Tag
Beauty

ပျားရည်ကို အသားအရည်အတွက် ဘယ်လိုအကျိုးရှိအောင် သုံးရမလဲ။

Hsu Myat Oo | 2018/05/30 13:20:42

အစိုဓာတ်ကိုကောင်းကောင်းထိန်းပေးနိုင်တဲ့ မျက်နှာပေါင်းတင်ခြင်း။

ပျားရည်က သဘာဝအရ အစိုဓာတ်ကို ပြန်လည်ဖြည့်တင်းပေးပါတယ်။ အစိုဓာတ်ကို ပြန်လည်ဖြည့်တင်းပေးတယ် ဆိုတာကတော့ လေထုထဲမှာရှိတဲ့ အစိုဓာတ်ကို ဆွဲယူပြီး အသားအရည်ထဲကို ဖြည့်တင်းပေးခြင်းနှင့် အချိန်ချိန်တော်တ်ာကြာ ရေဓာတ်ခမ်းခြောက်နေတဲ့ လိုအပ်နေတဲ့ အရေပြားတွင်းကို ထိုးဖောက်ပြီး အစိုဓာတ်ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။



သုံးကြည့်ကြရအောင် - ပျားရည်တစ်ဇွန်းကို ယူပြီး ခြောက်သွေ့နေတဲ့ အသားအရည်ပေါ်ကို သုတ်လိမ်းပေးပါ။ ၁၅မိနစ်ကနေ မိနစ်၂၀လောက်ထိထားပေးပြီး ရေနဲ့ဆေးချပေးပါ။

ချွေးပေါက်များ သန့်စင်ဆေးအဖြစ် လုပ်ဆောင်ပေးတယ်။

ပျားရည်မှာ ရှိတဲ့အင်ဇိုင်းများက အသားအရည်ကို သန့်စင်ပေးနိုင်ပါတယ်။ ချွေးပေါက်များကို သန့်စင်ပေးပြီး သန့်သန့်ရှင်းရှင်းလေးဖြစ်နေအောင် ကူညီပေးပါတယ်။ ပျားရည်မှာရှိတဲ့ ဘတ်တီးရီးယား ကာကွယ်နိုင်တဲ့ အစွမ်းနဲ့ Jojobar (သို့) အုန်းဆီမှာရှိတဲ့ ဘတ်တီးရီးယားတွေ ဘတ်တီးရီးယားများ ပေါက်ဖွားမှုကို ကာကွယ်နိုင်တဲ့ အစွမ်းတွေက အသားအရည်ကို မညီခြင်းများ ဖြစ်စေနိုင်ပါတယ်။

သုံးကြည့်ကြရအောင် - ပျားရည် စားပွဲဇွန်း(၁)ဇွန်းနဲ့ Jojobar အဆီ (သို့) အုန်းဆီ စားပွဲဇွန်း(၂)ဇွန်းကို တသားတည်းဖြစ်အောင် ရောမွှေပေးပါ။ မျက်လုံးအနားတစ်ဝိုက်ကလွဲလို့ ခြောက်သွေ့နေတဲ့ အသားအရည်ပေါ်ကို သုတ်လိမ်းပေးပြီး စက်ဝိုင်းပုံစံ နှိပ်နယ်ပေးပါ။ ၁၀မိနစ်လောက်ထားပြီးရင်တော့ ရေနဲ့ဆေးချပေးပါ။

အရေပြားပေါ်ရှိ ဆဲလ်သေတွေကိုဖယ်ရှားပေပြီး နူးညံ့စေကာ အသားအရည်ကို စိုပြေလာစေတယ်။

ပျားရည်က အင်ဇိုင်းနှင့် ဓာတ်တိုးဆန့်ကျင်မှုကို လျော့နည်းစေတယ်။ တခြားသော အာဟာရဓာတ်တွေက အသားအရည်ကို အားဖြည့်ခြင်း၊ ရေဓာတ်ဖြည့်ပေးခြင်းနှင့် သန့်ရှင်းမှုတွေကို ပေးစွမ်းနိုင်တယ်။ မုန့်ဖုတ်ဆော်ဒါကလည်း ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ဆဲလ်အသစ်များကို ထွက်လာစေပါတယ်။

သုံးကြည့်ကြရအောင် - ပျားရည် စားပွဲဇွန်း(၂)ဇွန်းနဲ့ မုန့်ဖုတ်ဆော်ဒါ စားပွဲဇွန်း(၁)ဇွန်း ကိုရောမွှေပေးပါ။ အသားအရည်ကို ရေနဲ့အရင်ဆေးပြီး ပျားရည်အရောကို သင့်မျက်နှာပေါ်နှင့် ခန္ဓာကိုယ်ပေါ်ကို ညင်သာစွာသုတ်လိမ်းပြီး စက်ဝိုင်းပုံစံနှိပ်နယ်ပေးပါ။ ခနလောက်ထားပြီးရင်တော့ ရေဆေးချပါ။

အမာရွတ်တွေကို ပျောက်ကင်းစေပါတယ်။

ပျားရည်က အသားအရည်ကို တောက်ပစေတယ်။ ရောင်ရမ်းမှုကို လျော့ကျစေပြီး ဘတ်တီးရီးယားများကို ကာကွယ်ပေးနိုင်တဲ့ ဒြပ်ပေါင်းတွေက အမာရွတ်တွေကို ပါးသွားစေပြီး ဒဏ်ရာကိုသက်သာစေခြင်း၊ တစ်သျူးများကို ပြန်ဖြစ်လာစေခြင်း စတဲ့အကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်ပါတယ်။ ရေဓာတ်ကို ဖြည့်တင်းပေးနိုင်တဲ့ ပျားရည်ရဲ့စွမ်းရည်နဲ့ အရေပြားဆဲလ်တွေကို ပြန်လည်အားပြည့်လာစေတဲ့ အုန်းဆီ (သို့) သံလွင်ဆီတို့ကို အသားအရည်ပေါ်ကို နှိပ်နယ်ပေးရင် အသားအရည်ကို ပြန်လည်အားပြည့်လာစေပြီး ဆဲလ်များကိုလည်း အသစ်တဖန်ပြန်မွေးဖွားလာစေပါတယ်။

သုံးကြည့်ကြရအောင် - ပျားရည် စားပွဲဇွန်း(၁)ဇွန်းနဲ့ အုန်းဆီ (သို့) သံလွင်ဆီ စားပွဲဇွန်း(၁)ဇွန်းတို့ကို ရောပေးပါ။ အမာရွတ်တွေနှင့် မိမိလိုချင်တဲ့ အနားတစ်ဝိုက်ကို သုတ်လိမ်းပြီး လက်ချောင်းလေးတွေနဲ့ ၁မိနစ်၊ ၂မိနစ်လောက် နှိပ်နယ်ပေးပါ။ အသားအရည်ပေါ်ကို ရေနွေးနွေးလဲ လုပ်ထားတဲ့ တဘက်နဲ့အုပ်ပေးပြီး အေးသွားအောင်ထိထားပေးပါ။ နေ့စဉ်လုပ်ပေးနိုင်ရင်ပိုကောင်းပါတယ်။

Written By Hsu Myat Oo

Favorite( 0
share
You can comment if you sign up from login page.