Tag
Lifestyle

ရင်ဖွင့်ပါရစေ

Kyi Kyi | 2018/06/12 14:14:48

ညီမယောကျာ်းဖောက်ပြန်နေလို့ ဘာဆက်လုပ်ရမလဲမသိဖြစ်နေပြီ။ သူ့ကိုပဲအားကိုးခဲ့တော့ ညီမမှာ အလုပ်လဲ မရှိ။ သမီးလေးကလည်းဒီနှစ်၎တန်းတက်မှာ။ဒီလိုအဖြစ်မျိုး တွေကြုံမယ်လို့ အိမ်မက်တောင်မမက်ခဲ့ဖူး။ ညီမ ယောကျာ်း အရင်က အရမ်းရိုးတာ။ ဖောက်လည်းဖောက်ပြန်ရော ဘာမှမမြင်တော့ဖူး။ အဲ့ကောင်မမှအဲ့ကောင်မ ဖြစ်နေပြီ။ ညီမကို အလင်းပြပါဦးမမရယ်။

( ညီမလေး တယောက်ရေးလာတဲ့စာကို မူရင်းအတိုင်းဖော်ပြထားပါသည်။)

ယောကျာ်းဘက်ကပဲ ဖောက်ပြန်ဖောက်ပြန်။ မိန်းမဘက်ကပဲ ဖောက်ပြန်ဖောက်ပြန်။ကျန်တဲ့တဖက်က အခုလိုပဲဘာလုပ်ရ မှန်းမသိ။ ခြေမကိုင်မိ လက်မကိုင်မိဖြစ်ကြတာထုံးစံတခုပဲဖြစ်ပါတယ်။ချစ်လို့၊ ယုံကြည်လို့ အားကိုးမိလို့ ဘ၀လက်တွဲဖော် အဖြစ်သတ်မှတ်ထားမိတဲ့ ယောက်ျား (သို့မဟုတ်) မိန်းမက ကိုယ့်အပေါ် သစာမရှိဘူး။ ဖောက်ပြန်နေတယ်ဆိုတာသိရင်

ကျွန်မကတော့ ဒီယောက်ျားကကိုယ့်အနာဂတ်အတွက် ဘယ်လောက်အရေးပါနေလဲ ပထမစဉ်းစားပ့ါမယ်။ မရှိမဖြစ်အရေး ပါနေရင် သူဘာလုပ်လုပ် မသိချင်ယောင်ဆောင်နေရင်း ကိုယ်စိတ်ပျော်ရွှင်ရာကို ကိုယ့်ဘာသာရှာဖွေပါ့မယ်။ ဒီယောက်ျား က ကိုယ့်အနာဂတ်အတွက် လက်နှီးစုတ်လောက်တောင်အသုံးမ၀င်ဘူးဆိုရင် ချက်ချင်းအဝေးဆုံးကိုကန်ထုတ်လိုက်ပါ့မယ်

မိန်းမတွေမကြာခဏ ပြောနေလေ့ရှိတဲ့သားသမီးအတွက် ဖခင်နေရာဆိုတာက လက်တွေ့မှာအလုပ်ဖြစ်လို့လားစဉ်းစား

ကြည့်ရအောင်။ သားသမီးရှိရက်သားနဲ့ နောက်မိန်းမတယောက်ကိုမက်မောနေတဲ့ ယောကျာ်းမျိုးရဲ့စိတ်ထဲမှာ သားသမီး အတွက် နေရာဖယ်ထားဦးမယ်ထင်နေပါသလား။ အပျော်သဘောနဲ့ ခဏရည်းစားထားတာပါလို့ ဆင်ခြေပေးမယ်ဆိုရင် လည်း ငါကသားသမီးတွေအတွက် ဖခင်တာဝန်ရှိတယ်လို့ခံယူထားတဲ့ယောက်ျားတယောက်မှာ ဒီလိုဆင်ခြေရှိလာလိမ့်မယ် ထင်နေပါသလား။

ကလေးတယောက်မှာ အဖေရှိရှိ မရှိရှိ အချိန်တန်ရင် ထမင်းကျွေးမယ့်သူ ကျောင်းတက်ချိန်မှာကျောင်းထားပေးမယ့်သူ ရှိဖို့ သာအရေးကြီးတယ်ဆိုတာ လက်တွေ့ကျကျလက်ခံထားပါနော်။ လောကမှာငွေနဲ့အရာရာကို ၀ယ်ယူလို့မရနိုင်ဘူးပြောကြ သလို ဖခင်နေရာဆိုတာကိုလည်း ဖခင်စိတ်မရှိတဲ့ယောက်ျားမျိုးတွေအတွက် ပေးဆပ်ခြင်းများစွာနဲ့ရင်းနှီးထားဖို့မထိုက်တန် ပါဘူးလို့ ပြောပြပါရစေလား ညီမလေးတို့ရယ်။

( ကျွန်မကတော့ strong woman မို့လို့ ဒီလိုဆုံးဖြတ်ခဲ့ပေမယ့် စာဖတ်သူတွေထဲက ဒီညီမလေးအတွက် ပေးချင်တဲ့ အကြံတွေရှိရင် ရေးပေးခဲ့ကြပါလားရှင်။)

Written By Kyi Kyi

Favorite( 0
share
You can comment if you sign up from login page.