Tag
Fashion

ဒီနှစ်အတွင်း ဘယ်ဖိနပ်အမျိုးအစားတွေက အမျိုးသမီးတွေကို ဆွဲဆောင်နေမှာလဲ

Ei Phoo Nge | 2018/05/30 15:50:26

ကိုယ့်ဖက်ရှင်ကို ပြောင်းလဲသွားစေနိုင်တဲ့ ၀တ်ဆင်မှုတွေထဲမှာ ဖိနပ်ရွေးချယ်မှုကလည်း အဓိကကျလှပါတယ်။ ခေတ်နဲ့အညီဝတ်စားဆင်ယင်လာကြတဲ့ ပျိုမေလေးတွေအတွက် ဒီနှစ်မှာ အစီးများလာကြတဲ့၊ ခေတ်စားနေတဲ့ ဖိနပ်လေးတွေက ဘာတွေဖြစ်မလဲ။ အရင်နှစ်တွေတုန်းကနဲ့မတူတော့ဘဲ ဘယ်ဖိနပ် trend တွေက ပျိုမေတို့ကို ဆွဲဆောင်လာနေပြီလဲ။ ကြည့်လိုက်ကြရအောင်။

ထိပ်ပိတ်ဖိနပ်အပါးလေးတွေ (Flat Mules)

ခုနောက်ပိုင်းအရမ်းခေတ်စားလာတဲ့ ဖိနပ်အမျိုးအစားပါပဲ။ အရင်တုန်းက ဒေါက်မြင့်ဖိနပ်တွေကမှ ကြွရွလန်းဆန်းပြီး ကိုယ့်ကိုယ့်ကိုယ် ယုံကြည်မှုရှိစေပါတယ်လို့ ဘယ်လိုပဲဆိုဆို ခုနောက်ပိုင်း ဒီဇိုင်းအသွင်ဆန်းလှတဲ့ ဖိနပ်ပါးတွေက တဖြည်းဖြည်းနေရာယူလာတဲ့အထဲမှာ ဒီ Flat Muels တွေကတော့ ထိပ်ဆုံးကရပ်တည်နေပါတယ်။ အဲဒီ Flat Mules တွေကိုတော့ Cute ဖြစ်တဲ့ဖက်ရှင်မျိုးထက် ခပ်ရင့်ရင့် ခပ်မိုက်မိုက် ဖက်ရှင်စတိုင်မျိုးနဲ့ တွဲဖက်ဝတ်ဆင်မယ်ဆိုရင် ပိုလိုက်ဖက်ပါတယ်။

ဘွတ်ဖိနပ်တွေ (Boots)

မိန်းကလေးတွေ ဒီနှစ်အတွင်း လုံးဝကို try သင့်တဲ့ ဖိနပ်အမျိုးအစားကတော့ ဘွတ်ဖိနပ်တွေပါပဲ။ ၂၀၁၆ နှောင်းပိုင်းလောက်ကနေ ပြည်တွင်းမှာ အစီးများလာကြတဲ့ ဖိနပ်လို့ပြောလို့ရသလို ဒီနှစ်အတွင်း ပိုပြီးတော့ ခေတ်စားလာပါလိမ့်မယ်။ ဆောင်းရာသီလို ရာသီမျိုးအတွက် အရမ်းကိုသင့်တော်တဲ့ဖိနပ်ဖြစ်သလို အေးချမ်းတဲ့နေရာတွေကို သွားတဲ့အခါလည်း စတိုင်ကျကျလန်းနိုင်စေတဲ့ဖိနပ်မို့ အမြန်ဆုံးပြေးဝယ်ထားတာ လုံးဝမမှားပါဘူး။

ဖဲပွင့်အကြီးပါ အားကစားဖိနပ်လေးတွေ (Oversized Bows Sneakers)

လူငယ်မိန်းကလေးတွေအစီးများလာကြတဲ့ Cute ပုံစံ Sneakers လေးတွေဟာလည်း ဒီနှစ်အတွင်း ဒီဇိုင်းမျိုးစုံနဲ့ ခေတ်စားလာနေဦးမှာပါ။ ဒီအထဲမှာမှ Flat Sneakers လေးတွေပေါ်မှာ ဖဲပွင့်အကြီးတွေနဲ့ တန်ဆာဆင်ထားတဲ့ Sneakers လေးတွေက ရောင်းအားပိုသွက်လာမှာဖြစ်သလို လူငယ်မိန်းကလေးတွေရဲ့ သည်းသည်းလှုပ် ရွေးချယ်ခြင်းကိုခံရမှာအသေချာပါပဲ။

တစ်ပြေးညီကြိုးသိုင်းဒေါက်ဖိနပ် (Platform Sandals)

ဒေါက်ချွန်တွေခေတ်မဟုတ်တော့ဘဲ ခပ်ထူထူတစ်ပြေးညီဖိနပ်တွေကို အစီးများလာကြတဲ့နောက်ပိုင်း ၂၀၀၀ ခုနှစ်ဝန်းကျင်တုန်းက အရမ်းခေတ်စားခဲ့တဲ့ တစ်ပြေးညီကြိုးသိုင်းဒေါက်ဖိနပ်တွေဟာလည်း ခုပြန်လည် ခေတ်စားလာပါပြီ။ ကြိုးသိုင်းဖိနပ်တွေကိုမှ ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ မိန်းကလေးတွေအတွက် Platform Sandals တွေဟာ ဒီနှစ်အတွက် ရွေးချယ်ဖို့ ခေတ်စားလာတဲ့ ဖိနပ်ဖြစ်လို့နေပါပြီ။

ဒေါက်နိမ့်ဖိနပ် (Kitten Heels)

နောက်ဆုံးမျှဝေပေးချင်တဲ့ဖိနပ်ကတော့ Kitten Heels လို့လူသိများကြတဲ့ ဒေါက်နိမ့်ဖိနပ်တွေပါပဲ။ 2017 နှစ်ကုန်ပိုင်း ဖက်ရှင်ရှိုးတွေမှာ အစီးများခဲ့တဲ့ဖိနပ်လို့ ပြောရမှာပါ။ အမြဲလိုလို 3.5 cm ကနေ 4.75 cm အထိပဲ ဒေါက်အမြင့်ရှိတဲ့ ဒီဖိနပ်လေးတွေဟာ ကျစ်လျစ်သွယ်လျလှပါတယ်။ ဒေါက်အရမ်းမမြင့်တာမို့ ဒေါက်စီးဖို့ စကြိုးစားချင်တဲ့ မိန်းကလေးတွေအတွက်လည်း အတော်ပါပဲ။ ဒီဖိနပ်တွေဟာ ဒေါက်မြင့်တွေသိပ်ခေတ်မထတော့တဲ့ဒီအချိန်မှာ မျက်စိကျစရာ ဖိနပ်အမျိုးအစားတစ်ခုဖြစ်လို့နေပါတယ်။ ဆွဲဆောင်မှုရှိတဲ့အသွင်ဆောင်စေဖို့ ဒီနှစ်အတွင်း Kitten Heels တွေက နေရာယူလာနေပါပြီ။

Written By Ei Phoo Nge

Favorite( 0
share
You can comment if you sign up from login page.