Tag
Fashion

ခရီးသွားတဲ့အခါ လေယာဉ်ပေါ်မှာ မ၀တ်ဆင်သင့်တဲ့အရာများ

Ei Phoo Nge | 2018/05/24 14:07:49

လူတိုင်းမှာ ကိုယ်ပိုင်စတိုင်တစ်မျိုးစီရှိကြပါတယ်။ အဲဒီအတွက်လည်း ကိုယ်ခရီးသွားတာမျိုးတွေမှာ အကောင်းဆုံးပြင်ဆင်သွားကြတာ ဓမ္မတာပါပဲ။ ဒါပေမယ့် ခရီးသွားတဲ့အခါ လေယာဉ်စီးမယ်ဆိုရင် ကိုယ်ကဘယ်လောက်ပဲပြင်ဆင်ပြီး ဆန်းဆန်းပြားပြားတွေဝတ်ချင်ပေမယ့် အဆင်မပြေတာလေးတွေ ရှိပါလိမ့်မယ်။ ကိုယ်စီးရမယ့်လေယာဉ်ရဲ့အနေအထား၊ သွားရမယ့်အချိန်အတိုင်းအတာ၊ သွားရမယ့်နေရာနဲ့ ရာသီဥတုတွေကိုကြည့်ပြီးလည်း ကိုယ်ဝတ်ဆင်သွားမယ့် အ၀တ်အစားကို ချင့်ချိန်ရမှာပါ။ ဒါကြောင့် လေယာဉ်စီးမယ်ဆို ဘယ်လိုအ၀တ်အစားမျိုးတွေ၊ ဘယ်အရာတွေက သင့်ကို စိတ်အနှောင့်အယှက်ပေးနိုင်လဲ မျှဝေပေးပါရစေ။

ရှုပ်ထွေးတဲ့အ၀တ်အစားအသုံးအဆောင်များ

ရှုပ်ထွေးတဲ့အ၀တ်အစားလို့ဆိုရာမှာ Jumpsuits တွေကတော့ လေယာဉ်စီးဖို့ အတော့်ကို မသင့်တော်တဲ့အ၀တ်အစားမျိုးတွေပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ လေယာဉ်ရဲ့ကျဉ်းမြောင်းတဲ့ Bathrooms ထဲကိုသွားတဲ့အခါမျိုးမှာ ချွတ်ရပြုရ တကယ်ခက်ခဲလှပါတယ်။ အ၀တ်အစားတွေမှာ Accessories တွေပါတာများနေရင်၊ လက်ဝတ်လက်စားတွေများများဝတ်ထားရင်လည်း ကိုယ့်အတွက် သက်တောင့်သက်သာဖြစ်ဖို့ မသေချာတော့ပါဘူး။ ပြီးတော့ အရမ်းတိုလွန်းတဲ့စကတ်တွေ၊ ဂါဝန်တွေဟာလည်း လေယာဉ်စီးဖို့ လုံးဝမသင့်တော်ပါဘူး။ လောယာဉ်ပေါ်က ဆင်းရတဲ့အခါမျိုးတွေမှာနဲ့ လူတွေနားဖြတ်လျှောက်ရတဲ့အခါ အနေရအထိုင်ရခက်စေပါတယ်။

ယားယံစေတဲ့အ၀တ်အထည်များ

ယားယံစေတဲ့အ၀တ်အထည်တွေဟာလည်း လေယာဉ်ပေါ်မှာ အဆင်ပြေစေမှာမဟုတ်ပါဘူး။ ချည်ထည်နဲ့လုပ်ထားတာမျိုးမဟုတ်တဲ့ သိုးမွှေးဆွယ်တာမျိုးတွေ၊ အမွှေးတွေပါတဲ့အ၀တ်အထည်မျိုးတွေ၊ အသားအရည်ကိုစူးရှရှဖြစ်စေတဲ့ အ၀တ်အထည်မျိုးတွေဟာ လေယာဉ်စီးတဲ့အခါ မသင့်တော်ပါဘူး။ ဘာလို့လဲဆိုတော့ လေယာဉ်ရဲ့အပူချိန်အတက်အကျဟာ မမှန်နိုင်တဲ့အတွက် ၀တ်စားထားတဲ့ အ၀တ်အထည်ကြောင့် ပူလိုက်အေးလိုက်ဖြစ်စေသလို အသားအရေကိုလည်း ထိခိုက်စေပါတယ်။

သက်တောင့်သက်သာမဖြစ်စေတဲ့ ဖိနပ်များ

လေယာဉ်စီးဖို့ ဖိနပ်ရွေးချယ်ရာမှာလည်း ဒေါက်မြင့်ဖိနပ်တွေကို မရွေးချယ်ဖို့ အကြံပေးပါရစေ။ ကိုယ့်ကိုယ် သက်တောင့်သက်သာမဖြစ်စေပါဘူး။ လေယာဉ်ပေါ်မှာ လမ်းလျှောက်ရတဲ့အခါ လေယာဉ်ပေါ်ကဆင်းရတဲ့အခါ၊ ဂိတ်ကိုလမ်းလျှောက်သွားရတဲ့အခါ၊ ဒီလိုအခါမျိုးတွေမှာ ပုံမှန်စီးနေကျ ဖက်ရှင်ကျလှပတဲ့ ဒေါက်ဖိနပ်တွေထက် ကိုယ့်ကိုသက်တောင့်သက်သာဖြစ်စေမယ့် Sneakers လေးတွေ၊ ဖိနပ်ပါးတွေက Safe ဖြစ်စေမှာအသေချာပါပဲ။

ရေမွှေးများများဆွတ်တတ်ခြင်း

ဒါကလည်း အရေးကြီးတဲ့အချက်ပါပဲ။ ပုံမှန်အချိန် ကိုယ့်ကိုယ်ကိုယ် မွှေးပျံ့လန်းဆန်းနေစေဖို့ ရေမွှေးများများဆွတ်ခြင်းဟာ ဘာမှအရေးမကြီးလောက်ပေမယ့် ဒီလိုခရီးသွားတဲ့အချိန် အထူးသဖြင့် ကားစီးသလိုမပေါ့ပါး မလွတ်လပ်တဲ့ လေယာဉ်ခရီးစဉ်မှာ အရေးပါလာပါတယ်။ ဒါကြောင့် ရေမွှေးများများ ဆွတ်တတ်တဲ့အကျင့်ရှိရင် လေယာဉ်စီးတဲ့အခါ ကိုယ်နဲ့အတူလိုက်ပါမယ့် ခရီးသည်တွေအတွက် စဉ်းစားပြီး ရနံ့သင်းရုံလေးပဲ ဆွတ်သွားပါ။ ကိုယ့်ကိုယ်ကိုယ် အများအတွက်မစဉ်းစားတတ်တဲ့ ခရီးသွားတစ်ဦး ဖြစ်မသွားပါစေနဲ့။

Dress Code ကိုစစ်ဆေးသွားပါ

နိုင်ငံတကာလေကြောင်းလိုင်းနဲ့ လေယာဉ်စီးမယ်ဆိုရင် ရွေးချယ်မယ့်အ၀တ်အစားအတွက် အကောင်းဆုံးကတော့ ကိုယ်သွားမယ့်လေကြောင်းလိုင်းရဲ့ Website မှာ သွားကြည့်ပြီး Dress Code စစ်တာပါပဲ။ ကိုယ့်အတွက် အကောင်းဆုံးပြင်ဆင်သွားနိုင်ဖို့ နည်းလမ်းကောင်းဖြစ်ပါလိမ့်မယ်။ တစ်ချို့နိုင်ငံတကာလေကြောင်းလိုင်းတွေမှာ သွားရမယ့်ခရီးရဲ့ရာသီဥတု၊ သွားရမယ့်နိုင်ငံရဲ့ ယဉ်ကျေးမှုအနေအထား စသဖြင့် ကန့်သတ်ချက်တွေရှိတာကြောင့် ခရီးသည်ရဲ့ဝတ်စားလာမှုအပေါ်မူတည်ပြီး Dress Code စစ်ဆေးနိုင်အောင် လုပ်ပေးထားတတ်ပါတယ်။

Written By Ei Phoo Nge

Favorite( 0
share
You can comment if you sign up from login page.