Tag
Fashion

အမြဲတမ်းဖက်ရှင်ကျတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ဖို့ ဘာတွေလိုအပ်လဲ။

Po Mo Htoo Aung | 2018/05/30 15:52:22

ယနေ့ခေတ်မှာ ရုံးအလုပ်၊ အိမ်အလုပ်တွေအပြင် မိသားစုအတွက်အချိန်၊ မိမိကိုယ်ပိုင်အချိန်စတာတွေကို ရှာနေရတဲ့အတွက် အပြင်ကို ကြွကြွရွရွ၊ လှလှပပလေးထွက်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ထင်လာပါတော့တယ်။ တကယ်တော့ဖက်ရှင်ကျတဲ့ အမျိုးသမီး တစ်ယောက်ဖြစ်ဖို့ဆိုတာ သိပ်ခက်ခဲလှတဲ့အရာတော့ မဟုတ်ပါဘူး။ ဒါဆို ဘယ်လိုအရာတွေက မိန်းကလေးတစ်ယောက်ကို ဖက်ရှင်ကျအောင် ပံ့ပိုးပေးနိုင်တယ်ဆိုတာ ကြည့်လိုက်ရအောင်နော်။

စီစဉ်တတ်သူ ဖြစ်ပါစေ။

အရာရာတိုင်းကို စီမံခန့်ခွဲဖို့မဖြစ်နိုင်ဘူးဆိုပေမယ့် မနက်ပိုင်းအလုပ်သွားဖို့ ဒါမှမဟုတ် ကျောင်းသွားဖို့အတွက် ဝတ်စုံတစ်စုံလောက် ကိုတော့ ညဘက်မှာအပြီး ပြင်ဆင်ထားလိုက်ပါ။ မနက်ခင်းတိုင်းကို စိတ်ဖိစီးမှုကင်းပြီး နောင်တရစရာမရှိတဲ့ဝတ်စုံပြည့်နဲ့ ဖြတ်သန်းနိုင်ဖို့အတွက်ပါ။

ဖက်ရှင်နဲ့ပတ်သတ်တဲ့ ဝက်ဆိုဘ်တွေကို follow လုပ်ထားပါ။

ကျွန်မတို့ Fist Class မီဒီယာလိုမျိုး မြန်မာအမျိုးသမီးတို့အတွက် အသုံးဝင်စေမယ့် အကြောင်းအရာတွေကိုတင်ဆက်ပေးနေတဲ့ ဝက်ဆိုဘ်တွေကို follow လုပ်ထားခြင်းဖြင့် ဖက်ရှင်နဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေကို အိမ်မှာနေရင်းနဲ့တောင် လေ့လာနေနိုင်ပါတယ်။

အချိန်အခါ၊ နေရာဒေသအလိုက် ပြင်ဆင်တတ်ပါစေ။

အပြင်သွားခါနီးတိုင်း ဘာဝတ်သွားရမလဲ ခေါင်းစားနေရတယ်ဆိုရင်တော့ ဘယ်သူနဲ့သွားတွေ့မယ်ဆိုတာကို အရင်စဉ်းစား ကြည့်လိုက်ပါ။ ပေါ့ပေါ့ပါးပါးဝတ်သွားသင့်တဲ့နေရာမျိုးကို အလွန်အကျွံကြီးပြင်ဆင်သွားတာမျိုးက သင်ကိုအမြင်ရိုင်းစေပြီး ဘယ်လိုမှဖက်ရှင်ကျတဲ့အသွင်မျိုးရရှိနိုင်တော့မှာ မဟုတ်ပါဘူး။

အနီရောင် နှုတ်ခမ်းနီ

အထာကျတဲ့မိန်းကလေးတိုင်းမှာ ကိုယ့်နှုတ်ခမ်းနဲ့လိုက်ဖက်တဲ့ အနီရောင် နှုတ်ခမ်းနီ တစ်မျိုးလောက်တော့ ရှိုကြပါတယ်။ ဘာမှမပြင်ဆင်ထားဘူးဆိုရင်တောင် အနီရောင်နှုတ်ခမ်းနီလေးဆိုးလိုက်ရုံနဲ့ သင့်မျက်နှာကိုဝင်းသွားစေနိုင်လို့ပဲ ဖြစ်ပါတယ်။

လက်ဝတ်ရတနာ

လည်ဆွဲတစ်ခုလောက်ဖြစ်ဖြစ်၊ ဒီဇိုင်းခပ်ဆန်းဆန်း နားကပ်လေးတစ်ခုလောက်ပဲ ဖြစ်ဖြစ်အဆင်ပြေပါတယ်။ ပါတီလိုနေရာမျိုးကို သွားတဲ့အခါ လက်ဝတ်ရတနာတွေအများကြီး ဝတ်ဆင်တာအကြောင်းမဟုတ်ပေမယ့် တချို့နေရာတွေမှာတော့ အရမ်းကြီးဝတ်လို့ မကောင်းတဲ့အတွက် နေရာဒေသအလိုက် ဝတ်ဆင်တတ်ဖို့သာအရေးကြီးပါတယ်။ ရိုးရိုးလေးတွေက ပိုဆန်းတတ်တယ် ဆိုတာကို လည်း မမေ့ပါနဲ့နော်။

ဒီဇိုင်းကာလာစုံ ဖိနပ်များ

မြန်မာဝတ်စုံကို ဘွတ်ဖိနပ်နဲ့ဝတ်ဖို့အဆင်မပြေပေမယ့် တချို့ဂျင်းနဲ့တီရှုပ်တွဲဝတ်တဲ့အခါမှာ ဘွတ်ဖိနပ်လေးတွေနဲ့မှ ပိုအထာကျ သွားတတ်လို့ ဒီဇိုင်းကာလာစုံဖိနပ်တွေကိုသာ ကြိုးစားစုဆောင်းထားပါ။

အတွင်းဝတ်ကောင်းကောင်းကို ရွေးချယ်ဝတ်ဆင်ပါ။

မှန်ကန်တဲ့အတွင်းဝတ်တစ်စုံမရှိပဲ ပြီးပြည်စုံတဲ့အပြင်အဆင်တစ်ခု ဘယ်လိုမှမရရှိနိုင်ဘူးဆိုတာ ပျိုမေတို့သိပြီးသားပါနော်။ ဒါကြောင့်မို့လို့ ကိုယ့်ရဲ့ခန္တာကိုယ်နဲ့ အံဝင်ခွင်ကျဖြစ်နိုင်မယ့် အတွင်းဝတ်တွေကိုသာ ရွေးချယ်ဝတ်ဆင်ရင်း နေ့ရက်တိုင်း အလှတိုးနိုင်ကြပါစေလို့ စာရေးသူက ဆန္ဒပြုလိုက်ပါတယ်နော်။

Written By Po Mo Htoo Aung

Favorite( 0
share
You can comment if you sign up from login page.