Tag
Beauty

ကိုယ့်မျက်နှာအသားအရေကပြောပြနေတဲ့ ကိုယ့်ရဲ့အလေ့အထလေးတွေအကြောင်း

Ei Phoo Nge | 2018/05/23 14:32:02

မျက်နှာအသားအရေဟာ မိန်းကလေးတွေအတွက် အရမ်းကိုတန်ဖိုးထားရမယ့်အရာဆိုရင် မမှားပါဘူး။ မိတ်ကပ်တွေအများကြီးဖို့နေစရာမလိုဘဲ သဘာဝကျကျလှနေစေဖို့လိုပါတယ်။ ကဲ ဒီလိုဆိုရင် ကိုယ်မထင်မှတ်ဘဲလုပ်နေလေ့ရှိတဲ့အရာလေးတွေက ကိုယ့်အသားအရေအပေါ် ဘယ်လိုသက်ရောက်မှုရှိမလဲဆိုတာ ကြည့်လိုက်ကြရအောင်။

စားသောက်မှုပုံစံအချို့ပြောင်းလဲလိုက်မိသလား

မျက်နှာပေါ်မှာ မထင်မှတ်ဘဲ အဖုအပိန့်တွေထွက်လာတာမျိုး၊ နီရဲတဲ့ allergic လိုမျိုးတွေဖြစ်လာတာမျိုးကြုံလာရရင် အရင်ဦးဆုံး ကိုယ့်ရဲ့စားသောက်မှုပုံစံကို စစ်ဆေးကြည့်လိုက်ပါ။ ဥပမာ ကော်ဖီပလိန်းသောက်နေကျလူက ခရင်မ်ထည့်ပြီးသောက်မိတာမျိုးက အစပေါ့။ ဒီလိုအသေးအဖွဲလေးတွေကိုပါ ဂရုပြုရပါမယ်။

အမြဲလုပ်နေကျအရာကို အမြဲအဆင်ပြေနေတယ်မထင်ပါနဲ့

တစ်ခါတစ်ရံ မျက်နှာအသားအရေနဲ့ပတ်သက်ပြီး ဒါအမြဲလုပ်နေကျပဲ၊ ဘာမှမဖြစ်ခဲ့ပါဘူးဆိုပြီး မထင်မှတ်တဲ့ ကိုယ့်အလေ့အထကြောင့် အသားအရေထိခိုက်တာမျိုးရှိတတ်ပါတယ်။ ဥပမာ ဆယ်စုနှစ်များစွာ အမြဲလိုလို ညအိပ်ယာဝင်ခါနီး မျက်နှာမသစ်ဘဲ၊ မိတ်ကပ်မဖျက်ဘဲ အိပ်စက်လာခဲ့တုန်းက ဘာမှမဖြစ်ခဲ့ပေမယ့် ရုတ်တရက် ၀က်ခြံတွေထပေါက်လာတဲ့အခါ ဒီအလေ့အထကြောင့်ဖြစ်တယ်ဆိုတာ ကိုယ်က သတိပြုမိမှာမဟုတ်ပါဘူး။ ဒါကြောင့် မကောင်းတဲ့အလေ့အထကို ဘာမှမဖြစ်လို့ဆိုပြီး ဆက်မလုပ်တာ အကောင်းဆုံးပါပဲ။

မျက်နှာကိုအမြဲတို့ထိနေတာမျိုးမလုပ်ပါနဲ့

ဒါဟာ အရေးကြီးဆုံးအချက်ထဲကတစ်ချက်ပါပဲ။ အမြဲလိုလို ကိုယ့်မျက်နှာကို လက်နဲ့သွားထိနေတာမျိုး၊ ၀က်ခြံတွေကို သွားကိုင်နေတာမျိုးဟာ ကိုယ့်ကိုယ်ကိုယ် သတိမထားမိပေမယ့် တကယ်ကြီးမားတဲ့သက်ရောက်မှုကို ဖြစ်စေပါတယ်။

အသားအရေကောင်းဖို့ စနစ်ကျဖို့လည်းလိုပါတယ်

အသားအရေကောင်းချင်ရင် အသားအရေနဲ့ပတ်သက်တဲ့ ဗဟုသုတတွေကိုလည်း သိထားရမှာပါ။ နေ့အချိန်ခါဟာ ကာကွယ်လို့ရသမျှကာကွယ်ရမယ့်အချိန်ဖြစ်ပြီး ညဘက်ဟာ ပြုပြင်ကုသဖို့အကောင်းဆုံးအချိန် ဆိုတာသိထားရပါမယ်။ နေ့ဘက်နေရောင်ကြောင့် အသားအရေထဲက molecule တွေပျက်စီးစေနိုင်ပြီး ညဘက်ကတော့ အဲဒါတွေကို ပြန်ပြီးကုသနိုင်ချိန်၊ အာဟာရဖြည့်နိုင်ချိန်ပါပဲ။ ဒါကြောင့် အစက်အပြောက်တွေ၊ အရေးအကြောင်းတွေ မရှိစေဖို့ ဘယ်အချိန်မှာ ဘယ်လိုအမျိုးအစား အလှပြင်ပစ္စည်းတွေကို သုံးရမယ်၊ ဘာလုပ်ရမယ်ဆိုတာ သိကိုသိထားသင့်ပါတယ်။

Margarita Alcohol များကိုသတိပြုပါ

တစ်ချို့ Vacation ထွက်ပြီး အသားအရေပျက်စီးလာတာမျိုးကြုံဖူးမှာပါ။ အဲဒါကတော့ နေရောင်ကြောင့်ချည်းသက်သက်မဟုတ်ဘဲ နေရောင်ကလက်သင့်ခံနိုင်စွမ်းမရှိတဲ့ Margarita လို Alcohol မျိုးသောက်မိတာကြောင့်လည်းဖြစ်သွားတတ်ပါတယ်။ အဲဒီအရည်ထဲက လိမ္မော်နဲ့ သံပုရာတွေမှာအတွေ့များတဲ့ Organic compound တစ်မျိုးကြောင့်ပါပဲ။ နေရောင်ကိုထိတွေ့နေတဲ့ အသားအရေအတွက် ထိခိုက်သွားစေပါတယ်။

သွားဖုံးနဲ့သွားတွေကလည်း ဆက်စပ်မှုရှိနေပါတယ်

အသားအရေဟာ သန်စွမ်းကောင်းမွန်တဲ့အရိုးလိုပါတယ်။ မျက်နှာကိုအဓိကထောက်ပံ့ပေးထားတဲ့ ဖွဲ့စည်းပုံမေးရိုး၊ သွားဖုံးတွေနဲ့ သွားတွေဟာလည်း မျက်နှာအသားအရေကို ထောက်ကူပေးပါတယ်။ ဒါကြောင့် သွားတွေခိုင်ခံ့ဖို့၊ သွားဖုံးတွေကျန်းမာဖို့ တစ်နှစ်မှာ နှစ်ကြိမ်လောက် သွားကျန်းမာရေး စစ်ဆေးဖို့ အကြံပေးပါရစေ။

တိမ်ထူနေ့ဖြစ်နေရင်တောင် Sunscreen ကိုဆောင်ပါ

နေပူမှ၊ နွေရာသီမှ နေရောင်ကာ lotion တွေကိုလိမ်းမယ်ဆိုတဲ့အကျင့်ကိုဖျောက်ပစ်ပါ။ နေ့ဘက်မှာ အလင်းရောင်ထိပြီဆိုကတည်းက တိမ်တွေထူနေပါစေ၊ အပြင်ထွက်ရင် Sunscreen လိမ်းဖို့ မမေ့ပါနဲ့။ ခုလို အမြဲပူလောင်နေတဲ့ ရာသီဥတုအတွက်ကိုတော့ ပြောနေစရာမလိုလောက်တော့ပါဘူး။

အိမ်ထောင်ရေးသုခကပေးတဲ့သက်ရောက်မှု

ဒီအချက်ကတော့ အိမ်ထောင်ရှင်အမျိုးသမီးတွေအတွက် ပိုမိုသက်ရောက်မှုရှိပါတယ်။ မိမိအိမ်ထောင်ဘက်နဲ့ အိမ်ထောင်ရေးသုခကို ပုံမှန်အရေအတွက်ထက်ပိုပြီး အသုံးချဆက်ဆံခြင်းဟာ မျက်နှာအသားအရေကို ထောက်ပံ့ပေးနိုင်ပါတယ်။ ဒီလိုအကြိမ်ရေတိုးနေထိုင်ခြင်းဖြင့် အမျိုးသမီးတွေအတွက်အရေးပါတဲ့ estrogen ဟော်မုန်းဟာ အသားအရေကိုအထောက်အပံ့ပေးပါတယ်။ အသားအရေနဲ့အရိုးထဲက ပရိုတိန်းဓါတ်တစ်မျိုးဖြစ်တဲ့ collagen ထုတ်လုပ်မှုကိုတိုးမြှင့်ပေးခြင်း၊ ရေဓါတ်တိုးမြှင့်ပေးခြင်းဖြင့် Sex ကိစ္စဟာလည်း မျက်နှာအသားအရေအတွက် တစ်ခန်းတစ်ကဏ္ဍ အရေးပါကြောင်း မျှဝေပေးပါရစေ။

Written By Ei Phoo Nge

Favorite( 0
share
You can comment if you sign up from login page.