ငရဲတစ်ခု ဖြစ်ပါတယ်။

အိမ်ထောင်သည်ဘဝမှာ- ပတ်ဝန်းကျင်အသိုင်းအဝိုင်းကတော့ ယောက်ျားနဲ့မိန်းမ။ ခင်ပွန်းသည်နဲ့ဇနီးလို့ မြင် ထားကြပေမယ့် ကိုယ့်အတွက်ကတော့ တအိပ်ယာတည်းမှာ ယောကျာ်းမပီသတဲ့ ယောကျာ်းတယောက်နဲ့ အတူရှိနေရတဲ့ အခက်အခဲနဲ့စိတ်ဒဏ်ရာကို ခံနေရတဲ့သူကသာ သိနိုင်ပါတယ်။ နှစ်ယောက်စလုံးက ဆရာဝန် တွေဖြစ်နေကြတာတောင် မိဘပေးစားလို့လက်ထပ်ခဲ့ရတဲ့ မိန်းကလေးတယောက်ဟာ အိမ်ထောင်သက် ၁၀ နှစ်ဖြစ်လာပေမယ့် ယောကျာ်းအချင်းချင်းကိုသာ လိင်ကိစ္စမက်မောနေတဲ့ ခင်ပွန်းသည်ကြောင့် ဘဝကို အထီး ကျန်စွာဖြတ်သန်းနေရပါတယ်။



ပတ်ဝန်းကျင်မှာတော့- Facebook ပေါ်ကဆုတောင်းတွေ၊ ချစ်စရာ စုံတွဲဓာတ်ပုံတွေ။ သူများထက်ပိုတဲ့ ဂရုစိုက် ကြင်နာမှုတွေကြောင့် လူတိုင်းအားကျရတဲ့ စုံတွဲဖြစ်နေပေမယ့် လက်တွေ့ဘဝမှာတော့ ကိုယ့်မျိုးဆက်လည်း မွေးခွင့်မရ။ ယောကျာ်းတယောက်ရဲ့အထိအတွေ့လည်းမရှိ။ ကြီးကျယ်ခမ်းနားတဲ့ နှစ်ယောက်အိပ် ကုတင်ပေါ် မှာ တယောက်တည်းအိပ်ရင်းဖြတ်သန်းနေရတဲ့ မိန်းကလေးတယောက် အနေနဲ့ကိုယ့်ပြသာနာကို ဘယ်သူ့ကို ရင်ဖွင့်လို့ ရနိုင်မလဲ စဉ်းစားထားကြည့်ပါ။

ယောက္ခမတွေကတော့ ဒီအကြောင်းကိုကြိုသိထားလောက်ပေမယ့် မိန်းကလေးတယောက်အနေနဲ့က ပတ်ဝန်းကျင်က ယောကျာ်းကောင်းတယောက်လို့ သတ်မှတ်ထားတဲ့ ခင်ပွန်းသည်ကို- သူကတော့ဖြင့် ယောကျာ်းမပီသတဲ့ သူပါလို့ ဖွင့်ဟပြောပြရင်း ကွာရှင်းခွင့်တောင်းခံဖို့ဆိုတာ လက်တွေ့ဘဝမှာခက်ခဲနေဆဲပဲ

ဖြစ်ပါတယ်။



ယောကျာ်းတယောက် ကျန်းမာရေးနဲ့ပြည့်စုံပါရဲ့လားဆိုတာ အပေါ်ယံအားဖြင့် မသိနိုငိပါဘူး။ အထူးသဖြင့် စိတ်ကျန်းမာရေး သာမန်ဖြစ်နေဖို့က ပိုအရေးကြီးနေပါတယ်။ လက်မထပ်ခင် ဆေးစစ်ချက်တွေပေးပါလို့ တောင်းရမှာလည်း မြန်မာ့လူနေမှုနဲ့ကိုက်ညီဖို့ ခက်ခဲနေသေးတာမို့ မိန်းကလေးတွေအနေနဲ့သတိထားသင့်တဲ့ အန္တရာယ်ထဲမှာ ဒီအချက်ကိုထည့်သွင်းထားစေချင်ပါတယ်။

သမီးရှင်တွေကလည်း ကိုယ့်သားမက်လောင်းရွေးချယ်တဲ့အခါမှာ ကြားက အောင်သွယ်တော်တွေရဲ့ အညွှန်း တွေကိုပဲ နားယောင်နေမယ့်အစား ဘဝတလျှောက်လုံးမှာ ပျော်ရွှင်ရတဲ့ သတို့သမီးလေး ဖြစ်စေဖို့ ယောကျာ်း ပီသတဲ့ သူမျိုးဟုတ်မဟုတ်ကို ဆန်းစစ်ကြည့်ကြပါ။ အပြင်ပန်းကတော့ ယောကျာ်း။ အတွင်းစိတ်မှာ မိန်းမ တယောက်ကို ဇနီးမယားနာမည်ခံအသုံးချဖို့သက်သက် သဘောထားတဲ့ ယောကျာ်းမပီသတဲ့ ယောကျာ်းမျိုး တွေလည်း လောကမှာ မရေမတွက်နိုင်အောင်ရှိနေပါတယ် ဆိုတာ သတိထားနိုင်အောင် ဝေငှပေးလိုက်ရပါ တယ်နော်။

Written By Kyi Kyi

Favorite( 0
share
You can comment if you sign up from login page.