Tag
Beauty

သဘာဝအတိုင်း အသားဖြူလာအောင် ၇ရက်အတွင်း ဘယ်လိုလုပ်ရမလဲ

Dr.Yin Linn Thit | 2018/05/17 15:21:11

အားလုံးပဲ မင်္ဂလာပါရှင်!

ဒီတစ်ခါမှာတော့ သဘာဝအတိုင်း အသားဖြူလာအောင် ၇ရက်အတွင်း ဘယ်လိုလုပ်ရမလဲ ဆိုတာကို ပြောပြမယ်နော်

ပန်းသီး ခရင်မ်

- ပါးပါးလှီးထားတဲ့ ပန်းသီးလေးတွေကို နွားနို့ထဲမှာ မိနစ် ၂၀ကြာ စိမ်ထားပါ။



- ပြီးရင်တော့ ပန်းသီးနဲ့ နွားနို့ကို blender ထဲမှာ ပျစ်ပျစ်လေး ဖြစ်သွားတဲ့အထိ ကြိတ်ပေးပ



- ပန်းသီးနဲ့ နွားနို့ ခရင်မ်ကို ရေခဲသေတ္တာထဲမှာ ၁၀ မိနစ်ထားပြီးတဲ့အခါ မျက်နှာပေါ်မှာ ထူထူလေး လူးပေးပါ။



- ၁၅ မိနစ်ကြာရင်တော့ ရေအေးအေးလေးနဲ့ ဆေးလို့ရပါပြီ။



- တပါတ်တိတိ အသုံးပြုပြီးတဲ့အခါ ပန်းသီးမှာ ပါဝင်တဲ့ AHA နဲ့ နွားနို့မှာ ပါဝင်တဲ့ protein က သင့်ရဲ့ မျက်နှာကို ကလေးတစ်ယောက်ရဲ့ အသားအရေလို နူးညံ့သွားစေပြီး ဖြူဝင်းလာစေမှာ အသေအချာပါ။

ခရမ်းချဉ်သီးရည်

- မှည့်နေတဲ့ ခရမ်းချဉ်သီး တစ်ဝက်ကို ဇွန်းနဲ့ ချေပေးပါ။



- ပြီးရင်တော့ ပျားရည် လက်ဖက်စားဇွန်းတစ်ဇွန်းနဲ့ ရောပြီး မျက်နှာနဲ့ လည်ပင်းကို ဖြည်းညင်းစွာ နှိပ်နယ်၍ လူးပေးပါ။



- ၅ မိနစ်လောက် နှိပ်နယ်ပြီးတဲ့အခါ ရေအေးအေးနဲ့ ဆေးချပေးပါ။



- တပါတ်ကြာတဲ့အခါ မျက်နှာပေါ်မှာ ရှိနေတဲ့ အမည်းစက်တွေ သိသိသာသာ လျော့ပါးသွားပြီး ဖြူဝင်းလာတဲ့ အသားအရေကို ပိုင်ဆိုင်ရမှာပါ။

သင်္ဘောသီးနဲ့ သခွားသီး ခရင်မ်

- ပါးပါးလှီးထားတဲ့ သင်္ဘောသီးနဲ့ သခွားသီးကို ဆတူ ရောပြီး blender နဲ့ကြိတ်ပါ။



- ပြီးရင်တော့ နို့မလိုင် လက်ဖက်စားဇွန်းတစ်ဇွန်းစာနဲ့ ရောပြီး မျက်နှာနဲ့ လည်ပင်းပေါ် သုတ်လိမ်းပေးပါ။



- မိနစ် ၂၀ ကြာတဲ့အခါ ရေအေးအေးနဲ့ ဆေးချပေးပါ။



- သင်္ဘောသီး| သခွားသီးနဲ့ နို့မလိုင်မှာ ပါဝင်တဲ့ အသားဖြူစေတဲ့ enzyme တွေ| vitamins တွေနဲ့ အစွမ်းထက်လှတဲ့ antioxidants တွေက အသားအရေကို ဖြူဝင်းစေပြီး collagen ထုတ်လုပ်မှုကို အားကောင်းစေပါတယ်။ ဒါ့အပြင် အမည်းစက်တွေကို ဖယ်ရှားပေးပြီး အသားအရောင်တွေကို ညီညာစေတာကြောင့် တပါတ်အတွင်း ပြစ်မျိုးမှဲ့မထင်တဲ့ အသားအရေကို ရှိစေမှာ ဖြစ်ပါတယ်။

စတော်ဘယ်ရီ scrub

- မှည့်နေတဲ့ စတော်ဘယ်ရီ တစ်လုံးကို ချေပါ။



- သကြား လက်ဖက်စားဇွန်းတစ်ဇွန်းနဲ့ ပျားရည် လက်ဖက်စားဇွန်း တစ်ဇွန်း ရောထည့်ပါ။



- သမအောင် မွှေပြီးတဲ့အခါ မျက်နှာနဲ့ လည်ပင်းပေါ်မှာ ၃ မိနစ်ခန့် နှိပ်နယ် ပွတ်တိုက်ပေးပါ။



- ရေအေးအေးနဲ့ ဆေးချပြီးနောက် သဘာဝအတိုင်း ဖြူဝင်းတောက်ပနေတဲ့ အသားအရေကို တွေ့ရှိရမှာပါရှင်။

ဆန်မှုန့်| ငှက်ပျောသီး နဲ့ နို့ရည် Mask

- ငှက်ပျောသီး အမှည့်တစ်လုံးကို ကြိတ်ချေပြီး ဆန်မှုန့် လက်ဖက်စားဇွန်း ၂ဇွန်း | နွားနို့ လက်ဖက်စားဇွန်း ၄ဇွန်း နဲ့ သမအောင် ရောမွှေပါ။



- မျက်နှာနဲ့ လည်ပင်းပေါ်မှာ ခပ်ထူထူလူးထားပြီး ၁၅ မိနစ်ကြာတဲ့အခါ ရေအေးနဲ့ ဆေးချပေးပါ။



- တပါတ်တိတိ ကြာတဲ့အခါ အရေးအကြောင်းတွေ သိသိသာသာလျော့ပါးသွားခြင်း| အမည်းစက်တွေနဲ့ ဝက်ခြံကြောင့် ဖြစ်တဲ့ အမာရွတ်တွေ ပျောက်သွားခြင်း တို့နဲ့ အတူ ကြည်လင်ဖြူဝင်းတဲ့ အသားအရေကို ပိုင်ဆိုင်ရမှာ ဖြစ်ပါတယ်ရှင်



ကဲ! ဒီနည်းလေးတွေသုံးပြီး သဘာဝအတိုင်း ဖြူဝင်းလှပနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်

မေတ္တာဖြင့် Dr.ရင်လင်းသစ်

Favorite( 0
share
You can comment if you sign up from login page.