Tag
Lifestyle

စာဖတ်သူတိုင်းသိထားသင့်တဲ့ စာရေးသူတွေအကြောင်း

Kyi Kyi | 2018/06/12 14:20:09

တခုလတ်တွေအကြောင်းရေးနေတော့ အစ်မက တစ်ခုလတ်လား။ နိုး-။

မုဆိုးမတွေကို ကိုယ်ချင်းစာပေးနေတော့ အမက မုဆိုးမပေါ့။ မဟုတ်ပါဘူး- ။



ဖောက်ပြန်နေတဲ့ ယောကျာ်းတွေအကြောင်းရေးနေတော့ အမလင်ကခြံခုန်နေလို့ထင်ပါရဲ့။ ဝေးသေး- ငါက ကော်ထုတ်တာတောင် အနားကမခွာဘူး။ မြွေမြွေချင်းခြေမြင်ဖို့ မြွေတစ်ကောင်ဖြစ်ရင် လုံလောက်ပါတယ်။

ခြေထောက်ဘယ်လိုလဲ သွားကြည့်စရာအကြောင်းမရှိပါဘူး။ ဒီလိုပါပဲ။

မိန်းမတစ်ယောက်ကို ကိုယ်ချင်းစာကူညီပေးဖို့ ကိုယ်တိုင်က အတွေ့အကြုံရှိနေဖို့ မလိုပါဘူး။ကိုယ်ချင်းစာတရား

နဲ့ သူနေရာမှာငါသာဆိုရင်-လို့ ခံစားပေးတတ်တဲ့ နှလုံးသားပဲလိုပါတယ်။ ငါကတော့ ငါ့ကိုတုန်နေအောင်ချစ်တဲ့ ယောကျာ်းရှိနေလို့ ယောက်ျားဂရုစိုက်တာမခံရတဲ့ မိန်းမတယောက်ရှေ့မှာ မော့နေစရာမလိုပါဘူး။ ကိုယ်ချင်းစာ

စိတ်ရှိစေချင်ပါတယ်။

ငါကတော့ အားကိုးစရာယောက်ျားမားမားမတ်မတ်ရှိနေလို့ ကိုယ့်အားကိုယ်ကိုးနေရတဲ့ မိန်းမတွေကို ရှေးဘဝက အပြစ်သားပုံစံ သနားသလိုလို အပေါ်စီးကမကြည့်ပါနဲ့။ ကိုယ်ချင်းစာစိတ်မွေးစေချင်ပါတယ်။ကိုယ့်ပတ်ဝန်းကျင်က မရေမတွက်နိုင်တဲ့- တခုလတ်တွေ။ မုဆိုးမတွေ။ ယောကျားခြံခုန်သွားသူတွေဆီက အတွေ့အကြုံတွေကို ခံစားပေးရင်း ကိုယ်ချင်းစာစိတ်ဖြင့် အားပေးကူညီပါ။

ဘဝတူမှ အားပေးကြတယ်ဆိုတဲ့ အစွဲကိုဖျောက်ပစ်ကြပါ။တစ်ခုပါပဲ။ ဖောက်ပြန်တဲ့ယောက်ျားအကြောင်းရေးချင်ရင် ယောက်ျားတစ်ယောက်နဲ့တရားဝင်ရင်းနှီးဖူးပါတယ်လို့လူသိအောင် အိမ်ထောင်ရှင်ဖြစ်နေစေချင်ပါတယ်။ကလေးပြုစု

စောင့်ရှောက်ရေးအကြောင်းပြောပြချင်ရင်- ကလေးအမေတော့ ဖြစ်ဖူးစေချင်ပါတယ်။ကလေးအမေဖြစ်ပြီးမှ ခန္ဓာကိုယ် ထိန်းသိမ်းနည်းပြောပြချင်ရင်- အနည်းဆုံးကလေးတစ်ယောက်လောက်ဗိုက်ထဲမှာလွယ်ဖူးခဲ့ရင် ပိုသင့်တော်ပါတယ်။



ငယ်ရွယ်တဲ့ ဆယ်ကျော်သက်တွေကို ဆုံးမစကားဆိုချင်ရင် ကိုယ်တိုင်က အောင်မြင်တဲ့ ဆယ်ကျော်သက်အချိန်တွေကို ဖြတ်သန်းဖူးခဲ့သူတွေဖြစ်စေချင်ပါတယ်။အခုကတော့-ကွမ်းယာဆိုင်တစ်ဆိုင်တောင် အောင်မြင်အောင် မဖွင့်ဖူးပဲ စီးပွားရေး တရားဟောနေတဲ့ ပုဂ္ဂိုလ်တွေ။ နိုင်ငံခြားဘာသာပြန်တွေကိုခပ်တည်တည်တင်ရင်း ဘဝရဲ့ဒသနတွေကို ကိုယ်တွေ့လိုလို ရောချနေတဲ့သူတွေ။ ဘာအနှစ်သာရမှမရှိတဲ့ ပေါစာတွေ လှိုင်လှိုင်တင်ရင်း like အရေအတွက်များစေရေး ဦးတည်နေတဲ့ တချို့သော page တွေကြောင့်-အလကားဖတ်ရတဲ့ Facebook စာတွေက ဝယ်ဖတ်ရတဲ့ စာအုပ်တွေလောက်တန်ဖိုးမရှိဘူး လို့ အထင်သေးခံရပါတယ်။

Facebook ပေါ်မှာစာဖတ်တိုင်း ဒီစာကိုဘယ်သူရေးထားတာလဲ သိအောင်အရင် ကြည့်ပါ။ စာရေးသူရဲ့ အရည်အချင်းကို လေ့လာပါ။ သူဆိုလိုတဲ့ အကြောင်းအရာမှန် မမှန် ကိုယ်ပိုင် အတွေးအခေါ်နဲ့ ဆုံးဖြတ်ပါ။



Why The Pen Is More Powerful Than Gun And Money?



ငွေနဲ့စစ်လက်နက်ထက် အင်အားကြီးမားတာကတော့ စာရေးတဲ့ကလောင်တချောင်းပါဆိုတဲ့ စကားရှိပါတယ်။ စာတိုင်းကို ဖတ်သင့်ပေမယ့် အဲဒီစာကို ရေးထားတဲ့ ကလောင်ပိုင်ရှင်ရဲ့ follower ဖြစ်ဖို့ဆိုတာ ကိုယ့်အတွက် အသုံးဝင်ပြီးဘဝအတွက် တန်ဖိုးရှိတဲ့ စာတွေရေးနေသူတွေဖြစ်သင့်ပါတယ်။ Phone Bill အကုန်ခံပြီး မျက်စိအညောင်းခံရမယ့်အတူတူ စိတ်နှလုံးကို အစာကျွေးနိုင်တဲ့ စာကောင်းပေမွန်တွေကို ကိုယ်တိုင်စီစစ် ရွေးချယ်ဖတ်နိုင်သူတွေသာ ဖြစ်ကြပါစေရှင်။

Written By Kyi Kyi

Favorite( 0
share
You can comment if you sign up from login page.